Friday, January 24, 2014

“ကမ္ဘာကျော် ဂဏန်းသုံးလုံး ဖြစ်သော ၉၆၉ သမိုင်း”

 
(အထက်မြန်မာပြည် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့မန္တလေး)အတုမရှိသံဃာ့ညီလာခံကြီး၌
မြန်နန်းဆရာတော် ဦးသဒ္ဓမ္မ ဖတ်ကြားသော ကမ္ဘာကျော် ဂဏန်းသုံးလုံးဖြစ်သော ၉၆၉ သမိုင်း)

၉၆၉ ဂဏန်းသုံးလုံးကို စာရေးဆရာနှစ်ဘက်လှ ဦးကျော်လွင်ထံမှ စတင်တွေ့ရှိခဲ့ပါသည်။ နှစ်ဘက်လှ ဦးကျော်လွင်၏ နှစ်ဘက်လှ၏ နှစ်ဘက်လှများ စာအုပ်မျက်နှာဖုံး၌ ၉၆၉ ဂဏန်းလေးများ ဝေဝေဆာ ဆာ ရေးထိုးထားသည်ကို တွေ့ရပါသည်။

ဆရာတော်ဦးဝီရသူသည် ဦးကျော်လွင်ထံမှ ရရှိသော ၉၆၉ သင်္ကေတကို ကျယ်ပြန့်စွာသုံးစွဲကြဖို့ ၂ဝဝ၁၊ ၂ဝဝ၂၊ ၂ဝဝ၃ သုံးနှစ်သုံးမိုး အမျိုးသားရေး တရားပွဲများ၌ လှည့်လည်ဟောကြားခဲ့ပါသည်။ သို့သော် စတေကာများ မပေါ်သေးသောကြောင့် ၎င်းနောက်ခံ ဘက်ကရောင်း အင်အားမရှိသေးသောကြောင့် လည်းကောင်း၊ ယခုကဲ့သို့ ကျယ်ပြန့်မှုမရှိခဲ့ခြင်း ဖြစ်ပါသည်။

ခရစ်နှစ် ၂ဝ၁၂ ဇွန်လ ၈ ရက်နေ့ မောင်တောမြို့နှင့် ရခိုင်ပြည်အရေးအခင်းကြီး ဖြစ်ပွားပြီးသည့် အချိန် တွင်မော်လမြိုင်မြို့ မဟာမြိုင်ပရိယတ္တိစာသင်တိုက်၊ တိုက်အုပ်ဆရာတော်လေး အရှင်ဝိမလာဘိဝံသ ဦးဆောင်သော မော်လမြိုင်မြို့၊ ဂိုဏ်းပေါင်းစုံ စာချဆရာတော်များ၊ ကျောင်းထိုင်ဆရာတော်များဖြင့် ဖွဲ့စည်း ထား သော ဂဏဝါစကသံဃာ့ကွန်ယက်မှ ၉၆၉ ကို ဒီဇိုင်းရေးစွဲကာ စတေကာများဖြင့် အရှိန်အဟုန်ပြင်း စွာ ဖြန့်ချီခဲ့ သောကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ပြန့်ခဲ့ရခြင်း ဖြစ်ပါသည်။

ထိုအချိန်မှစ၍ ဂဏဝါစကသံဃာ့ကွန်ယက်သည် ၉၆၉အဖွဲ့အဖြစ်လည်းကောင်း၊ မော်လမြိုင်မြို့သည် ၆၉၆ မြို့တော်အဖြစ်လည်းကောင်း ထင်ရှားခဲ့ရခြင်း ဖြစ်ပါသည်။

မော်လမြိုင်မြို့၊ မြစေတီရဲကျောင်း ပရိယတ္တိစာသင်တိုက်ကြီး၏ အဓိပတိမဟာနာယက ဆရာတော်ကြီး ဘဒ္ဒန္တ ဝိမလဗုဒ္ဓိအထံမှ သိရှိခဲ့ရသည်မှာ ဆရာနှစ်ဘက်လှဦးကျော်လွင် ၁၉၉၁ ခုနှစ်၌ တနင်္လာရီတိုင်း၊ ထားဝယ်မြို့၊ ယဉ်ငေးမဟာစည် သာသနာ့ရိပ်သာသို့ ရောက်နှင့်ကြောင်း ပဓာနနာယက ဆရာတော်ကြီး ဘဒ္ဒန္တ ဣန္ဒြိယဝံသ တီထွင်ထားသော ၉၆၉ ဂဏန်းကို တွေ့ရှိသွားခဲ့ကြောင်း သဘောကျ ကြည်ညို၍ နှစ် ဘက်လှ ဦးကျော်လွင် ကိုယ်တိုင် သုံးစွဲခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

ထားဝယ်မြို့၊ ယဉ်ငေးရိပ်သာ ဆရာတော် ဘဒ္ဒန္တ ဣန္ဒြိယဝံသသည် ၁၉၈၆ ခု၌ မော်လမြိုင်၊ ကျုံကဒိုး သင်္ဘောပေါ်မှ တွေ့ရှိရသော ဂုန်နီအိပ်အပြည့် မော်လဝီနှင့်ယောဂီ စာတမ်းပါ ၇၈၆ စီမံကိန်းကို တွေ့ရှိခဲ့ရာမှ ထားဝယ်မြို့သို့ရောက်သောအခါ ၉၆၉ ဂဏန်းကို တီထွင်ခဲ့ကြောင်း သိရပါသည်။

ဆရာတော်ဦးဝီရသူနှင့် ဆရာတော်ဦးဣန္ဒာစက္ကတို့ မန္တလေးတိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ၊ မစိုးရိမ်တိုက်ကြီး၊ ပါဠိနယူပဒေသကျောင်း ဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသထံ ရောက်ရှိသောအခါ ဆရာတော်ကြီးက ၉၆၉ ဆိုတာ အခုမှ အသစ်အဆန်းလုပ်နေကြတာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁ဝဝ ကျော် က ပေါ်ပေါက်ခဲ့တာ ဖြစ်ကြောင်း မိန့်တော်မူခဲ့ပါသည်။ မဃဒေဝလင်္ကာကို ကိုးကားကာ မိန့်တော်မူခဲ့ ပါသည်။

“အရဟံ သွက္ခာတ၊ စသည့်သုပဋိပ်၊ မာရ်နိပ်ပယ်ဖျောက်၊ ကိုးခြောက်နဝ၊ တုမရသည့်၊ နုဿရ ဂုဏ်ထူး၊ ကျေးဇူးဖြိုးပုံ၊ ဘေးမျိုးလုံကို၊ အာရုံမြတ်နိုး၊ မပြတ်ကိုးလျက်၊ ရှိခိုးနေ့ည၊ (ဆည်းကပ်ကြလော့)။ (မဃဒေဝ။ ၅၄၄။)” မှာ ပါရှိသော ကိုးခြောက် နဝ ဟူသည် ၉၆၉ ပင်ဖြစ်ကြောင်း တွေ့ရှိရပါသည်။

မဃဒေဝ လင်္ကာသစ်ကျမ်းကြီးကို ကျေးဇူးရှင် မန်လည်ဆရာတော်ကြီးက ၁၂၆၆ ခုနှစ်မှာ ရေတွက်ကြည့် လျှင် ၁ဝ၉ ခုနှစ်ရှိခဲ့ပြီဖြစ်ကြောင်း အဆိုပါ မဃဒေဝလင်္ကာသစ်ကျမ်းကြီးကို စတင်ထုတ်ဝေသည်မှာ ၁၂၇၆ ခုနှစ်က ဖြစ်ကြောင်း ထုတ်ဝေသည့် ခုနှစ်ကိုကြည့်လျှင် ၉၆၉ ဂဏန်းပေါ်ပေါက်ခဲ့သည်မှာ ၉၉ နှစ်ကြာမြှင့် ခဲ့ပြီ ဖြစ်ကြောင်း သိရှိရပါသည်။

သို့ဖြစ်ပါ၍ ကျေးဇူးရှင်မန်လည်ဆရာတော်ဘုရားကြီးကပင် ရတနာသုံးပါး၊ ဂုဏ်တော်များကို သဒ္ဓါကြည် ညိုစိတ် ဖြင့် အထွဋ်တင် ကပွန်းတပ်ခဲ့သော ငြိမ်းချမ်းရေးသင်္ကေတ ၉၆၉ အမှတ်တံဆိပ်ကို ဗုဒ္ဓဘာသာဝင် မှန်သမျှ အမြတ်တနိုး တန်ဖိုးထားကြစေလိုကြောင်း ဆုတောင်းပတ္တနာ ပြုအပ်ပါသတည်း။

0 comments:

Post a Comment

 
Twitter Bird Gadget