ရန်ကုန် ၊ ဇန်နဝါရီ ၇ ။ ။ နိုင်ငံ့ဝန် ထမ်းများအား အခြေခံ လစာ ကျပ်၂ဝဝဝဝစီ
လာမည့်ဧပြီလ တွင်စတင်၍ တိုးမြှင့်ပေးသွား မည်ဖြစ်ကြောင်း နိုင်ငံတော်
သမ္မတဦးသိန်းစိန်က ပြောကြား လိုက်သည်။
ဇန်နဝါရီရရက်တွင် နေ ပြည်တော်
ရှိ နိုင်ငံတော်သမ္မတ ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ် သောဘဏ္ဍာရေး ကော်မရှင်
အစည်းအဝေး (၁/၂၀၁၄)တွင် လာမည့်ဧပြီတွင် စတင်မည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် တွင်
နိုင်ငံ့ဝန်ထမ်းလစာများ အား ကျပ်၂ဝဝဝဝ စီတိုး မြှင့်ပေး
သွားမည်ဖြစ်ကြောင်း ပြော ကြားခဲ့ခြင်းဖြစ်သည်။
''၂၀၁၃-၂၀၁၄ ဘဏ္ဍာ
ရေးနှစ်မှာ ပြည်ထောင်စုအစိုး ရအနေနဲ့ နိုင်ငံ့ဝန်ထမ်းများရဲ့
လစာနှင့်စရိတ်၊ ပင်စင်လစာနှင့် ဆုကြေးများကို တိုးမြှင့်သတ်
မှတ်ပေးခဲ့ပါတယ်။ အခုလာမယ့် ဘဏ္ဍာရေးနှစ်အရ အသုံးခန့် မှန်းခြေငွေစာရင်းမှာလဲ
နိုင်ငံ့ ဝန်ထမ်း များရဲ့လစာငွေကို ကျပ် ၂ဝဝဝဝတိုးမြှင့်ပေးရန်နှင့်
ပင်စင် လစာနှင့် ဆုကြေးများကိုလည်း အချိုးကျတိုးမြှင့်ပေးရန် ထည့်
သွင်းလျာထားပါကြောင်း ပြော ကြားလိုပါတယ်''ဟု နိုင်ငံတော် သမ္မတဦးသိန်းစိန်က
ပြောကြား ခဲ့သည်။
နိုင်ငံ တော်၏ တာဝန်ကို ထမ်းဆောင်နေကြသည့် ဝန်
ထမ်းများ၏ လစာနှင့်ထောက် ပံ့ကြေးများကိစ္စနှင့် ပတ်သက် ၍
တိုင်းပြည်၏စီးပွားရေး အ ခြေအနေ၊ ရငွေနှင့် သုံးစွဲရမည့် ငွေ၊
ဘတ်ဂျက်အခြေအနေပေါ် တွင် တွက်ချက်၍ အခါအား လျော်စွာ တိုးမြှင့်ထောက်ပံ့ပေး
သွားမည်ဟု မိမိပြောကြားခဲ့ ကြောင်း၊ ယခုကဲ့သို့ နိုင်ငံ့ဝန်
ထမ်းများ၏လစာနှင့် ထောက် ပံ့ကြေးများ တိုးမြှင့်ပေးနိုင် ရန် အတွက်
နိုင်ငံတော်၏ဘဏ္ဍာ ငွေ အခြေအနေ၊ ငွေကြေးဖောင်း ပွမှုနှင့် စီးပွားရေး
ဖွံ့ဖြိုးတိုး တက် နိုင်မှုအလားအလာ၊ ဖြစ်ပေါ် ရိုက်ခတ်လာနိုင်သည့် အကျိုး
သက်ရောက်မှုများ စသည့်အ ခြေအနေအကြောင်း အရာများ ကို စဉ်းစားသုံးသပ်တွက်ချက်
ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံတော် သမ္မတက ပြောကြားခဲ့သည်။
''လစာတိုးမယ်
ဆိုတော့ ပျော်ပါတယ်။ ဒီထက်ထပ်တိုးဖို့ မျှော်လင့်ပါတယ်။ ကုန်ဈေးနှုန်း
နဲ့ပတ်သက်လို့ကတော့ လစာ တိုးတာကို အခွင့်ကောင်းယူပြီး လိုက်မတိုးဖို့တော့
မျှော်လင့် ပါတယ်။ ဒီလိုကုန်ဈေးနှုန်းတွေ လိုက်မတိုးဖို့လဲ သက်ဆိုင်ရာ
တာဝန်ရှိသူတွေ ဝိုင်းဝန်းထိန်း ပေးဖို့ပြောချင်ပါတယ်။ သမ္မတ ကြီးကို
ကျေးဇူးတင်ပါတယ်''ဟု ရဲတပ်ဖွဲ့ဝန်ထမ်းတစ်ဦးက ပြောသည်။
အမျိုးသား
ဒီမိုကရေစီ ပါတီသစ်ဥက္ကဋ္ဌဌ ဦးသိန်းညွန့် က ''လွှတ်တော်တွေစကတည်း က
ဝန်ထမ်းတွေရဲ့စားဝတ်နေ ရေးအခက်အခဲကိုတွေကို ဖြေ ရှင်းပေးဖို့
ဆွေးနွေးခဲ့ကြပါတယ်။ လခတိုးပေးတာကို ကြိုဆိုပါ တယ်။ ဒါပေမဲ့ ပြည်ထောင်စု
အစိုးရ အနေနဲ့ နိုင်ငံအတွင်းမှာ ငွေကြေးဖောင်းပွမှုတွေ ဘယ် လို
ဖြေရှင်းမလဲဆိုတာကိုလဲ စဉ်းစားသင့်ပါတယ်''ဟုပြော သည်။
စီးပွားရေး
ပညာရှင် ဦးလှ မောင်က ''နိုင်ငံ့ဝန်ထမ်းတွေအ တွက်တော့ ဝမ်းသာတာပေါ့။
ကြာတော့လဲ ဒုံရင်းပဲဖြစ်သွား တာများတယ်။ ဘာဖြစ်လို့လဲ ဆိုတော့
ကုန်ဈေးနှုန်းကလိုက် တက်နေလို့ပါ။ လစာတိုးမယ် ဆိုရင် အစိုးရရဲ့ဘဏ္ဍဍာငွေ ဘယ်
လောက်ရှိလဲ၊ ဘယ်ကငွေနဲ့တိုး ပေးမှာလဲက သိပ်အရေးကြီး တယ်။
မီတာခတိုးကောက်ပြီး လစာတိုးပေးတာတော့ ကုန် ဈေးနှုန်းတက်လာမှာပဲ။ ဘတ်
ဂျက်ငွေပိုလို့၊ တိုင်းပြည်ရဲ့ဝင် ငွေတွေ၊ နိုင်ငံခြားသုံးငွေတွေ
ပိုဝင်လာလို့ တိုးပေး တာ ဆိုရင် ချီးကျူးရမှာပေါ့။ အဲဒါမှာမဟုတ် ရင်
ဝန်ထမ်းနှစ်သန်းရှိရင် နှစ် သောင်းနဲ့ မြှောက်ရင် တစ်လ သန်း လေးသောင်း၊
တစ်နှစ် ၄ဒသမ၅ဘီလီယံက ဘယ်က ရမလဲ အရေးကြီးပါတယ်''ဟု သုံးသပ်ပြောသည်။
ပြင်ဦး လွင်မြို့ စစ်တက္က သိုလ်တွင် တာဝန်ထမ်းဆောင် နေသောဗိုလ်ကြီးတစ်ဦးက
''လခ တိုးပေးတယ်ဆိုတော့ ဝန်ထမ်း အားလုံးအတွက် ကောင်းတာ ပေါ့ဗျာ။ ဒါပေမဲ့
ဖြစ်နေကျအ တိုင်း ကုန်ဈေးနှုန်းက လိုက် တက်ဦးမယ်ဆိုရင်တော့ ဝန်ထမ်း တွေကို
သိသိသာ သာထိခိုက် မှာမဟုတ်ပေမယ့် အောက်ခြေ လူတန်းစားဘဝတွေကိုတော့
ရိုက်ခတ်မှုရှိလာနိုင်ပါတယ်'' ဟု ပြောသည်။
Wednesday, January 8, 2014
Subscribe to:
Post Comments (Atom)







0 comments:
Post a Comment