Wednesday, December 18, 2013

မျှတကောင်းမွန်မှန်ကန်တဲ့ အဖြေ


မေး-
သမ္မတဦးသိန်းစိန်က သူ့ရဲ့လက်ထက်မှာ ပုံရိပ်ကောင်းရနိုင်ဖို့
ဒီပွဲကိုကျင်းပတာလို့ ပြောကြပြန်တယ်။ ဒါကိုရော ဘာပြောလို
ပါသေးလဲခင်ဗျ။

ဖြေ-
ကျွန်မတစ်ခု ပြောပါ့မယ်။ ကျွန်မတို့က အတိုက်အခံပါတီပါ။
အတိုက်အခံ ဆိုတာ က အစိုးရ လုပ်တိုင်း အတိုက်အခံလိုက်
လုပ်နေရတာမဟုတ်ပါဘူး။ ကျွန်မတို့ကအစိုးရရဲ့ ပျော့ကွက်၊
မှားကွက် ရှိတာကို ထောက်ပြဝေဖန်ပြရမယ့် ပါတီပါ။ကောင်း
တယ် ဆိုတဲ့ဟာ ကို လည်းကောင်းတယ်လို့ ပြောရမယ့်ဝတ္တရား
ရှိပါတယ်။

ဦးသိန်းစိန် သမ္မတ ဖြစ်လို့ ဒီပွဲကြီးပဲလုပ်လုပ်၊ ကျွန်မ တို့ ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည် ပဲ သမ္မတ ဖြစ်လို့ လုပ်လုပ် ဒါကလုပ်ကို
လုပ်ရမယ့် အလုပ်ဆိုရင် မည်သည့် အစိုးရပဲဖြစ်ဖြစ် လုပ်ရမှာပဲ။
တာဝန် ကျလာတယ် ဆိုရင် အောင်မြင်အောင် လုပ်ရမှာ က သူ့
တာဝန်ပဲလေ။

ဒါဆို ကျွန်မတို့က ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မှ ဒီပွဲလုပ်
တာကိုအားပေးရ မှာလား။

ဦးသိန်းစိန်လုပ်လို့ အားမပေးရတော့ဘူးလား။

ဒေါ်စန္ဒာမင်း(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်)

0 comments:

Post a Comment

 
Twitter Bird Gadget