Thursday, December 12, 2013

သူတို့ကို Sea Games ဖွင့်ပွဲက မျက်နှာဖုံးခွါပေးလိုက်ပြီ


Sea Games ဖွင့်ပွဲနဲ့ ပက်သက်ပြီး မျိုးမျိုး သောက်ဖောင်းထုနေကြတာ မြင်ရတော့ 

မနေနိုင်လို့ ပြောရဦးမယ်၊ ဒေါ်စုကိုဖိတ်တယ်၊ မဖိတ်ဘူး အသာထား၊ မဖိတ်ဘဲတော့ 

မနေပါဘူး၊ လွှတ်တော်အမတ်၊ တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဌ တစ်ယောက်

ဒီ Sea Games  ပြိုင်ပွဲတက်ဖို့ ဖိတ်ကြားခြင်းခံရမှာပါ၊ ဒေါ်စုတက်မယ်ဆိုရင် မတက်ရပါ

ဘူးလို့ ဘယ်သူမှ တာမှာမဟုတ်ကြောင်း ရှင်းပြနေစရာတောင်မလိုပါဘူး၊ 

ဒါကိုဗျာ ဟိုအဖွဲ့က လူတွေ မရှိ ရှိတာ အပေါက်ရှာပြီး ဒေါ်စုကို အမွှန်းတင် အစိုးရကို

သောက်ဖောင်းထုနေကြလေရဲ့ ....


ကျန်မာရေးကိစ္စသွားတာတဲ့၊ Sea Games ကအရေးမပါလို့ တက်စရာမလိုဘူး၊။။

အရေးမပါလို့ အမေ မတက်တာ၊ တစ်ကမ္ဘာလုံးက အလေးထားတဲ့ပုဂ္ဂိုလ် တကူးတက

ဖိတ်ရမှာပေါ့၊ အလေးထားရမှာပေါ့တဲ့၊ ဒီမယ် ကိုယ့်လူတို့ အရူးချေးပန်း စကားတွေ

ပြောပြီး အပေါက်ရှာမနေနဲ့၊ မဖိတ်ဘူးထားဦး၊ လက်မှတ်ဝယ်သွားကြည့်ရင် သူတောင်

စားလဲ ကြည့်လို့ရတယ်၊ ဒါမြန်မာပြည်မှာလုပ်နေတာ၊ Sea Games Opening 

Ceremony က US, UK ဥရောပမှာ လုပ်နေတာမဟုတ်ဘူး၊ စကားမရှိစကားရှာ

နိမ့်ကျတဲ့ အတွေးတွေနဲ့ စကားပြောနေတာ မရှက်ဘူးလား၊

ဒီဖွင့်ပွဲနဲ့ ပက်သက်ပြီး ၉၉ % က ထောက်ခံနေတာ အရှင်းကြီး မြင်နေပြီးသား၊ 

ကြိုက်တဲ့သူကို မေးကြည့်ကြဦး၊ 

ကိုယ့်လူတို့ အုပ်စု အခုလို လုပ်နေတော့ ဒီပွဲမှာ ကိုယ့်လူတို့ လုပ်နေကြတာ ဘာလဲဆိုတာ

အသိသာကြီးဖြစ်သွားပြီ၊ 

ကျုပ်ကတော့ ဒီ Sea Games ဖွင့်ပွဲကို ကျေးဇူး ဥပါကာရ အထူးတင်လိုက်ပြီ

ဘာလို့လဲဆိုတော့ ဒီပွဲကြောင့် ကိုယ်လူတို့ လုပ်ရပ်တွေဟာ ဘယ်လမ်းကြောင်း

ကို ဦးတည်နေတယ်ဆိုတာ ပြည်သူအများက သိသွားလို့ဘဲ.....

အရင်ကတော့ ပြည်သူက ကိုယ့်လူတို့ ၀ါဒမှိုင်းတိုက်တာကို ဟုတ်မယောင်ယောင်ထင်

နေကြပေမဲ့ ဒီကနေ့ Sea Games ဖွင့်ပွဲမှာ ကိုယ်လူတို့ မျက်နှာဖုံးစွပ်တွေ ကွာကျကုန်

တာ ပြည်သူတွေအားလုံး ရှင်းရှင်းကြီး တွေ့ သွားကြပြီ...


ဒီ Sea Games က စလို့ အစိုးရနဲ့ ပြည်သူက တစ်ဖက် ကိုယ်လူတို့က တစ်ဖက်

ဖြစ်သွားပြီဆိုတာ ခေါင်းထဲမှာ ထည့်ထားကြဖို့ ပြောချင်တယ်...

အဲ ဒါနဲ့ ပြောရဦးမယ် ကိုယ့်လူတို့ ...

ကျုပ်တို့တာ့ ဒီမှာ ပြည်သူတွေအားလုံးလက်တွဲပြီး မြန်မာ့ ပုံရိပ်လှဖို့ 

Sea Games အောင်ပွဲခံနိုင်အောင် အားလုံးဝိုင်းဝန်းလက်တွဲ လုပ်ကိုင်နေကြတယ်၊

အားလုံး အားသက်တရော ကြိုးစားနေကြတယ်...



ကိုယ့်လူတို့ အမေကတော့ ကာတာက မြန်မာတွေနဲ့ တွေ့ပြီး ဖွဲ့စည်းပုံ ပြင်ဖို့

နဲ့ သူက အစိုးရမဟုတ်လို့ အာမခံနိုင်သေးဘူး၊ သမ္မတဖြစ်အောင် ၀ိုင်းထောက်ခံ

ကြပါဦးလို့ မျက်နှာပြောင်တိုက်ပြီး ပြောနေပြီ ၊ ကိုယ့်လူတို့ ရှက်ကြရင်လဲ နည်းနည်း

ပါးပါး ထိန်းကြဦး၊ တစ်ကမ္ဘာလုံးက ချီးကျူး ထောပနာပြုထားတဲ့ သိက္ခာလေး ကျသွား

ဦးမယ်၊ 


နောက် သောက်ဖောင်းထုတာလဲ ယုတ်တိတန်တန် ထုကြဦး....

အခြေအမြစ်မရှိတဲ့ Printed Media တွေကရေးတဲ့ စာသားတွေ ဖြတ်ညှပ်ကပ်ပြီး

Sea Games အောင်နိုင်ရေး China က အကူအညီပေးတာ တရုတ်အတွက် မဟာစီမံ

ကိန်းလို့ ပြောပါတယ် ဆိုပြီး ကလိန်စီ ဥာဏ်ဆင်လိုစင်၊ 

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပြကွက်ကို စစ်တိုက်နေတာတွေနဲ့ နှိုင်းလိုနှိုင်း၊

အဆိုးဆုံးက သိမ်ဖျင်းတဲ့ အတွေးအခေါ်နဲ့ သဘာဝပတ်ဝန်းကျင်စိမ်းလန်း စိုပြေရေး

ပြကွက်ကို ဝေဖန်ထားတာမျိုးတွေ မလုပ်ကြနဲ့၊ 


ဟိုက ပေးချင်တဲ့ Message က ဒီကနေ့ ကမ္ဘာမှာ စက်မှုတွေထွန်းကားလာလို့ ၊ 

Carbon တွေများလာတာ၊ လူဦးရေတိုးပွားမှုနဲ့၊ လူသားတွေကြောင့် တောတောင်

ရေမြေတွေခြောက်ခမ်းလာလို့ သဘာဝဘေအန္တရာယ်တွေ ပိုမိုတိုးပွားလာတာ

တွေကို လျော့ချနိုင်အောင် သဘာပတ်ဝန်းကျင် ကို အားလုံး ၀ိုင်းဝန်းထိန်းသိမ်းကြဖို့

ပေးတဲ့ Message လူသာအားလုံးကို ပေးတဲ့ Message ၊

မဆိုင်တာတွေ ဂလိုင်ခေါက်ပြီး သောက်ဖောင်း မထုကြနဲ့....

ကြာလာရင် သောက်ဖောင်ထုတာများပြီး ပြည်သူ ချဉ်ဖတ် ဖြစ်လာတော့မယ်....

ထိန်းစရာရှိတာ ထိန်းပြီး သောက်ဖောင် ထိုင်ထုမနေဘဲ အချိန်မှီလက်တွဲ 

လုပ်ဆောင်ကြဖို့ ကိုယ့်လူတို့ကို အလေးအနက်ထား တိုက်တွန်းလိုက်ပါတယ်....


အချိန်မှီ စိတ်ဓာတ်တွေ ပြင်ဆင်ပေးချင်နေတဲ့

0 comments:

Post a Comment

 
Twitter Bird Gadget