ကေတီသည် (၂၀၁၃)ခုနှစ်၊ တစ်နှစ်တည်းတွင်ပင် Twitterမှတစ်ဆင့် Follower အရေအတွက် (၁၅)သန်း တိုးပွားလာခဲ့သည်။
ယခုနှစ်အတွင်း
Twitter ဝက်ဘ်ဆိုက်တွင် ပရိသတ် အရေအတွက် အတိုးပွားဆုံး နာမည်ကျော်
Celebrityအဖြစ် ကေတီပယ်ရီက ထိပ်ဆုံးနေရာတွင် ရပ်တည်ခဲ့သည်။ ကေတီသည်
(၂၀၁၃)ခုနှစ်၊ တစ်နှစ်တည်းတွင်ပင် Twitterမှတစ်ဆင့် Follower အရေအတွက်
(၁၅)သန်း တိုးပွားလာခဲ့သည်။ ထို့ကြောင့်လည်း သူမ၏ Follower အရေအတွက်သည်
(၄၈.၅)သန်းထိ ရှိလာပြီ ဖြစ်သည်။ သူမ၏ နောက်တွင်မူ ကနေဒါ Popဂီတကြယ်ပွင့်
ဂျက်စတင်ဘီဘာက တစ်နှစ်အတွင်း ပရိသတ် (၁၃.၈)သန်း စုဆောင်းနိုင်ပြီး
ဒုတိယနေရာမှ ရပ်တည်နေသည်။ ဂျက်စတင်သည် လတ်တလောတွင် Follower အရေအတွက်
စုစုပေါင်း (၄၇.၈)သန်းမျှထိ ပိုင်ဆိုင်နေပြီ ဖြစ်သည်။
ကေတီရော၊
ဂျက်စတင်ဘာ (၂၀၁၃)ခုနှစ်အတွင်း Follower အရေအတွက် ကျယ်ကျယ်ပြန့်ပြန့်
စုဆောင်းလာနိုင်ခဲ့သလို အခြားသော တေးဂီတဆိုင်ရာ အချက်အလက်များကို Twitterက
ထုတ်ပြန်ခဲ့ရာ ကင်ညီဝက်စ်၏ Yeezus အယ်လ်ဘမ်မှာ Twitterတွင် တစ်နှစ်တာ
ဆွေးနွေးပြောဆိုမှု အများဆုံး အယ်လ်ဘမ်ဖြစ်လာကြောင်း သိရသည်။ Twitterတွင်
Yeezusနှင့် ပတ်သက်သည့် Postပေါင်း (၄.၄)သန်းကျော် ရေးသားခဲ့ကြသည်။
မိုင်လီဆိုင်းရပ်စ်၏ Bangerzအကြောင်းကမူ Tweetအရေအတွက် (၁.၆)သန်းနီးပါး
ရှိခဲ့သည်။ မိုင်လီဆိုင်းရပ်စ်၏ ဝေဖန်စရာ အများအပြား ကြုံခဲ့သည့် Wrecking
Ball ဂီတဗီဒီယိုကမူ တစ်နှစ်တာအတွက် လူပြောအများဆုံး သီချင်းအဖြစ်
ရပ်တည်ခဲ့သည်။ အဆိုပါ သီချင်းဗီဒီယို အကြောင်းကို Twitterတွင်
ပြောဆိုဆွေးနွေးမှု အကြိမ်အရေအတွက် (၈.၁)သန်းကျော် ရှိခဲ့ကြောင်းလည်း
သိရှိရသည်။
Wednesday, December 25, 2013
Subscribe to:
Post Comments (Atom)







0 comments:
Post a Comment