ဟမ်းရှဲ အုပ်ချုပ်ရေးနယ်မြေမှာရှိတဲ့ လေကြောင်းထိန်းချုပ်ရေးဌာနက ကွန်ပြူတာစနစ် ချွတ်ယွင်းနေတဲ့အကြောင်း အမျိုးသားလေကြောင်းလိုင်း အချက်ပြဌာန (အန်အေတီအက်စ်)ကို အစီရင်ခံတဲ့နောက်မှာ လေကြောင်းခရီးစဉ်တွေကို ဆိုင်းငံ့ခဲ့တာ ဖြစ်ပါတယ်။
ဗြိတိန်ရဲ့ အကြီးဆုံးလေဆိပ်ဖြစ်တဲ့ လန်ဒန်မြို့က ဟီသရိုးလေဆိပ်မှာ ခရီးစဉ် ၆၀ ကို ဖျက်သိမ်းခဲ့ရသလို မန်ချက်စတာ၊ ဘာမင်ဂမ်၊ လန်ဒန်နဲ့ နယူးကာဆယ်စတဲ့ မြို့ကြီးတွေက လေကြောင်းခရီးစဉ်တွေလည်း ဖျက်သိမ်းခဲ့ရပါတယ်။
ဘယ်အချိန်မှာ ထိန်းချုပ်ရေးစနစ် ပြန်ကောင်းလာမလဲဆိုတာကို လေကြောင်း အချက်ပြ ဌာနက ခန့်မှန်းထုတ်ပြန်ခဲ့တာ မရှိပါဘူး။






0 comments:
Post a Comment