Friday, December 20, 2013

ကွမ်းလုံမြို့အနီးမှာ ဗုံးပေါက်ကွဲ


ကွမ်းလုံမြို့အနီးမှာ ဗုံးပေါက်ကွဲခဲ့ပြီး ရဲတပ်ဖွဲ့ရဲ့ ခန့်မှန်းချက်အရ ချိန်ကိုက်ဗုံး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

လေးလုံး ထိုးစက် တပ်ထားတဲ့ ထော်လာဂျီ ကားထဲမှာ ဗုံးပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

ဗုံးက ပြင်းထန်တဲ့အတွက် ဆိုင်ကယ်နဲ့ ဖြတ်သွားတဲ့ စစ်သားတစ်ယာက် သေဆုံးပြီး လမ်းပြင်စက်မောင်းတဲ့ အမျိုးသား နှစ်ယာက် လည်း သေဆုံးသလို နောက်နှစ်ယာက်လည်း ဒဏ်ရာရ သွားတယ်လို့ ကွမ်းလုံ ရဲစခန်းက အတည်ပြု ပြောပါတယ်။

ထော်လာဂျီ မောင်းသမား ကိုကို ဆိုသူနဲ့ အမျိုးသမီး တစ်ယောက်ကတော့ အစအနတွေဖြစ်ပြီး အဝေးကို လွင့်စင်သွားတယ်လို့ ဆိုပါတယ်။

ဒီကနေ့မှာ အစအနတွေ ပြန်တွေ့လို့ သေဆုံးသူ ၅ ယောက် ဖြစ်ကြောင်း သိရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဗုံးပေါက်ကွဲတဲ့ ထော်လာဂျီက သံလွင်မြစ် အနောက်ဘက်ခြမ်းကနေ တံတားကို ဖြတ်လာပြီး ကွမ်းလုံမြို့ကို အလာမှာ ပေါက်ကွဲတာ ဖြစ်တယ်လို့ ဗုံးပေါက်ကွဲတဲ့နေရာကို သွားကြည့်ခဲ့သူ တစ်ယောက်က ပြောပြပါတယ်။

ထော်လာဂျီမှာ တပ်ဆင်ထားတဲ့ နံပါတ်ဟာ နံပါတ်အတု ဖြစ်တဲ့အတွက် လက်သည် တရားခံကိုလည်း မဖော်ထုတ်နိုင်သေးဘူးလို့ ဆိုပါတယ်။

အခုပေါက်ကွဲမှုဟာ တံတားကို ဖောက်ခွဲဖို့ ရည်ရွယ်ပုံရတယ်လို့ ရဲက ယူဆထားပါတယ်။

ဘယ်သူတွေရဲ့ လက်ချက်ဖြစ်တာကို ဆက်လက်စုံစမ်းနေတယ်လို့ လုံခြုံရေးနဲ့ ထောက်လှမ်းရေးဌာနက ဒုတိယရဲမှူးကြီး မင်းအောင်က ပြောပါတယ်

0 comments:

Post a Comment

 
Twitter Bird Gadget