Saturday, December 28, 2013

နိုင်ငံသား ပြန်လည်လျှောက်ထားသူများမှ ၁၀ဦးအား စတင်ခွင့်ပြု


မြန်မာနိုင်ငံသားအဖြစ် ပြန်လည်အသိအမှတ်ပြုရန် လျှောက်ထားသော အခြားနိုင်ငံသားအဖြစ် ခံယူထားသူ ၄၃ ဦး အနက် ၁၀ဦးအား ပြည်ထောင်စုအစိုးရက ဒီဇင်ဘာလအတွင်း နိုင်ငံသားအဖြစ် ပြန်လည်ခွင့်ပြုခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းကပြောသည်။

အခြားနိုင်ငံသားအဖြစ် ခံယူထားသူ ၁၀ ဦးအား ခွင့်ပြုပေးလိုက်သော်လည်း အကြောင်းကြားစာများ မပို့ရသေးကြောင်း၊ ကျန် ၃၃ ဦးကို နိုင်ငံသားအဖြစ် ပြန်လည်ခွင့်ပြုရန် စိစစ်နေ၍ အချိန်စောင့်ဆိုင်းရမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ်ကပြောသည်။

“သူတို့ကို အကြောင်းမကြားရသေးလို့ နာမည်တွေတော့ ပြောလို့မရသေးဘူး။ မကြာခင် အကြောင်းကြားတော့မှာပါ”ဟု ဦးမောင်မောင်သန်းကပြောသည်။

မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခွင့်ပြုချက်ရရှိသည့်စာရင်းတွင် အမေရိကန်နှင့် သြစတြေးလျနိုင်ငံသားအဖြစ် ခံယူထားသူ အများအပြား ပါဝင်သည်ဟု သတင်းရရှိသည်။ ယခု ခွင့်ပြုချက်ရထားသူ ၁၀ ဦးသည် အခြားနိုင်ငံသားအသိအမှတ်ပြု စာရွက်စာတမ်းများကို သက်ဆိုင်ရာနိုင်ငံများတွင် အပ်နှံပြီးသည့်အချိန်မှစ၍ မြန်မာနိုင်ငံ နိုင်ငံသားစိစစ်ရေးကတ်ပြားကို လျှောက်ထားရမည်ဖြစ်သည်။

ယခင်က မှတ်ပုံတင်ရှိပြီး ပြည်ပတွင်နေထိုင်စဉ် ပတ်စ်ပို့သက်တမ်းကုန်ဆုံးသူများ၊ ပတ်စ်ပို့မရှိသူများနှင့် ပြည်ပတွင် Travel Document ကိုင်ဆောင်ထားသူများသည် အခြားနိုင်ငံသားအဖြစ် မခံယူထားသော်လည်း အလိုအလျောက် မြန်မာနိုင်ငံသားအဖြစ် ပျက်ပြယ်ပြီး မူလကိုင်ဆောင်ထားသော မှတ်ပုံတင်များ တရားမ၀င်ကြောင်း၊ ထိုသူများလည်း လျှောက်ထားနိုင်သည့်အပြင် အခြားနိုင်ငံသားအဖြစ် ခံယူထားသူများ နိုင်ငံသားအဖြစ် ပြန်လည်လျှောက်ထားနိုင်သည်ဟု ပြီးခဲ့သည့် ဇွန်လက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်

0 comments:

Post a Comment

 
Twitter Bird Gadget