Wednesday, December 25, 2013

စင်ကာပူ မြန်မာအိမ်အကူလုပ်သား ခေါ်မည်


စင်ကာပူနိုင်ငံက မြန်မာအိမ်အကူလုပ်သား ၂၀၀၀ ကျော် လာရောက်ခေါ်ယူမည့် ပထမဦးဆုံးအကြိမ် ပြည်ပအလုပ်အကိုင်ပြပွဲကို ဇန်န၀ါရီလအတွင်း ကျင်းပသွားမည်ဟု မြန်မာပြည်ပ အလုပ်အကိုင်ဝန် ဆောင်မှုအဖွဲ့ချုပ်မှ သိရသည်။

အဆိုပါ အလုပ်အကိုင်ပြပွဲတွင် စင်ကာပူမှလာရောက်မည့် အလုပ်သမားရှာဖွေရေးအေဂျင်စီ ၃၀ နှင့် မြန် မာနိုင်ငံမှ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီချင်း တိုက်ရိုက်တွေ့ဆုံနိုင်မည်ဖြစ်သည်ဟု ပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုအဖွဲ့ ဥက္ကဋ္ဌဦးမင်းလှိုင်က ပြောသည်။

“စင်ကာပူ AEA က မစပရီမားခ်က ကျွန်တော်တို့နဲ့ တွေ့ခဲ့ပါတယ်။ ကျွန်တော့်ကို သံရုံးကတစ်ဆင့်အသိ ပေးပါတယ်။ ဒီဇင်ဘာ ၇ ရက်မှာ ကျွန်တော်တို့ဆီ ရောက်ခဲ့ပါတယ်။ MOU ထိုးဖို့ရှိပါတယ်။ ကျွန်တော် တို့က အိုကေဆို မီးစိမ်းပြရင် လာဖို့ရှိတယ်”ဟု ပြောသည်။

လက်ရှိတွင် စင်ကာပူနိုင်ငံ၌ အိမ်အကူလုပ်သား ၂၅,၀၀၀ မှ ၃၀,၀၀၀ ခန့် ရှိနိုင်ပြီး မြန်မာအမျိုးသမီး အိမ်အကူလုပ်သား ၁၆ ရာခိုင်နှုန်းခန့် ရှိကြောင်း လူမှုအဖွဲ့အစည်းများက ခန့်မှန်းထားပြီး အဆိုပါ အိမ် အကူလုပ်သားများသည် အလုပ်အကိုင်ရရှိရေးအတွက် ၀န်ဆောင်ခအနေဖြင့် လစာ၏ ခုနှစ်လစာမှ ကိုး လစာအထိ ပေးရကြောင်းလည်း သိရသည်။

စင်ကာပူတွင် မြန်မာအိမ်အကူလုပ်သားလစာအဖြစ် စင်ကာပူဒေါ်လာ ၃၅၀ မှ ၄၅၀ ကြား (ကျပ် ၂၈၀, ၀၀၀ မှ ၃၀၀,၀၀၀) ရလေ့ရှိပြီး ဖိလစ်ပိုင်လုပ်သားများမှာ အနိမ့်ဆုံးလစာ စင်ကာပူဒေါ်လာ ၅၀၀ ရရှိ ကြောင်း သိရသည်။

0 comments:

Post a Comment

 
Twitter Bird Gadget