
အဆိုပါစီမံကိန်းကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီမှစ၍ ကျေးရွာပေါင်း ၁၀၉၆ ရွာအတွက် သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေး အဓိကလုပ်ဆောင်သွားမည်ဖြစ်ပြီး အခြားလိုအပ်သည်များကိုလည်း ထည့်သွင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ကပြောသည်။
““အရင်တုန်းက စံပြရွာဆိုတာ ဆိုင်းဘုတ်တပ်တာ။ စံပြရွာဆိုတာ မတိုးတက်ဘူး။ အခုက တကယ်လုပ်မှာ တိုးတက်အောင် တကယ်လုပ်မှာ””ဟုပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ကဆိုသည်။အဆိုပါကျေးရွာများအား ဆင်းရဲမှုကိုအခြေခံပြီး ကမ္ဘာ့ဘဏ်မှရွေးချယ်သော နည်းစနစ်အတိုင်း ရွေးချယ်ထားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေး ပထမဦးစားပေးအဖြစ် ရွေးချယ်ထားသော ကျေးရွာများမှာ နေပြည်တော်မှ ၁၀ ရွာ၊ ကချင်ပြည်နယ်မှ ၃၄ ရွာ၊ ကယားပြည်နယ်မှ ၁၀ ရွာ၊ ကရင်ပြည်နယ်မှ ၃၅ ရွာ၊ ချင်းပြည်နယ်မှ ၂၉ ရွာ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၁၀၁ ရွာ၊ တနင်္သာရီတိုင်းဒေသကြီးမှ ၂၁ ရွာ၊ ပဲခူးတိုင်းဒေသကြီးမှ ၁၀၉ ရွာ၊ မကွေးတိုင်းဒေသကြီးမှ ၈၁ ရွာ၊ မန္တလေးတိုင်းဒေသကြီးမှ ၇၈ ရွာ၊ မွန်ပြည်နယ်မှ ၂၀ ရွာ၊ ရခိုင်ပြည်နယ်မှ ၆၅ ရွာ၊ ရန်ကုန်တိုင်းဒေသကြီးမှ ၃၅ ရွာ၊ ဧရာဝတီတိုင်းဒေသကြီးမှ ၂၀၁ ရွာနှင့် ရှမ်းပြည်နယ်မှ ၂၆၁ ရွာတို့ဖြစ်သည်။
အဆိုပါကျေးလက်ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းအတွက် နိုင်ငံတကာအလှူရှင်များက ထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး စီမံကိန်းအောင်မြင်ပါက ကျန်ရှိသောကျေးရွာများအား ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း ခြောက်သောင်းကျော် ရှိသည်။
0 comments:
Post a Comment