အမှားတွေကနေ သင်ယူလေ့လာနိုင်မယ့် ‘neuromorphic processor’
သစ်ကိုသုံးထားတဲ့ ကွန်ပျူတာတွေ ၂၀၁၄ခုနှစ်ထဲမှာပဲ
ဈေးကွက်ထဲကိုရောက်မယ်လို့ New York Times ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါ
တယ်။
ဒီနည်းပညာသစ်ကြောင့် ကွန်ပျူတာတွေဟာ အချိန်ကြာကြာ အစီအစဉ်ဆွဲရခြင်းနဲ့
စက်ပျက်တာ၊ ခေတ် ကုန်တာတို့ မဖြစ်တော့တဲ့ အပြင် အမှားသေးသေး လေးတွေကအစ
ခံနိုင်ရည်ရှိလာမှာ ဖြစ်ပါတယ်။ တွက်ချက်မှု စနစ်သစ်ဟာ ဇီဝဗေဒဆိုင်ရာ
စနစ်တွေပေါ်မှာ အခြေခံလာပါတယ်။ အဲ့ဒီ့ လူလုပ် သဘာဝ ကွန်ရက် သစ်တွေနဲ့
မျက်နှာဖတ် အဆင့်မြင့်စနစ် ကိုလည်းသုံးနိုင်မှာဖြစ်ပြီး
အစပျိုးလုပ်ဆောင်နေပါပြီ။
ဦးနှောက်မှာ ဆန်းသစ်တဲ့အတွေးအမြင်ရှိရင် မပျက်စီးသွားနိုင်ပါဘူး။
ဒီကွန်ပျူတာတွေမှာ အေးဆေးတည် ငြိမ်တဲ့ ဆက်သွယ်မှုသစ်တွေနဲ့
အဓိပ္ပါယ်ကောက်ချက်သစ်တွေဟာ တတ်နိုင်သမျှ ပေါ်လာမှာ ဖြစ်ပါတယ်။ ဒီကွန်ပျူတာ
ချစ်ပ်တွေကို နည်းပညာ ကုမ္ပဏီကြီးတွေမှာ သုံးတောင် သုံးနှင့်နေပြီလို့ New
York Times ကဆိုပါတယ်။
“အင်ဂျင်နီယာပိုင်းဆိုင်ရာ တွက်ချက်မှုစနစ်ကို အသုံးပြုနေရာကနေ
ဇီဝဗေဒပိုင်းဆိုင်ရာ တွက်ချက်မှု စနစ်ကို အသုံးပြုဖို့ ကျွန်တော်တို့
လုပ်ဆောင်နေပါတယ်။” လို့ ကယ်လီဖိုးနီးယားတက္ကသိုလ် အာကာသရူပ ဗေဒပညာရှင်
Larry Smarr က New York Timesကို ပြောသွားပါတယ်။
0 comments:
Post a Comment