Sunday, December 8, 2013

မြန်မာ့လက်ရှိနိုင်ငံရေးအပြောင်းအလဲ တပ်မတော်ကစတင်ခဲ့သည်ဟု အမေရိကန်အရာရှိဆို


အမေရိကန် သမ္မတအိုဘားမား၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မြန်မာ့တပ်မတော်ကို လူ့အခွင့်အရေး ဆိုင်ရာလေ့ကျင့်မှုများ တိုးမြှင့် ပြုလုပ်ပေးရန် စီစဉ်နေသည်ဟုပြောကြားခဲ့ကြောင်း အေအက်ဖ်ပီ သတင်းဌာနကယနေ့ဖော်ပြသည်။  (ပင်တ ဂွန်)မှ အဆင့်မြင့်အရာရှိတစ်ဦးဖြစ်သော ဗီခရမ်ဆင်းမ်က မြန်မာ့တပ် မတော်ကိုပေးအပ်ရန်စီစဉ်ထားသည့် အစီအစဉ်များကို အမေရိကန် အောက်လွှတ်တော်ကော်မတီသို့ ရှင်းလင်းတင်ပြခဲ့ရာတွင် ''မြန်မာ့ လက်ရှိနိုင်ငံရေးအပြောင်းအလဲဟာ မြန်မာ့တပ်မတော်ကနေ စတင်ခဲ့ တာပါ။ ဒါကြောင့် မြန်မာ့တပ်မတော်ကို အလေးထားရပါလိမ့် မယ်။ မြန်မာ့တပ်မတော် ကို ခေတ်မီပြီး ပရော်ဖက်ရှင်နယ်ဆန်တဲ့ တပ်မတော် ဖြစ်လာအောင်ဆောင်ရွက်ပေးရင် အသွင်ပြောင်းရေးခြေလှမ်းတွေ ပိုမိုမြန်ဆန်မယ်လို့ထင်ပါတယ်။ မြန်မာ့တပ်မတော်ကို နိုင်ငံတကာ တပ်မတော်တွေမှာတွေ့ရတဲ့ လူ့အခွင့်အရေးကိုစောင့်ရှောက်မှုမျိုးတွေ ဖြစ်တည်လာအောင် ပူးတွဲလေ့ကျင့်ပေးသွားမှာပါ''ဟုပြောသည်။

0 comments:

Post a Comment

 
Twitter Bird Gadget