Friday, December 27, 2013

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေကြောင့် NLD ဗဟိုကော်မတီ အစည်းအဝေးသို့  မတက်ရောက်နိုင်

ရန်ကုန်-ဒီဇင်ဘာ၂၈

ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေး အခြေအနေကြောင့် NLDမှ ယနေ့ နံနက်ကျင်းပသော ဗဟိုကော်မတီ အစည်းအဝေးသို့ မတက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။ ယနေ နံနက်၁၀နာရီတွင် တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ပထမအကြိမ်ဗဟိုကော်မတီ ` ဒုတိယအကြိမ် အစည်းအဝေးကို ကျင်းပနေပြီဖြစ်သည်။

အဆိုပါ အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် မတက်ရောက် နိုင်သောကြောင့် ခွင့်တိုင်ကြားခဲ့ခြင်း ဖြစ်ပြီး ခွင့်တိုင်ကြားရခြင်း အကြောင်းတွင် ကျန်းမာရေး အခြေအနေကြောင့်ဟု ဖော်ပြထားသည်။

သူမသည် ယခုလ ၁၆ရက်နေ့က စမ်းချောင်းမြို့နယ် အာရှတော်ဝင်အထူးကု ဆေးခန်းတွင် ခြေချောင်းကို အသေးစားခွဲစိတ်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

0 comments:

Post a Comment

 
Twitter Bird Gadget