မြန်မာဒေးလီးစတား သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ အကယ်ဒမီ
ထက်ထက်မိုးဦးရဲ့ အမျိုးသားဖြစ် သူ သရုပ်ဆောင်၊ အဆိုတော် ဇူးမြတ်ထက်
တစ်ယောက် ရိုက်ကွင်းပေါ်မှာ ဓားနဲ့ မတော်တဆထိုးခံရပြီး ပွဲချင်းပြီး
သေဆုံးသွားတယ်ဆိုတဲ့ သတင်းကြောင့် ပရိသတ်တချို့ ဝေေ၀၀ါးဝါးဖြစ်ခဲ့ရပြီး
တကယ်တမ်းမှာ တော့ ဇာတ်ဝင်ခန်းမှာသာ ဟန်ဆောင်သေဆုံးတာ ဖြစ်တယ်လို့
ရိုက်ကွင်းပေါ်မှာ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး သဉ္ဇာနွယ်ဝင်းက
မြန်မာတိုင်း(မ်) ကို ပြောပါတယ်။
ဇူးမြတ်ထက်နဲ့ သဉ္ဇာနွယ်ဝင်းတို့ဟာ ဒါရိုက်တာ နန္ဒကျော် ရိုက်ကူးတဲ့
'မနှိုးပါနဲ့ မိုးရယ်' ဗီဒီယို ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပြီး
သတင်းထွက်ခဲ့တဲ့ ဓားထိုးခံရတဲ့ ဇာတ်ဝင်ခန်းကို တော့ ဒီဇင်ဘာလ ၂၄ ရက် နေ့ညက
ရိုက်ကူးခဲ့တာဖြစ်တယ်လို့လည်း မင်းသမီးက ပြောပြပါ တယ်။
ဝက်ဘ်ဆိုက်ပေါ်မှာ သတင်းတက်လာတာကတော့ ဒီဇင်ဘာလ ၂၆ ရက် နေ့မှာဖြစ်ပြီး
ရိုက်ကွင်း ပေါ်မှာ သရုပ်ဆောင်နေကြတဲ့ ဓာတ်ပုံတစ်ပုံကိုလည်း
တွဲဖက်ဖော်ပြထားပါတယ်။
"အဲဒါက ဇာတ်ဝင်ခန်း သက်သက်ပါ။ တကယ်သေသွားတာ မဟုတ်ပါဘူး။
နောက်ဆုံးခန်းမှာ ဦးထွန်းထွန်း ၀င်းက ငှက်ကြီးတောင်ဓားနဲ့ ထိုးလို့
သေသွားတဲ့အခန်းပါ။ အပြင်မှာ ဘာမှမဖြစ်ပါဘူး" လို့ မင်းသမီး သဉ္ဇာနွယ်ဝင်းက
ပြောပါတယ်။
ရိုက်ကွင်းပေါ်မှာ ဇူးမြတ်ထက်ကို ဓားနဲ့ထိုးတဲ့အခန်းကို သရုပ်ဆောင်ခဲ့တဲ့
မင်းသားကြီး ထွန်းထွန်းဝင်း ကလည်း ၀က်ဘ်ဆိုက်ပေါ်က သတင်းက မမှန်ပါဘူးလို့
ဆိုပါတယ်။
"ဘယ်သူက အဲဇာတ်ဝင်ခန်းပုံကို အင်တာနက်ပေါ်တင်ပြီး အဲလို သတင်းရေးတာလည်း
မသိပါဘူး။ တကယ်က မဟုတ်ပါဘူး။ ရုပ်ရှင် သက်သက်ဖြစ်ပါတယ်"လို့ ပြောပါတယ်။
"အဲသလိုမဟုတ်တဲ့ သတင်းတွေကို ဖော်ပြနေတာက တော်တော်ဆိုးတယ်။
ကာယကံရှင် အတွက်ကော၊ ပြည်သူလူထုကော၊ ပရိသတ်ကပါ ဇဝေဇ၀ါဖြစ်ရတယ်။
မကောင်းပါဘူး၊ မလုပ်ကြ ပါနဲ့လို့ပဲ ပြောချင်တယ်" လို့ ဦးထွန်းထွန်းဝင်းက
ထပ်ပြောပါတယ်။
ပရိသတ်တစ်ဦးကတော့ ဇူးမြတ်ထက်ရဲ့ သတင်းကို ကြားလိုက်ရချိန်မှာ
ထက်ထက်မိုးဦးတို့ မိသားစု အတွက် အရမ်းကို စိတ်မကောင်းဖြစ်မိသွားတယ်လို့
ဆိုပါတယ်။
"မနက်ပိုင်း အင်တာနက်ဖွင့်ပြီး သတင်းတွေလျှောက်ကြည့်တော့ အဲဒီသတင်းက
ပေါ်လာတာ။ ထက်ထက် မိုးဦးတော့ ကံဆိုးပြီးလို့ တွေးနေတာ"လို့ အိုင်တီပညာရှင်
တစ်ဦး ဖြစ်တဲ့ ကိုဇေယျာက ပြောပါတယ်။
စာရင်းကိုင်တစ်ဦးဖြစ်တဲ့ မ၀င့်ငြိမ်းကတော့ တက်လာတဲ့
မကောင်းသတင်းကိုတွေ့ပေမယ့် သေချာတဲ့ သတင်းရင်းမြစ်လည်း ထည့်မထားတာကြောင့်
မဖြစ်နိုင်တဲ့သတင်းလို့ပဲ တွေးမိတယ်လို့ ဆိုပါတယ်။
0 comments:
Post a Comment