ပရိသတ်တွေကို နူးညံ့တဲ့အပြုံးတစ်ပွင့်နဲ့ ဆွဲဆောင်ထားနိုင်တဲ့ မင်းသမီး
မြနှင်းရည်လွင်ကတော့ မကြာခင်ရောက်ရှိလာတော့မယ့် ခရစ်စမတ်နဲ့ နယူးရီးယားမှာ
အိမ်မှာပဲရှိနေမယ်လို့ ဆိုတဲ့အကြောင်းနဲ့ သူမရဲ့ အချစ်ရေးကို ခုလို
ပြောပြသွားပါတယ်။ ‘New Year က မြနှင်းဘယ်မှသွားလေ့မရှိဘူး။
အိမ်ထဲမှာပဲနေတယ်။ ကိုယ့်အိမ်ထဲမှာပဲ ရှိမယ်။ ဘာလို့လဲဆိုတော့ မြနှင်းက
ကြောက်တတ်တော့ အပြင်မထွက်ရဲဘူး။ အဲဒီလိုနေ့ဆို လူလဲရှုပ်တယ်လေ။ ပြီးတော့
ငယ်ငယ်ကတည်းက လဲမသွားဖူးတော့ ဘယ်မှတော့ သွားဖြစ်မှာ မဟုတ်ပါဘူး’တဲ့။
၂၀၁၄ မှာ မင်္ဂလာဆောင်ကြမယ့် အနုပညာရှင်တွေရဲ့
မင်္ဂလာသတင်းနဲ့ပတ်သတ်ပြီးတော့လည်း သူမက ‘ကိုယ်ချစ်တဲ့သူနဲ့ ယူကြမှာဆိုတော့
မင်္ဂလာသတင်းပါပဲ။ မြနှင်းလဲဝမ်းသာတယ်။ မြနှင်းကိုယ်တိုင်လဲ အစတုန်းက ၂၀၁၄
မှာယူဖို့စီစဉ်ထားတာ ။ ဒါပေမဲ့ ဟိုတယ်ဒိတ်တွေက အကုန်ပြည့်နေလို့
ရက်ရွှေ့လိုက်ရတယ်။ ၂၀၁၅ ဇန်န၀ါရီမှာ မင်္ဂလာပွဲလုပ်ဖြစ်ဖို့စီစဉ်ထားပါတယ်။
သူက မြနှင်းထက်၃ နှစ်ကြီးတယ်။ မြနှင်းအပေါ်မှာလဲ နားလည်မှုအပြည့်အ၀ရှိတယ်။
လူကြီး လဲဆန်တယ်။ မြနှင်းကိုလဲချစ်တယ်။
စိတ်ရင်းစေတနာလဲကောင်းလို့ရွေးချယ်ဖြစ်တာပါ။ မြနှင်းနဲ့သူနဲ့က
အရင်ကသူငယ်ချင်းတွေပါ။ ပြီးတော့မှ ချစ်သူဘ၀ရောက်သွားတာဆိုတော့ အစစအရာရာ
အကုန်လုံးကို ညှိနှိုင်းပြီးလက်တွဲလို့ရတဲ့အတွက်ယူဖို့အထိကို
စဥ်းစားဖြစ်ခဲ့တာပါ’လို့ သူမရဲ့အချစ်ရေးကို ဖွင့်ဟသွားပါတယ်။
Monday, December 23, 2013
Subscribe to:
Post Comments (Atom)







0 comments:
Post a Comment