Thursday, January 23, 2014

ကမ္ဘာကြီးပေါ်ကထူးဆန်းတဲ့ဓလေ့များ _ ကလေးပစ်ချတဲ့ပွဲတော်

art.baby.thrown.cnn.jpg
အိန္ဒိယက ထူးဆန်းတဲ့ပွဲတော်တစ်ခုကတော့ အမြင့်ပေ ၅၀လောက်မြင့်တဲ့ နေရာကနေ ကလေးတွေကို ပစ်ချတဲ့ပွဲတော်ဖြစ်ပါတယ်။ အိန္ဒိယက ဟင်ဒူနဲ့ မူဆလင်တွေ ဒီပွဲတော်ကို ကျင်းပခဲ့တာနှစ်၇၀၀လောက်ရှိ ပါပြီ။ဒီအလေ့အထကို အိန္ဒိယမဟာရာရှထရာဒေသ ကဟင်ဒူနဲ့ မူဆလင်ဘာသာဝင်တွေ အများဆုံးလုပ်ဆောင်ကြပါတယ်။

တနှစ်မှာတခါ ကျင်းပလေ့ရှိပြီး ဒီလို ပစ်ချခြင်းဟာ ကလေးငယ်ကိုကျန်းမာစေ တယ်။ကံကောင်းစေတယ် လို့ ယူဆကြပါတယ်။ကလေးတွေကိုပစ်ချလိုက်ပြီး အောက်က အိပ်ယာခင်းနဲ့ ခံထားပါတယ်။ ကလေးကျသွားပြီဆို တာနဲ့ သူတို့ မိခင်ဆီမြန်မြန်ပဲလက်ဆင့်ကမ်းပေးလိုက်ပါတယ်။
ကလေးအများစုကတော့ အသက်၂ နှစ်အောက်ကလေးတွေဖြစ်ပါတယ်။ ဒီလိုကျင်းပခဲ့တဲ့အတွက် ကလေးတစ်ယောက်မှ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူးလို့ ရွာသားတွေပြောကြပါတယ်။

ဒီဓလေ့ကို အိန္ဒိယရဲ့ တောပိုင်းရွာငယ်လေးတွေမှာအများဆုံးလုပ်လေ့ရှိကြပါတယ်။
ဒီပွဲတော်မှာ ပါဝင်ချင်တဲ့ မိဘများက ဘာဘာရှိတ်အူမာဆာဟက်(ဒါမှမဟုတ်)ဘုရားကျောင်းမှာ အဓိဌာန်ပြုရပါတယ်။ရွာသားတွေကတော့ ဒီပွဲတော်ကျင်းပခြင်းဟာကျေးဇူးတင်ခြင်းဖော်ပြတဲ့ နည်းလမ်းတစ်ခုလို့ ဆိုကြပါတယ်။အန္တရာယ်ရှိတယ်လို့ ယူဆပြီး ၂၀၁၁မှာ ပိတ်ပင်ခဲ့ပေမယ့် ဆက်လက်ကျင်းပနေကြတုန်းပါပဲ။

0 comments:

Post a Comment

 
Twitter Bird Gadget