Friday, January 24, 2014

နယူးယောက် မြို့တွင် နှင်းမုန်တိုင်း ဝင်ရောက် တိုက်ခတ်မှုကြောင့် အရေးပေါ် အခြေအနေ ထုတ်ပြန်


နယူးယောက် ဇန်နဝါရီ ၂၃

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ တစ်ဝန်းသို့ နှင်းမုန်တိုင်း ဝင်ရောက်တိုက်ခတ် မှုကြောင့် ပြည် နယ် အစိုးရမှ အရေးပေါ် အခြေအနေ တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါ နှင်းမုန်တိုင်းသည် ဆူဖ်ဖိုလက်စ်၊ နာဆူ၊ ရစ်ခ်ျမွန်း၊ ကင်းစ်၊ ကွင်းစ်၊ နယူးယောက်၊ ဘရွန့်ခ်ျ၊ ဝက်စ်ချက် စတာနှင့် ရော့ခ်လန်း ခရိုင်များ အတွင်းသို့ ဝင်ရောက်တိုက်ခတ် လာနိုင်ဖွယ် ရှိကြောင်း နယူးယောက် ပြည်နယ် အုပ်ချုပ်ရေးမှူး အန်ဒရူး ကူမိုက သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ထို့အပြင် Long Island ၊နယူးယောက်မြို့နှင့် Lower Hudson တောင်ကြား၌လည်း နှင်းများ ထူထပ်စွာ ကျရောက်၍ လေပြင်းများ တိုက်ခတ်လာနိုင် သောကြောင့် သဘာဝ ဘေးအန္တရာယ် စောင့်ကြည့်ရေး စင်တာ အနေဖြင့် လေ့လာ စောင့်ကြည့်မှုများ ပြုလုပ်ရန် ကူမိုက တိုက်တွန်းထားကြောင်း သိရသည်။

အလားတူ နှင်းမုန်တိုင်း တိုက်ခတ် ခံခဲ့ရသော အခြား ဒေသများ တွင်လည်း ထိခိုက် ပျက်စီးမှု များအား ကူညီရန်နှင့် နှင်းများကို ရှင်းလင်းရန် ကယ်ဆယ်ရေး ဝန်ထမ်း များအား စေလွှတ်ခဲ့ပြီး ဒေသခံ ပြည်သူများ အနေဖြင့်လည်း ခရီး သွားလာမှု များကို ရှောင်ရှား၍ သတိရှိစွာ နေထိုင်ကြရန် အာဏာပိုင် များက သတိ ပေးထားသည်။

အမေရိကန် ပြည်ထောင်စု အရှေ့ဘက် ကမ်းရိုးတန်း ဒေသတွင် ဇန်နဝါရီ ၂၁ ရက်က နှင်းမုန်တိုင်း တိုက်ခတ်ခဲ့ရာ ပြည်တွင်း ပြည်ပသို့ ပြေးဆွဲသည့် လေယာဉ် ခရီးစဉ် ၂ဝဝဝ ကျော်ကို ဖျက်သိမ်း ခဲ့ရကြောင်း သိရသည်

0 comments:

Post a Comment

 
Twitter Bird Gadget