ဗုဒ္ဓဘာသာဝင်အများစုက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာလျှင် အမျိုးသာသနာမှေးမှိန်နိုင်စရာရှိသည်ဟု ယုံကြည်နေကြ၍ သမ္မဦးသိန်းစိန်ကို ထောက်ခံမဲပေးရန် မိန့်ကြားခြင်းဖြစ်ကြောင်း သီတဂူဆရာတော်က ဆိုသည်။
အမျိုးဘာသာသနာစောင့်ရှောက်ရေး
အဖွဲ့ သြ၀ါဒခံယူပွဲသို့တက်ရောက်နေသည့် NLD ပါတီဝင်အချို့ကလည်း ဆရာတော်၏
တိုက်တွန်းချက်ကို ထောက်ခံ ကြောင်း အဆိုပါပွဲကိုတက်ရောက်နေသည့်
ဦးလှိုင်ထူးအောင်က People Power သို့ ဆက်သွယ်ပြောကြား သည်။
NLD ပါတီအမျိုးသား လွတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးကိုလည်း အမျိုးဘာသာသနာ အကျိုးသယ်ပိုးခဲ့သည့်အတွက်လည်း သြ၀ါဒပေးသည့်ဆရာတော်များက တညီတစ်ညွတ်တည်း ချီးကျူးဂုဏ်ပြုခဲ့ ကြောင်း ၎င်းကမှတ်ချက်ပြုပြောဆိုသည်။
မန္တလေးမြို့ မဟာအတုလ ဝေယံဘုံသာ အတုမရှိကျောင်းတော်ကြီးတွင်ကျင်းပသည့် ပွဲကို မြန်မာနိုင်ငံအရပ်ရပ်မှ ဆရာတော်အပါး ၄၀၀ တက်ရောက်ခဲ့ပြီး လူပုဂ္ဂိုလ် သုံးသောင်းခန့်နှင့် သံဃာအပါး တစ်သောင်းခန့် တက်ရောက်ခဲ့ကြောင်း အထက်မြန်မာပြည်အမျိုးဘာသာ သနာစောင့်ရှောက်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
သတင်းရေးသားသူ-ညီထွန်းသူ
တည်းဖြတ် -EN01

0 comments:
Post a Comment