နိုင်ငံရေးပွင့်လင်းမှုတွေ စတင်ခဲ့တဲ့မြန်မာနိုင်ငံကို နိုင်ငံတကာက
စိတ်ဝင်စားတဲ့အထဲ ကချင်ပြည်နယ်က အစိုးရတပ်နဲ့ဖြစ်ပွားနေတဲ့
ပြည်တွင်းစစ်ဖြစ်တာကြောင့် Miss International 2013 ပွဲမှာ ကချင်ဝတ်စုံနဲ့
ယှဉ်ပြိုင်ခဲ့တယ်လို့ ဂုဏ်ရည်အေးကျော်က ဆိုပါတယ်။
ဂျပန်နိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာအလှမယ် ဂုဏ်ရည်အေးကျော်က ပြိုင်ပွဲမှာသူရခဲ့တဲ့အတွေ့အကြုံတွေကို ဇန်နဝါရီ ၁၄ရက်နေ့မှာ ရှင်းလင်းခဲ့ပြီး အလှမယ်တစ်ယောက်ဟာ လှတာတင်မကဘဲ ဗဟုသုတဘယ်လောက်ရှိဖို့လိုလဲဆို တာကို ပြောဆိုသွားခဲ့ပါတယ်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ရုံးမှာ ကျင်းပတဲ့
ဒီရှင်းလင်းပွဲမှာ နောင်နှစ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာအလှမယ်တွေ
စာဖတ်ဖို့အရေးကြီးတယ်လို့ ဂုဏ်ရည်အေးကျော်က ဆိုပါတယ်။







0 comments:
Post a Comment