Monday, December 30, 2013

တရားရုံး ဧည့်မှတ်တမ်း စာအုပ်ကို ဒေသခံ ပြည်သူတစ်ဦးက ဝင်ရောက် ဖျက်ဆီး




စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်း မြို့နယ် တရားရုံး၏ ဧည့်စာရင်း မှတ်တမ်း စာအုပ်ကို ဒီဇင်ဘာ ၂၆ ရက် နံနက် ၁၀ နာရီခွဲတွင် ဒေသခံ ပြည်သူတစ်ဦးက တရားရုံးအတွင်း ၀င်ရောက် ဖျက်ဆီး ခဲ့ကြောင်း တရားရေး ၀န်ထမ်းတစ်ဦးက ပြောသည်။

အဆိုပါ တရားရုံး၏ ဧည့်စာရင်း မှတ်တမ်းအား ၀င်ရောက် ဖျက်ဆီးခဲ့သူမှာ ဦးချစ်မြ ဆိုသူဖြစ်ပြီး မူးယစ် သောက်စားထားကာ တရားရုံးဝင်း အတွင်းသို့ အကြောင်းမဲ့ ၀င်ရောက်လာခဲ့ပြီး ဧည့်စာရင်း မှတ်တမ်း စာအုပ်တွင် တာဝန်ရှိသူမှ လက်မှတ် ရေးထိုးခိုင်းခဲ့ရာ လက်မှတ် ရေးထိုးခြင်း မရှိဘဲ စာအုပ်ကို ဆွဲယူ ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု တရားရုံးမှ ဆိုသည်။

ထို့ကြောင့် တရားရုံး၏ တာဝန်ဝတ္တရားများ ဆောင်ရွက်နေသူများကို ဟန့်တား နှောင့်ယှက်သည်ဟု ဆိုကာ ဒီပဲယင်း မြို့မ ရဲစခန်းတွင် ဦးချစ်မြကို အမှုရေးဖွင့်ခဲ့ရာ ရဲစခန်းက (ပ) ၁၆၁/ ၂၀၁၃ ပြစ်မှု ပုဒ်မ ၃၅၃ အရ လက်ခံ ခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment

 
Twitter Bird Gadget