Friday, January 3, 2014

သမ္မတ၏ဖြူစင်သောစိတ်စေတနာကြောင့် တိုင်းရင်းသားစည်း လုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို မဖြစ်မနေတည်ဆောက်မည်ဟု ဖဒိုမန်းငြိမ်းမောင်ပြော



သမ္မတဦး သိန်းစိန်၏ ဖြူစင်သောသဘော ထား၊ စိတ်စေတနာများနှင့် ယင်း ၏အစိုးရအား ယုံကြည်သော ကြောင့် ငြိမ်းချမ်းရေးတည်ဆောက် ရန်ကြိုးစားခဲ့ခြင်းဖြစ်ပြီ

း တိုင်း ရင်းသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးအား မဖြစ်မနေ တည် ဆောက် မည်ဖြစ်ကြောင်း KNU ကရင်ငြိမ်းချမ်းရေး ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင် က ပြောကြားခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ဇန်နဝါရီ ၁ရက်က ပထမဆုံး အကြိမ်တိုင်း ဒေသကြီး အဆင့်ကျင်းပသော ကရင်နှစ် သစ်ကူး ပွဲတော် တွင်ယင်းသို့ ပြော ကြားခဲ့ခြင်းဖြစ်သည်။
''ကျွန်တော်တို့ ကရင်အမျိုး သားတွေရဲ့ အခွင့်အရေးနိုင်ငံရေး ပြဿနာကိုနိုင်ငံရေးနည်းအရ အေးအေးချမ်းချမ်းဖြေရှင်းနိုင် ဖို့၊ စားပွဲဝိုင်းမှာ တန်းတူရည်တူ အပြန်အလှန်ဖြေရှင်းနိုင်ဖို့အ တွက် သမိုင်းတစ်လျှောက်မှာ ကျွန်တော်တို့ ကြိုးပမ်း ခဲ့ကြပါ တယ်။ ဒါပေမဲ့ ဒီအခွင့်အရေးကို ကျွန်တော်တို့ မရရှိခဲ့ကြပါဘူး''ဟု ဖဒိုမန်းငြိမ်းမောင်ကပြော သည်။

''ဒါပေမဲ့ နိုင်ငံတော် သမ္မတ ကြီး ဦးသိန်းစိန်တက်ရောက်လာ တဲ့ကာလမှာ ပြည်တွင်းစစ်ကို ငြိမ်းချမ်းဖို့၊ ပြည်တွင်းငြိမ်းချမ်း ရေးကိုတည်ဆောက်ဖို့၊ အမျိုး သားစည်းလုံးညီညွတ်ဖို့ဆိုတဲ့ သမ္မတကြီးရဲ့ ဖြူစင်တဲ့သဘော ထား၊ စိတ်စေတနာတွေကို ကျွန် တော်တို့ လေ့လာသုံးသပ်တွေ့ရှိ ပါတယ်။ ဒါ့ကြောင့်ကျွန်တော် တို့ ကရင်အမျိုးသားတွေအနေ နဲ့ သမ္မတကြီးအပေါ်မှာ၊ နိုင်ငံ တော်အစိုးရအပေါ်မှာ ယုံယုံ ကြည်ကြည်နဲ့ ငြိမ်းချမ်းရေးတည် ဆောက်ဖို့ ကြိုးပမ်း ခဲ့ကြတာ ပါ''ဟုပြောသည်။

အစိုးရနှင့် ကရင်အမျိုး သားအစည်းအရုံးတို့ အပစ်အ ခတ်ရပ်စဲပြီးစီးသည်မှာ နှစ်နှစ် ကျော်ကာလသို့ ရောက်ရှိခဲ့ သော်လည်း တိုးတက်မှုဖြစ်စဉ် များ နှေးကွေးနေသည်ဟုဝေဖန် ပြောကြားမှုများရှိနေမှုအပေါ် ဖဒိုမန်းငြိမ်းမောင်က ''ကျွန်တော် တို့တိုင်းပြည်မှာ နှစ်ပေါင်း ၆၀ ကျော်ဖြစ်ခဲ့တဲ့ ပဋိပက္ခဟာ အင် မတန်ကြီးမားတဲ့ နက်ရှိုင်းတဲ့အ ခြေအနေအရရှိပါတယ်။ အာ ဃာတတွေ၊ သံသယတွေ၊ ရန်ငြိုး ရန်စတွေ တစ်ထွေးတစ်ပိုက်ကြီး ရှိခဲ့တဲ့အခါကျတော့ တစ်နေ့တစ် ရက်တစ်မနက်တည်းနဲ့ မရှင်း နိုင်ပါဘူး''ဟု ပြောသည်။

ယင်းကဆက်လက်၍ ရှေ့ ဆက်တွေ့ကြုံရမည်စိန်ခေါ်မှု များအား နိုင်ငံတော်အစိုးရနှင့် ကရင်အမျိုးသားများ၊ ဘဝတူ တိုင်းရင်းသားများနှင့် လက်တွဲ ကာ စည်းလုံးချီတက်သွားမည်ဖြစ် ပြီး တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေး၊ ငြိမ်းချမ်းရေးကို မဖြစ် မနေတည်ဆောက်သွားမည်ဖြစ် ကြောင်းပြောသည်။ ဧရာဝတီတိုင်းဒေသကြီး အတွင်း ကရင်တိုင်းရင်းသား ၁၅ သိန်းကျော်ရှိပြီး ပုသိမ်မြို့တွင် ကျင်းပသည့် ကရင်နှစ်သစ်ကူး ပွဲတော်သို့ မြို့နယ်အသီးသီးမှ ကရင်တိုင်းရင်းသားများစွာ တက် ရောက်ခဲ့ကြောင်း သိရသည်။

ရည်မွန် ၊ စိုးမိုး (ပုသိမ်)
ဖဒိုမန်းငြိမ်းမောင် (KNU ကရင်ငြိမ်းချမ်းရေးကော်မတီဝင်)

0 comments:

Post a Comment

 
Twitter Bird Gadget