မုဒိမ်းမှုများ အရေးယူပေးရန် ဆန္ဒပြမှု ဖြစ်ပွားခဲ့သည့်
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘိုင်ချရီ မြို့နယ်တွင် ရခိုင်မျိုးနွယ်စုဝင် အသက်
၁၃ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ထပ်မံမုဒိမ်းကျင့် ခံရကြောင်း အဆိုပါ
အမျိုးသမီးငယ်၏ မိသားစုများထံမှ သိရှိရသည်။
ဘိုင်ချရီမြို့နယ်
င/ရချေခေါ် ရခိုင် တိုင်းရင်းသားရွာမှ ကျောင်းသူတစ်ဦး ဇန်နဝါရီလ ၁၅ ရက်နေ့
ညပိုင်းက ဘုန်းကြီး ဈာပနပွဲအတွက် အကလေ့ကျင့်နေရာမှ ပြန်လာသည့် လမ်းတွင်
ဘာသာခြားတစ်ဦးက အဓမ္မ ခေါ်ဆောင်ကာ မုဒိမ်းမှု ကျူးလွန်ခဲ့ကြောင်း အဆိုပါ
အမျိုးသမီးငယ်၏ မိခင်က ပြောကြားသည်။
မုဒိမ်းမှု ကျူးလွန်ခဲ့သူဟု
ဆိုသူကို ဘန်ဒရိုဘန်ခရိုင် ရဲစခန်းက ဖမ်းဆီးစစ်ဆေးနေပြီး
မုဒိမ်းကျင့်ခံခဲ့ရသည့် အမျိုးသမီးငယ်ကိုလည်း ဆေးစစ်ချက်ရယူရန်
ဘန်ဘရိုင်ဘန်သို့ ခေါ်ဆောင်သွားကြောင်း ၎င်းကဆိုသည်။
ဘင်္ဂလားဒေ့ရှ်တွင်
လွန်ခဲ့သည့် ရက်ပိုင်းကလည်း ရခိုင် အမျိုးသမီးတစ်ဦး၊ ဟိန္ဒူဘာသာဝင်
အမျိုးသမီးနှစ်ဦး မုဒိမ်းကျင့်ခံရမှု၊ နေအိမ်များ မီးရှို့ခံရမှုတို့ကြောင့်
ယင်းကိစ္စများကို အရေးယူပေးရန် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်များနှင့်
ဟိန္ဒူ ဘာသာဝင် စုစုပေါင်း လူသုံးထောင်ခန့်သည် ဇန်နဝါရီလ ၁၁ ရက်နေ့က
ဖလောင်း ချိတ်မြို့တွင် ဆန္ဒပြခဲ့ကြသည်။
Sunday, January 19, 2014
Subscribe to:
Post Comments (Atom)







0 comments:
Post a Comment