Monday, January 6, 2014

၂၀၁၄ တွင် GSM လိုင်း လေးသန်း တိုးချဲ့မည်ဟုဆို

 
ရန်ကုန်၊ ဇန်နဝါရီ ၅

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ၂၀၁၄ ခုနှစ်အတွင်း မြန်မာ တစ်နိုင်ငံလုံးတွင် GSM/UMTS (Universal Mobile Telephone System) မိုဘိုင်းလ်ဖုန်းလိုင်းလေးသန်း ထပ်မံတိုးချဲ့မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။
“ဒီတိုးချဲ့တဲ့ လုပ်ငန်းတွေ အပြီးသတ်ဖို့ကို ဇွန်၊ ဇူလိုင်လောက်တော့ အပြီးသတ်နိုင်မယ်လို့ မှန်းထားတယ်” ဟု ၎င်းကဆိုသည်။

ယင်းမိုဘိုင်းလ်ဖုန်းလိုင်း လေးသန်းတွင် GSM စနစ်နှင့် 3G စနစ်နှစ်မျိုးလုံး ပါဝင်မည် ဖြစ်ပြီး အဆိုပါလိုင်းများ အားလုံးပြီးပါက မြန်မာတစ်နိုင်ငံလုံးတွင် တယ်လီဖုန်းလိုင်း အရေအတွက် ခန့်မှန်းခြေ ၁၀ သန်းခန့် ရှိလာမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနထံမှ သိရသည်။

ယခုရက်ပိုင်းအတွင်း ဖုန်းလိုင်းများ မကောင်းရခြင်းမှာ လိုင်းတိုးချဲ့နေခြင်းကြောင့် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မိုဘိုင်းလ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“လိုင်းတိုးချဲ့တာက ပြဿနာ မဟုတ်ပါဘူး။ လိုင်းတိုးချဲ့တိုင်း ဒီလိုခေါ် မရပြုမရ ဖြစ်နေရင်တော့ ရေရှည်မှာ မကောင်းဘူး” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အငြိမ်းစားအရာရှိ ဦးသန်းဦးက ဆိုသည်

0 comments:

Post a Comment

 
Twitter Bird Gadget