Monday, December 16, 2013

လွှတ်တော်လမ်းကြောင်းကနေ ကြိုးစားလို့မအောင်မြင်ရင် တခြားနည်းလမ်းကို ချပြမယ်ဆိုတဲ့စကားကလည်း နိုင်ငံနဲ့လူထုအတွက် အလွန်မတန်မှ အန္တရာယ်ကြီးမားလှပါတယ်



ဖွဲ့စည်းပုံပြင်မှ အတိုက်အခံပါတီများ အာဏာရနိုင်တယ်ဆိုတာ
မဟုတ်တဲ့အကြောင်း တော်တော်များများလည်းပြောပြီးကြပါပြီ။

အတိုက်အခံ အာဏာရမှာ အစိုးရဖွဲ့မှာ ကြောက်လို့ ပြင်မပေးဘူးဆိုရင်လည်း
တော်တော်လွဲမှားတဲ့ စွပ်စွဲချက်ဖြစ်ပါလိမ့်မယ်။
ဘယ်လောက်လွဲမလဲဆိုရင် တက်တက်စင်အောင်လွဲပါတယ်။

သမ္မတရွေးချယ်တင်မြှောက်ရေး ပါဝါရှိတဲ့ လွှတ်တော်များက
၅၁ ရာခိုင်နှုန်းထောက်ခံတဲ့သူ ဘယ်သူမဆို နိုင်ငံတော်သမ္မတရာထူး ရယူနိုင်ပါတယ်။
အစိုးရဖွဲ့နိုင်ပါတယ်။ 

လောလောဆယ် ဒေါ်စုလှမ်းတဲ့ ခြေလှမ်းက ၂၀၁၀ တုန်းက အမှားမျိုး ထပ်ကျော့ဖို့ဦးတည်နေတယ်ဆိုတာ စေတနာသတိပေးပါရစေ။
၂၀၀၈ အခြေခံဥပဒေမပြင်လို့ ရွေးကောက်ပွဲမဝင်ရင် အကြီးအကျယ်
ဆုံးရှုံးနစ်နာမှာဖြစ်ပါတယ်။၂၀၁၀မှာ ဒေါ်စုဝင်ပြိုင်ခဲ့ရင် အခုလွှတ်တော်ရဲ့ပါဝါ အထိန်းအညှိက အများကြီး ကွာခြားမှာဖြစ်သလို ပြင်ဆင်ရေးကြိုးပမ်းမှုကလည်းအခုထက်ထိရောက်မှာဖြစ်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲဝင်ရင်လည်း ပြင်ဆင်ရေးကိစ္စ လုပ်ဖို့ ပိုလွယ်မှာဖြစ်ပါတယ်။

လူထုခေါင်းဆောင်ဆိုတာ statesman ဖြစ်ပါတယ်။ သမ္မတရာထူးထက် အဆများစွာ
တန်ဖိုးမြင့်မားတဲ့ status ဖြစ်ပါကြောင်း ပြောပါရစေ။

လက်ရှိသမ္မတကို နာမည်ထုတ်မပြောရုံတမည် ဦးတည်ပြောဆိုနေမှုများကလည်း
လွဲချော်နေပါတယ်။ လွှတ်တော်လမ်းကြောင်းကနေ ကြိုးစားလို့မအောင်မြင်ရင် တခြားနည်းလမ်းကို ချပြမယ်ဆိုတဲ့စကားကလည်း 
နိုင်ငံနဲ့လူထုအတွက် အလွန်မတန်မှ အန္တရာယ်ကြီးမားလှတဲ့အပြင်
အမျိုးသားပြန်လည်ရင်ကြားစေ့ရေးမူနဲ့လည်း လွဲချော်နေပါတယ်။
ဒေါ်စုကိုအမှန်တစ်ကယ် တန်ဖိုးထားတဲ့ သူအားလုံးက
ထောက်ပြပြောဆိုသင့်ပါတယ်ခင်ဗျာ။ 
အမေစုကို အလွန်တရာ 
ချစ်ခင်မြတ်နိုးတန်ဖိုးထားကြတယ်ဆိုရင်
ချောက်ထဲကျမယ့်အဖြစ်မျိုးကနေလည် 
ကာကွယ်တားဆီးပေးကြဖို့လိုအပ်ပါကြောင်း ။ ။

0 comments:

Post a Comment

 
Twitter Bird Gadget