Saturday, January 18, 2014
မြ၀တီမြို့သို့ ချစ်ကြည်ရေး တံတားမှတစ်ဆင့် တရားဝင် တင်သွင်းလာသော စက်သုံးဆီ တင်ဆောင်လာသည့် ယာဉ်များအား တွေ့ရစဉ်
မြဝတီမြို့သို့
သောင်ရင်းမြစ်ဖြတ်၍ တရားမဝင် စက်သုံးဆီ တင်သွင်းမှုအား
တားမြစ်လိုက်ပြီးနောက် ဇန်နဝါရီ ၁၅ ရက်က ပထမဆုံး အကြိမ်အဖြစ် ချစ်ကြည်ရေး
တံတားပေါ်မှ တရားဝင်စက်သုံးဆီ တင်သွင်းခဲ့ကြောင်း သိရသည်။
မြဝတီချစ်ကြည်ရေး
တံတားပေါ်မှ တင်သွင်းရာတွင် သုံးစွဲသူ လက်ထဲသို့ အလျင်အမြန်
ရောက်ရှိနိုင်ရေး အတွက်လည်းကောင်း၊ ဆီတင်သွင်းသူတိုင်း တရားဝင်
လမ်းကြောင်းမှ တင်သွင်းရန် သော်လည်းကောင်း၊ ဒေသအာဏာပိုင်များက
ညှိနှိုင်းဆောင်ရွက်ပေးရန် လိုသလို တရားမဝင် တင်သွင်းမှု ရှိမရှိကိုလည်း
ကြပ်မတ်ရန် လိုအပ်ကြောင်း အောင်နန်းသာ ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူ တစ်ဦးက
ပြောကြားသည်။
“တရားဝင် တင်သွင်းတာလည်း တစ်ဦးတည်းလုပ်ရင် ရှေရှည်မှာ
မအောင်မြင်နိုင်ပါဘူး။ အကုန်လုံးတညီ တညွတ်တည်း လုပ်မှဖြစ်မှာပါ။ တရားမဝင်
တင်သွင်းမှုတွေရှိနေရင် တရားဝင်သွင်းတဲ့ ကုမ္ပဏီအနေနဲ့ ဈေးကွက်မှာ
မယှဉ်ပြိုင်နိုင်ပါဘူး။ ဒါ့ကြောင့် ဒေသအာဏာပိုင်တွေ ကြပ်မတ်ပေးမှ
အောင်မြင်မှာပါ”ဟု အဆိုပါပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
မြဝတီမြို့တွင်
စက်သုံးဆီ အရောင်းဆိုင် အမြောက်အမြားရှိရာ အောင်နန်းသာ ကုမ္ပဏီလီမိတက်မှာ
ထိုင်းနိုင်ငံ “ဘန်ဂျာပန်တို ရီယံပါ့ပလစ်” ရေနံချက်စက်ရုံနှင့် တစ်ဦးတည်း
ကိုယ်စားလှယ်အဖြစ် စာချုပ်ပြီး ပြည်တွင်းစက်သုံးဆီ လိုအပ်ချက်အား
ဖြည့်ဆည်းရန် ဒီဇယ်၊ ဓာတ်ဆီ(အောက်တိန်း) များကို ရန်ကုန်၊ နေပြည်တော်၊
မန္တလေး၊ ပုဂံမြို့များသို့ တင်ပို့သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ဇန်နဝါရီ
၁၅ ရက်တွင် ချစ်ကြည်ရေး တံတားပေါ်မှ ပထမဆုံးအဖြစ် လီတာ ၁၄ဝဝဝ (ဂါလန်-၃ဝ၇၉)
ဆန့် ကားနှစ်စီးသာ တင်သွင်းနိုင်ခဲ့၍ ဈေးကွက်လိုအပ်ချက်ကို
ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသည့်အတွက် စက်သုံးဆီဈေးနှုန်းများ
ခုန်တက်သွားကြောင်းလည်း သိရသည်။
သောင်ရင်းမြစ်ကို ဖြတ်ကျော်၍
ပိုက်များသွယ်တန်းပြီး တင်သွင်းနေခြင်း၊ စက်လှေဖြင့် တင်သွင်းခြင်းများအား
ဇန်နဝါရီ ပထမပတ်မှစ၍ ဒေသအာဏာပိုင်များမှ တစ်ဆင့် ငြိမ်းချမ်းရေး
အဖွဲ့အစည်းများ၊ နယ်ခြားစောင့် တပ်များ၏ သောင်ရင်မြစ်ကမ်း ဂိတ်များကို
ညွှန်ကြားလိုက်ပြီး ဖြစ်ကြောင်း သိရသည်။ -
Subscribe to:
Post Comments (Atom)







0 comments:
Post a Comment