Sunday, January 19, 2014

ပဉ္စမအကြိမ် ကလေးစစ်သား ၉၅ ဦး နှုတ်ထွက်ခွင့်ပြု

 
ကလေးစစ်သား ၉၅ ယောက်ကို စစ်မှုထမ်းခြင်းက နှုတ်ထွက်ခွင့်ပြုပြီး မိဘတွေထံကို ပြန်လည် အပ်နှံတဲ့ အခမ်းအနားကို ဇန်န၀ါရီလ ၁၈ ရက်နေ့က ရန်ကုန်မြို့ ဒညင်းကုန်း စစ်ကြောရေးစခန်း မှာ ပြုလုပ်ခဲ့ပါတယ်။
၂၀၀၄ ခုနှစ်ကနေ ၂၀၁၂ အထိ ကလေးစစ်သား စုစုပေါင်း ၅၉၇ ယောက်ကို ပြန်လွှတ်ပေးခဲ့ပြီး ဥပဒေချိုးဖောက်သူ အရာရှိ ၃၀ ကျော် အပါအ၀င် စစ်သည် ၂၂၆ ယောက်ကို အပြစ်ပေး အရေးယူပြီး ဖြစ်တယ်လို့ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် သန်းစိုးက မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားပါတယ်။

အဲ့ဒီ အခမ်းအနားမှာ ကလေးစစ်သားတွေကို စစ်မှုထမ်းဆောင်ခြင်းက ရပ်စဲခွင့် စာရွက်စာတမ်းတွေ ပေးအပ်ခဲ့ သလို အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ ကလေးစစ်သားတွေကို နိုင်ငံသားစိစစ်ရေး ကတ်ပြားတွေ ထုတ်ပေးခဲ့ ပါတယ်။
တပ်မတော်နဲ့ ကုလသမဂ္ဂ လက်အောင်ခံအဖွဲ့ဖြစ်တဲ့ CTFRM အဖွဲ့တို့ ပူးပေါင်းပြီး ကလေးစစ်သားတွေကို ပြန်လွတ်ပေးတာဟာ ပဉ္စမ အကြိမ် ရှိပြီ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် ဇွန် ၂၇ ရက်နေ့က အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီးရန်အတွက် တပ်မတော်မှ ကလေးစစ်သားတွေ ပပျောက်ဖို့ ကုသမဂ္ဂ CTFRM အဖွဲ့နဲ့ လက်မှတ်ရေးထိုး ထားပြီး ကလေးစစ်သားပပျောက်ဖို့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။

0 comments:

Post a Comment

 
Twitter Bird Gadget