မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် (၂၇) ကြိမ်မြောက်
ဆီးဂိမ်းစ်အားကစားပွဲတော်ရက် အတွင်း လုံခြုံမှု ရှိစေရန် စစ်သင်္ဘော
ငါးစင်းနှင့် ဝေဟင် လုံခြုံရေးဆောင်ရွက်ရန် တိုက်လေယာဉ်များဖြင့် ကင်းလှည့်
ဆောင်ရွက်နေကြောင်း (၂၇)ကြိမ်မြောက် ဆီးဂိမ်းစ်
အားကစားပွဲတော်လုံခြုံရေးဆပ်ကော်မတီမှ ရုံးအဖွဲ့မှူး
ရဲမှူးကြီးအောင်မြတ်မိုးက ဒီဇင်ဘာ ၁၁ ရက်က ပြောကြားသည်။
ယင်းကဲ့သို့ ရေကြောင်းလမ်းနှင့် လေကြောင်းပရိဝုဏ် လုံခြုံမှုရှိစေရန်
စစ်သင်္ဘောနှင့် တိုက်လေယာဉ် များဖြင့် ကင်းလှည့် ဆောင်ရွက်နေသည့်အပြင်
ရေကြောင်းရဲတပ်ဖွဲ့မှလည်း ရေယာဉ်ငယ်လေးစင်းဖြင့် ပူးပေါင်း ဆောင်
ရွက်နေကြောင်း သိရသည်။
" ဆီးဂိမ်းပြိုင်ပွဲ လုံခြုံအေးချမ်းမှုရှိပြီးတော့ ပြီးဆုံးသွားဖို့အတွက်
ပင်လယ်ဝမှာ စစ်သင်္ဘော တစ်စင်း၊ ငွေဆောင်ကမ်းခြေအနီးမှာ စစ်သင်္ဘောလေးစင်းနဲ့
ကင်းလှည့်နေ တယ်။ ဝေဟင်လုံခြုံမှု ရှိစေဖို့ အတွက်လည်း တိုက်လေ ယာဉ်တွေနဲ့
ကင်းလှည့် ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ နယ်စပ်တွေကို
ဝင်ရောက်လာနိုင်တဲ့ ဂိတ်ပေါက်တွေအပြင် မြို့ဝင်မြို့ထွက် ဂိတ်တွေမှာလည်း
လုံခြုံရေး အထူးတင်းကျပ်ထားပြီးတော့ စစ်ဆေးနေပါတယ်။ ပြည်သူတွေအနေနဲ့
တစ်စုံတစ်ရာ မသင်္ကာမှုတွေ့ရှိခဲ့ရင် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို
အမြန်ဆုံးအကြောင်းကြားပြီးတော့ ပူးပေါင်း ဆောင်ရွက်ပေးပါလို့ မေတ္တာ
ရပ်ခံပါတယ် " ဟု (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်အားကစားပွဲတော်
လုံခြုံရေးဆပ်ကော်မတီမှ ရုံးအဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုး က
ပြောကြားသည်။
ယခု ကျင်းပနေသည့် ဆီးဂိမ်းပြိုင်ပွဲတွင် လုံခြုံရေးဆောင်ရွက်ရာတွင်
အသုံးပြုရန် တရုတ်၊ စင်ကာပူ၊ ဂျပန်နိုင်ငံနှင့် အခြားနိုင်ငံတို့မှ
ငွေကျပ်သန်းပေါင်း ၃၀၀၀ ကျော် တန်ဖိုးရှိ အဆင့်မြင့် စစ်ဆေးကိရိယာ များကို
ဝယ်ယူခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်ရုံးမှ သိရသည်။







0 comments:
Post a Comment