Friday, January 24, 2014

မြန်မာပြည် အနောက်ဘက် ယွန်းယွန်းက ကြင်နာသည့် နှလုံးသားပိုင်ရှင် (သို့မဟုတ်)ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း



 
ဘင်္ဂါလီတို့၏ လက်ထဲ သက်ဆင်းခဲ့ရသည့် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း

"ဟေ့....မင်းတို့ တွေဘာလုပ်နေတာလဲ"

အချိန်ကား ည ၁၀ နာရီခန့် ။ အမှောင်ထုကို ဖြိုခွင်းလိုက်သည့် လက်နှိပ်ဓာတ်မီးရောင် အောက်မှာ
စုဝေးနေကြသည့် ဘင်္ဂါလီ အုပ်စုတစ်စု။ ၎င်းတို့ဆီကို လှမ်းအော်လိုက်သည့် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း၏ အသံက မှောင်ရိပ်ခိုနေကြသည့် ဘင်္ဂါလီများကို တွန့်ကနဲ ဖြစ်သွားစေခဲ့သည်။

ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ဦးစီးသော ကင်းလှည့်အဖွဲ့သည် ဆူပူအကြမ်းဖက်မှုများ
ငြိမ်းအေးကာစ ရခိုင်ပြည်နယ်တွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးအတွက် ကင်းလှည့်နေခြင်း
ဖြစ်သည်။ သူတို့ ရောက်ရှိရာနေရာက မောင်တောမြို့ရှိ ဘင်္ဂါလီများသာ နေထိုင်သည့် ဒုချီးရာတန်း
ရွာ ဖြစ်သည်။

တပ်ကြပ်ကြီး အောင်ကျော်သိန်း၏ အော်သံကြောင့် ရုတ်တရက်ကြောင်သွားသော ဘင်္ဂါလီများသည်
အသံလာရာသို့ လှည့်ကြည့်လိုက်သည်။ ဓာတ်မီးဖြင့် ထိုးလျက်မှ တပ်ကြပ်ကြီး အောင်ကျော်သိန်းတို့
လှည့်ကင်းအဖွဲ့သည် ဘင်္ဂါလီများဆီသို့ ခပ်သွက်သွက် လှမ်းလာကြသည်။ ထိုစဉ် ဘင်္ဂါလီများထဲမှ
သုံး လေးယောက်သည် ရုတ်ချည်းဆိုသလို ထွက် ပြေးသွားကြသည်။

"ဟေ့...မပြေးနဲ့ ငါတို့ ရဲတွေ မင်းတို့ကို ဘာမှ မလုပ်ဘူး" ဟု
တပ်ကြပ်ကြီး အော်ကျော်သိန်း၏ အော်ပြောသံကို ဂရုမစိုက်။ ဘင်္ဂါလီအချို့ အမှောင်ထုထဲတွင်
ပြေးဝင်ပျောက်ကွယ်သွားသည်။

ကျန်ရှိနေသေးသော ဘင်္ဂါလီများကို တပ်ကြပ်ကြီးအောင်ကျော်သိန်းက
" ငါတို့က ကင်းလှည့်လာတဲ့ ပြည်သူ့ရဲတွေပါ" ဟုဆိုကာ
မိမိတို့ ၀တ်လာသော ယူနီဖောင်းကို မြင်အောင် ဓာတ်မီးဖြင့် ထိုးပြသည်။
ထိုသို့ ပြခြင်းမှာ အန္တရာယ်ပြုမည့် လူဟုထင်မှာစိုး၍ ဖြစ်သည်။

"မင်းတို့ ညကြီးအချိန်မတော် ဘာလုပ်နေကြတာလဲ။ ကိုယ့်အိမ်ကိုယ်ပြန်ကြပါ။
တစ်ခုခုဖြစ်ရင် မကောင်းဘူး" ဟု တပ်ကြပ်ကြီး အောင်ကျော်သိန်းက ဘင်္ဂါလီများကို လူစုခွဲ၍ အိမ်ပြန်ခိုင်းသည်။

ဘင်္ဂါလီများက ဘာမှမပြော သူတို့ဘာသာစကားဖြင့် အော်ဟစ်နေကြပြီး  သူတို့ လူများထွက်ပြေးသွားသည့် လမ်းဘက်သို့ လှမ်းကြည့်နေကြသည်။

"ဟေ့..ဘာကြည့်နေကြတာလဲ။ မင်းတို့တတွေ အတွက် ပြောနေတာ။ ဆူညံမနေကြပါနဲ့။အိမ်ပြန်ကြပါ။ ညဥ့်နက်နေပြီ"

ထိုသို့ ရဲများနှင့် ဘင်္ဂါလီများ အိမ်ပြန်ဖို့အတွက် ပြောဆိုနေကြစဉ် ရုတ်တရက်
ညာသံပေးပြီး လူအုပ်ကြီးတစ်အုပ် ၎င်းတို့ဆီကို ပြေးလာကြသည်။

ရဲတပ်ကြပ်ကြီးနှင့် အဖွဲ့ အသံလာရာသို့ လှမ်းကြည့်လိုက်သည်။ လရောင်အောက်မှာ လူအုပ်ကြီး
ဘယ်နှယောက်မှန်းမသိ။ လက်ထဲတွင် တုတ်များ၊ ဓားများ ကိုင်ဆောင်၍ ပြေးလာကြသည်ကို တွေ့လိုက်ရသည်။

"ဖမ်းဟေ့...ဖမ်းထား...မလွတ်စေနဲ့...မိအောင်ဖမ်း..ဓားနဲ့ ခုတ်ကြ" ဆိုပြီး
ဆူညံအော်ဟစ်ပြီး ပြေးလာသော လူအုပ်ကို မြင်သည့် အခါ ရဲတပ်သား က ပါလာသော သေနတ်ဖြင့် လှမ်းချိန်လိုက်သည်။

သို့သော် အတွေ့အကြုံရင့်ကျက်ပြီး အခြေအနေကို ရုတ်ချည်း သုံးသပ်နိုင်သည့် ရဲတပ်ကြပ်ကြီး
အောင်ကျော်သိန်းက
"ဟေ့..ဟေ့..မပစ်နဲ့...ထိပြီး သေကုန် ရှင်းရခက်မယ်" ဟုဆိုကာ
ပြေးလာသော လူတွေဆီကို
" ငါတို့က လှည့်ကင်းလှည့်တာ...မင်းတို့ကို ဘာမှမလုပ်ဘူး..အားလုံး ရပ်ကြ" ဟုလှမ်းအော်ပြောသည်။

သို့သော် ဘင်္ဂါလီများသည် ရပ်တန့်ခြင်းမရှိ တုတ်များ ဓားများကို မိုးပေါ်ထောင်ကာ ပြေးလာနေကြသည်။
တပ်ကြပ်ကြီး အောင်ကျော်သိန်းက ထိုသူများ ရပ်တန့်အောင်  ပါလာသော  အမ်(၂၂)မောင်းပြန် သေနတ်ဖြင့် မိုးပေါ်သို့ ခြောက်လှန့်ပစ်ခတ်လိုက်သည်။ သို့သော် ဘင်္ဂါလီများက ရပ်တန့်ခြင်းမရှိ။

အခြေအနေသည် မိမိတို့ အပေါ် ရန်ပြုတော့မည်မှန်းကို သိလိုက်သော
တပ်ကြပ်ကြီး အောင်ကျော်သိန်းက
" ပြေးကြ...လွတ်အောင်ပြေးကြ..." ဟုဆိုကာ လှည့်ကင်းအဖွဲ့ရှိ ကျန်သူများကို ပြောလိုက်သည်။

တပ်ကြပ်ကြီး၏ အမိန့်သံအောက်တွင် လှည့်ကင်းအဖွဲ့ရှိ ရဲတပ်သားများနှင့်
 ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး တို့သည် လာလမ်းသို့ ပြန်လှည့်၍ ထွက်ပြေးကြသည်။
မှောင်မှောင် မဲမဲတွင် ခလုတ်ကန်သင်းကို မရှောင်နိုင်၊ ဆူးညှောင့် ခလုတ်ကို ဂရုမစိုက်အား
မိမိတို့ အား အန္တရာယ်ပြုရန် ၀ိုင်းလာကြသည့် ဘင်္ဂါလီအုပ်စု၏ ရန်မှ လွတ်အောင်
အသည်းအသန် ကိုယ်လွတ်ရုန်း ထွက်ပြေးလာကြရသည်။

ဘင်္ဂါလီတို့၏ ညာသံပေးသံများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
 ဒုချီးရာတန်းရွာနှင့် ဝေးရာသို့ လှည့်ကင်းအဖွဲ့ ထွက်ပြေးလာနိုင်ခဲ့သည်။
အသက်အန္တရာယ်ကြားမှ အမောတကောပြေးလာကြသည့် လှည့်ကင်းအဖွဲ့မှ
ဆယ်အိမ်မှူး ဦးအောင်သန်းက  အသက်ကို အငမ်းမရရှူရင်း
အမောတကောအသံဖြင့်
" ဆရာတို့...ရပြီ..သူတို့ ကျန်ခဲ့ပြီ။ လူစစ်ကြည့်ပါအုံး" ဟု
ပြောသည်။

ထိုအခါမှ မှောင်မှောင်မည်းမည်းတွင် ခဏအမောဖြေရင်း
လူစစ်ကြည့်သည်။

"ဆရာကြီး...ဆရာကြီးအောင်ကျော်သိန်း ပါလား" ဟု
ရဲတပ်သားတစ်ဦးက တပ်ကြပ်ကြီး အောင်ကျော်သိန်းအမည်ကို
ခေါ်သည်။

ဆရာကြီး အောင်ကျော်သိန်းထံမှ ထူးသံမကြားရ။ အားလုံး၏ စိတ်ထဲတွင် စိုးရိမ်
ပူပန်လာသည်။ ပြေးလာရာလမ်းဆီသို့ ခဏစောင့်ကြည့်နေကြသည်။
သို့သော်ဆရာကြီး အောင်ကျော်သိန်းကား ပေါ်မလာရှာတော့။

"သေချာပြီ... ဆရာကြီး ဒီကောင်တွေ လက်ထဲမှာ ရေတိမ်နစ်ပြီ ထင်တယ်" ဟုဆိုကာ
ရဲတပ်သား တစ်ဦးက မျက်ရည်တွေကျရင်း ငိုသံကြီး ဖြင့်ပြောသည်။
"ဖြစ်မှ ဖြစ်ရလေ..ဆရာကြီးရယ်...ဒါကြောင့် ကျွန်တော်သေနတ်နဲ့ လှမ်းပစ်မလို့လုပ်တာ..ဆရာကြီး အမိန့်ကြောင့် ဆရာကြီး ခုလိုဖြစ်ရပြီ"
ပြောလည်း ပြော အံကိုကြိတ်ရင်း ယူကြုံးမရစွာဖြင့် မျက်ရည်များလည်း တသွင်သွင် စီးကျလာသည်။

ကြေကွဲဝမ်းနည်းမှုများစွာဖြင့် လေးပင်နေသော ခြေထောက်များကို စိုးရိမ်စိတ်ဖြင့် ခပ်သွက်သွက် လှမ်းပြီး စခန်းဆီသို့ အမြန်ပြန်လာခဲ့ကြသည်။ စခန်းပြန်ရောက်လို့  ဖြစ်ကြောင်းကုန်စင်ကိုလည်း သတင်းပို့ပြီးလေပြီ။ ဆရာကြီး အောင်ကျော်သိန်းကား ပေါ်မလာတော့။

ဖြစ်စဉ်ကို သိလျှင် သိခြင်း  တပ်၊ လုံထိန်း ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေး တာဝန်ရှိသူများသည် နံနက် ၂ နာရီခန့်တွင် ယင်းဘင်္ဂါလီရွာကို ရောက်ရှိကာ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းနှင့် ကျန်ရစ်ခဲ့သော သေနတ်ကို ထုတ်ပေးရန် ဘင်္ဂါလီများကို ပြောသည်။ သို့သော် အကြောင်းမထူး။
ဆရာကြီး အောင်ကျော်သိန်းကို  ရှာမရတော့။

တာဝန်ရှိသူတွေကလည်း မိမိတို့ ၀န်ထမ်းအတွက် မရမက စစ်ဆေးမေးမြန်းစုံစမ်းသည်။
ဇန်နဝါရီ ၁၇ ရက် နံနက် ၁၁ နာရီအချိန် တွင်ဒုချီးရားတန်း အလယ်ရွာ စာသင်ကျောင်း အနီးမှာရှိသော အစ္စလာမ်ဗလီမှ ဗလီအစောင့် ဘူအာလောင် (၅ဝ)နှစ် (ဘ) ဘောလီအာလောင်၏ ထွက်ဆိုချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များမှ သက်သေများနှင့် ရှာဖွေရာ ဗလီအနောက်ဘက် အမှိုက်ကျင်း အတွင်းမှ တပ်ကြပ်ကြီး ဝတ်ဆင်ခဲ့သော ရဲတံဆိပ်ပါ နက်ပြာရောင်အင်္ကျီ လက်ရှည်တစ်ထည်၊ ရဲတံဆိပ်ပါ ခါးပတ်တစ်ခု ပြောက်ကျားလည်ဆွဲ ဖိနပ်တစ်ရန် ဇစ်ဆွဲပြုတ်တစ်ခု၊ အတွင်းခံဝတ်ခဲရောင် လက်ရှည်အင်္ကျီ တစ်ထည်အား ဗလီ၏ အရှေ့တောင်ဘက် ၁ဝ ကိုက်ခန့်အကွာ အာရ်ဗီစာသင်ကျောင်းဝင်း အုတ်ခုံအနီးမှ လက်ကိုင်ဇစ်တစ်ခု တွေ့ရှိရပြီး ယင်းအာရ်ဗီစာသင်ကျောင်း နှစ်ထပ်ဗီရို အောက်ဆုံးထပ်မှ ရဲသုံးစတီးခရာတစ်ခု သိမ်းဆည်းရမိခဲ့သည်။

ပြည်သူ့ဝန်ထမ်းတစ်ဦးဖြစ်သူ၊ ပြည်သူများ လုံခြုံရေးအတွက် နေ့ည မခွဲခြားဘဲ ကင်းလှည့်စောင့်ရှောက်ပေးသူ ၊ မိမိတို့၏ အသက် အန္တရာယ်ကို ရန်မူရန်လာသည့် လူတွေအပေါ် မိမိမှာ ပါသော လက်နက်ဖြင့် ပစ်ခတ်၍ မိမိကိုယ်ကို ခုခံ ကာကွယ်နိုင်ခွင့် ရှိလင့်ကစား လက်လွတ်စပယ်မလုပ်ခဲ့သူ၊ ၊ လူကို လူချင်း သဘောထား၍ မိမိလုပ်ရပ်ကြောင့် တဖက်သား အသက်ဆုံးရှုံးမှာကို မလိုလားဘဲ စိတ်နှလုံးဖြူစင် မြင့်မြတ်၍  ပစ်ရန်ကြံသည် မိမိရဲဘော်ကို မပစ်ရန်  တားမြစ်ကာ  ခြောက်လှန့်သည့်အနေဖြင့်သာမိုးပေါ်ထောင်ပစ်ခဲ့သူတပ်ကြပ်ကြီးအောင်ကျော်သိန်း
တစ်ယောက်လူသားချင်းစာနာမှုဆိုသော လူ့အခွင့်အရေးကို အခွင့်ကောင်းယူ၍ စဉ်းစားဆင်ခြင်မှု မရှိသည့် လူအုပ်စု တစ်စု၏ လက်ထဲတွင် ပြည်သူ့တာဝန်ထမ်းဆောင်ရင်း ရေတိမ်နစ်သွားသည်မှာ ကျိန်းသေသလောက် ရှိနေပြီတကား။  ကူညီပါရစေ ဆိုသော ၀န်ထမ်းများသည်လည်း လူသာဖြစ်၍ သူတို့အတွက်လည်းပြန်ကူညီမည့်သူများ အပြန်အလှန် ပေါ်ပေါက်လာပါစေဟု ဆုတောင်းရင်း...။   ။

(မှတ်ချက်။ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့ ည ၁၀ နာရီခန့်တွင် ညဘက်ကင်းလှည့်ရင်း ဒုချီးရာတန်းရွာ
အရောက် ဘင်္ဂါလီတို့၏ ရန်ပြုခြင်း ခံရပြီး ပျောက်ဆုံးသွားခဲ့သော အလုပ်တွင်တာဝန်ကျေပွန်၍ အထက်လူကြီးများ ချီးကျူးခြင်းခံရသူ၊ လက်အောက်ကိုသနားညှာတာတတ်၍  လူအများကို ကူညီ တတ်သူ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းသည် ယခုတိုင် ဘင်္ဂါလီများလက်ထဲမှ ပြန်မရ၊ ရှာမတွေ့နိုင်သေးပါ။)

မျိုးမြင့်သူ

0 comments:

Post a Comment

 
Twitter Bird Gadget