ထိုင်းနိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်လာတဲ့ မွတ်စလင် ရိုဟင်ဂျာ ဒုက္ခသည်အယောက်ပေါင်း ငါးရာကျော်ကို ထိုင်းအာဏာပိုင်တွေက တွေ့ရှိထိန်းသိမ်းလိုက်ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကပဲ ထိုင်းနိုင်ငံတောင်ပိုင်းနဲ့ မလေးရှားနိုင်ငံ နယ်စပ်က ရာဘာစိုက်ခင်းခြံတခုအတွင်းမှာ ထိုင်းအာဏာကာပိုင်တွေက ၀င်ရောက်စီးနှင်းပြီး အသက် ငါးနှစ်အရွယ်ကလေးငယ် တစ်ဦးအပါအ၀င် လူပေါင်း ၅၃၀ နီးပါး ပါဝင်တဲ့ မွတ်စလင် ရိုဟင်ဂျာတွေကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်ပြီးနောက်ပိုင်း ကစပြီးတော့ ထောင်နဲ့ချီတဲ့ မွတ်စလင် ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံနဲ့ အိမ်နီချင်းဖြစ်တဲ့ နိုင်ငံတွေဆီကို ထွက်ပြေးထိမ်းရှောင်ခဲ့ကြပြီး အများစုကတော့ မလေးရှားနိုင်ငံမှာ ပုန်းအောင်းနေကြတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
အခုလို ထွက်ပြေးကြရာကနေ တချို့က လူကုန်ကူးသူတွေရဲ့ လက်ထဲကိုရောက်သွားတာဖြစ်တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ဆိုပါတယ်။
မွတ်စလင် ရိုဟင်ဂျာတွေ လူကုန်ကူးသူတွေလက်ထဲ ရောက်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ထိုင်းစစ်တပ်က တာဝန်ရှိသူတွေလည်း ပါဝင်ပတ်သက်မှုရှိတယ်လို့ စွပ်စွဲချက်တွေထွက်ပေါ်လာတဲ့အတွက် ထိုင်းနိုင်ငံကလည်း စုံစမ်းစစ် ဆေးမှုတွေလုပ်နေတာဖြစ်ပါတယ်။
![]() |
| အရင်က ထိုင်းနိုင်ငံထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မွတ်စလင် ရိုဟင်ဂျာတွေ (Credit: AFP) |







0 comments:
Post a Comment