ဦးကိုကိုကြီး(၈၈ မျိုးဆက်) ကပြောတယ် တပ်မတော်ဟာ professional တပ်မတော်
ဖြစ်သင့်တယ်တဲ့ မှန်တာပေါ့ ဖြစ်သင့်တာပေါ့ ကျွန်တော်တို့က
ပိုတောင်ဖြစ်ချင်တယ်ဗျ . . . စစ်သား စစ်ပဲတိုက်ချင်တယ် အရေးအခင်းတွေ
အမုန်းခံပြီး လိုက်မထိန်းချင်ဘူး
ရထားလမ်း ကားလမ်း မဖေါက်ချင်ဘူး ပြည်သူ့အကျိုးပြု လုပ်ငန်းလား လုပ်နေတယ်လေ
တိုင်းပြည် ကာကွယ်ဖို့ လေ့ကျင့်နေတယ် ဒီ့အပြင် ကိုယ်နဲ့မဆိုင်တာ
ဝင်မပါချင်ဘူး သစ်ပင်မစိုက်ချင်ဘူး စပါး မစိုက်ချင်ဘူး ဝက်မွေး ကြက်မွေး
နွားမွေး မလုပ်ချင်ဘူး စစ်ဆင်ရေးပြီးရင် အေးအေးဆေးဆေးပဲနားချင်တယ်
ပြည်သူမချစ်ရင်နေပါစေ ပြည်သူမုန်းမှာတော့ ဘယ်စစ်သားမှ မလိုလားပါဘူး . . .
ဒါပေမယ့် စစ်သုံးဝေါဟာရမှာ Professional Army ဆိုတာတော့မရှိဘူးဗျ။
ကမ္ဘာမှာ စစ်တပ် သုံးမျိုးပဲရှိတယ် 1.Mercenary Army 2.Regular Army နဲ့
3.Patriotic Army ဆိုတာပါ . . . Mercenary Army လား ဖြစ်ချင်တာပေါ့ဗျာ
အီရတ်မှာ ပွဲကြမ်းခဲ့တဲ့ အမေရိကန်တွေရဲ့ Black Water လို ကြေးစားတပ်တွေမျိုးလေ
ပိုက်ဆံပေး တောင်းသလောက်သာပေး အကုန်လက်ရဲဇာတ်ရဲ တိုက်ပေးမယ်
တောင်းသလောက် မပေးနိုင်ဘူးလား ထပ်မပြောနဲ့တော့ ပြန်တော့
အဲ့လိုမျိုးတပ်တွေပေါ့ ဘယ်လောက်မိုက်သလဲနော့ . . .
နောက် Regular Army ဖြစ်ချင်တာပေါ့ဗျာ နိုင်ငံတနိုင်ငံရဲ့ ဂုဏ်ယူဖွယ်ရာ
ကာကွယ်ရေးတပ်ဖွဲ့ကြီးပေါ့ လစာရိက္ခာ အပြည့်ပေးထားတယ် ကောင်းကောင်းစား
ကောင်းကောင်းအိပ် ကောင်းကောင်းလေ့ကျင့် အဲ
တိုင်းပြည်အတွက်လိုအပ်လာပြီဆိုရင်တော့ လာခဲ့တော့ တိုက်ကြတော့ သားပစ်
မယားပစ်တိုက်တာပေါ့ဗျာ ထိုင်းစစ်တပ်က
ဗိုလ်တစ်ယောက်လစာ ရှစ်သိန်းကျော် တောင်ကိုရီးယားစစ်တပ်က
ဗိုလ်မှူးတစ်ယောက်လစာ ၇၅ သိန်း အငြိမ်းစားဆို ၂၅ သိန်း Regular Army
တွေပြောပါတယ် စားဝတ်နေရေး ဘာမှကို ပူစရာမလိုဘူး
ပြည်သူ့အကျိုးပြုလုပ်ငန်းလား နိုး နိုး
လာမခိုင်းနဲ့ ကိုယ့်တပ်ထဲက မြောင်းတောင် အရပ်သား company တွေ လာဖေါက်တာ
သူတို့ဆီက ဗိုလ်လောင်းအဆောင်တွေ ကြမ်းတိုက် မှန်တိုက်တာက အစ
အလုပ်သမားပဲလုပ်တာလေ စစ်တိုက်ရန် စစ်တိုက်ရန် မရှိက လေ့ကျင့်ရန် ဒါပဲရှိတယ်
အပိုစာသားတွေမပါဘူး ကဲ ဘယ်လောက်မိုက်လဲဗျာ . . .
နောက်တစ်ခု Patriotic Army တကယ့် Patriotic Army အစစ်အမှန်ကြီးကို ပြမယ်
ကျုပ်တို့အာရှစစ်တပ်တွေ အကုန် လန့်ရတဲ့ ကမ္ဘာ့အင်အားအကြီးဆုံး
စစ်တပ်ကြီးဖြစ်တဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ပါပဲ
ကျွန်တော်တို့ဆီမှာလိုပဲ သူ့ကို နိုင်ငံတော်ရဲ့အဓိက
အင်အားကြီးအဖြစ်သတ်မှတ်ထားပြီး အထိကရုဏ်းတွေဖြိုခွင်းရေး
သဘာဝဘေးအန္တရာယ်ကာကွယ်ရေး နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းတွေမှာ သုံးတယ်
PLA လမ်းဖေါက်တယ် PLA ရေဘေးကယ်ဆယ်ရေးတွေ လုပ်တယ် PLA
အထိကရုဏ်းတွေနှိမ်နင်းတယ် PLA ကောင်းတဲ့အခါကောင်းတယ် PLA ရက်စက်ရင်လဲ သူ
မတူဘူး ဆန္ဒပြကျောင်းသားကို တင့်ကားနဲ့ကျိတ်ပစ်တာ ဒါပေမယ့် PLA လုပ်သမျှ
စစ်ကော်မရှင်က တာဝန်ယူတယ် ဒီမှာလို ကိုယ့်ကို လူတွေမုန်းမှာစိုးလို့
ဟိုလူ့လွှဲချ ဒီလူ့လွှဲချ မလုပ်ဘူး . . . PLA လမ်းဖေါက်တယ် PLA တံတားဆောက်တယ်
ဒါပေမယ့် PLA ဖက်ထိပ်မလုပ်ဘူး တပ်တွင်း မြောင်းဖေါ် အမှိုက်သိမ်းကအစ
အရပ်သား အလုပ်သမားလုပ်တယ် PLA က စစ်ဗိုလ်လစာ ၁၂ သိန်းကျော်တယ် ရိက္ခာနဲ့
ခံစားခွင့်တွေပေါင်းလိုက်ရင် ဘာမှကို ပူစရာ မလိုတာ ကျွန်တော်တို့က သူများ
ပင်ပန်းဆင်းရဲတာကိုတော့ အတုယူကြတယ် ခံစားခွင့်ကြတော့ အတုမယူဘူးလေ . . .
ထိုင်းနယ်စပ်မှာဆို ကွာခြားချက်က သိပ်ကိုသိသာတယ် သူတို့ဆီက စခန်းတွေ
ရိက္ခာလာချရင် ရဟတ်ယာဉ်နဲ့ ကျွန်တော်တို့ဆီက မိုင်းကွင်းတွေကြားထဲ
တောတိုးတုန်း
၁၉၈၀ လောက်ကလည်း ဒီလိုပဲ ခုလည်း ဒီလိုပဲ
ငါတို့တုန်းကလည်း တောတိုးတာပဲ မင်းတို့လည်း ငယ်တုန်းရွယ်တုန်း တိုးလိုက်ဦး
ဆိုသလိုပေါ့လေ zero level ကကို မတက်တော့ဘူး သို့သော် Patriotic
ဖြစ်နေတဲ့အခါကျတော့ ပြန်ပြောခွင့် စောဒက တက်ခွင့်မရှိဘူး
မျိုးချစ်တပ်မတော်ဖြစ်သည် အပင်ပန်းအဆင်းရဲခံနိုင်သော တပ်မတော်ဖြစ်သည်လေ . .
.
တချိန်က နိုင်ငရဲ့ အခြေအနေ ပြည်နယ်တိုင်း သူပုန်ထတာတွေကြောင့်
စစ်နိုင်ခြင်းဖြင့်သာ အဆုံးအဖြတ်ပေးနိုင်တယ် ဒါ့ကြောင့် စစ်တပ်ရဲ့
အခန်းကဏ္ဏက သိပ်ကိုအရေးပါလာပါတယ် ဒါကို နိုင်ငံရေးသမားတွေ မသိဘူး မဟုတ်ဘူး
သိတယ် မသိချင်ယောင်ဆောင်နေတာပါ အဲ့သည်တုန်းက စစ်တပ်မပါလို့မရတဲ့
အခြေအနေကိုး . . . တဖက်နဲ့တဖက် မယုံမကြည်ဖြစ်ရာက
ရန်သူတွေဖြစ်လာကြတဲ့အချိန်မှာ နိုင်ငံအတွက် တကယ့်ကို စေတနာနဲ့
အလုပ်လုပ်တဲ့သူတွေ နိုင်ငံရေးသမားတွေ ထောင်ကျတယ် နယ်စပ်မှာ ဘဝပျက်တယ်
တဖက်ကလည်း စစ်တပ်ရဲ့စစ်သားကောင်းကြီးတွေ တိုက်ပွဲတွေမှာကျတယ် သူရဲကောင်းတွေ
ကန်းတယ် ပြတ်တယ် ဒုက္ခိတဖြစ်တယ် နိုင်ငံရေးသမားတွေဖက်က လူလည်တွေက
ဒေါ်လာစားတွေဖြစ်တယ် နိုင်ငံတကာလှည့်အလှူခံတယ် ချမ်းသာကုန်တယ်
စစ်တပ်ဘက်က လူလည်တွေက ပါမစ်တွေနဲ့ ချမ်းသာတယ် ကန်ထရိုက်တွေနဲ့
သူဌေးတွေဖြစ်ကုန်တယ် တိုင်းရင်းသားလက်နက်ကိုင်တွေလဲ ဘာထူးလဲ အောက်ခြေက
သူပုန်လေးတွေ သေတယ် ပြတ်တယ် ငတ်တယ် သူပုန်ဗိုလ်ချုပ်တွေ မိန်းမဆယ်ယောက်
မကရှိတယ် ယိုးဒယားမှာ သူဌေးစာရင်းဝင်တယ် . . . တွေးကြည့်ရင် ရင်နာစရာနော်
ဒါ့ကြောင့် စားပေါက်ပိတ်မှာစိုးတဲ့
လူလည်တွေက ဒီအစွန်းနှစ်ဖက် ပြေလည်သွားမှာ လုံးဝ လုံးဝ မလိုလားဘူး အမြဲတမ်း
ပြဿနာကို ဖန်တီးတယ် သတိထားကြည့်ရင် သိနိုင်ပါတယ် ဒါ့ကြောင့် ငါ စစ်သား
ဒီကောင်တွေကို အထင်မကြီးဘူး ဆိုတဲ့စိတ်တွေရယ် စစ်ဆိုရင်
ရေတောင်စစ်မသောက်ဘူး ဆိုတဲ့ အစွန်းရောက်အမြင်တွေ လျှော့သင့်ပါပြီ
တိုင်းပြည်တည်ဆောက်ရေးအတွက် ပူးပေါင်းသင့်ပါပြီ . . .
နောက်ဆုံးအနေနဲ့ ဦး ကိုကိုကြီး ပြောတာ ပြန်ဆက်ရမယ်ဆို ဦး ကိုကိုကြီးကို တိုက်ရိုက် ပြောချင်တယ် တပ်မတော်က professional
ဖြစ်သင့်တယ် ဆိုတဲ့ အကြံပေးသလိုလို ထောက်ပြသလိုလို ဈေးဆစ်သလိုလို
မရဲတရဲနဲ့ မပြောပါနဲ့ ကျုပ် အာဏာရရင် တပ်မတော်ဟာ Professional တပ်မတော်
ဖြစ်ကိုဖြစ်စေရမယ် လို့ အာမခံလိုက် ကျုပ်တို့ တပ်မတော်သားတွေ
နဲ့သူတို့မိသားစုဝင်တွေရဲ့ မဲတိုင်းဟာ
ခင်ဗျားအတွက်ဖြစ်ကိုဖြစ်နေပါလိမ့်မယ်ဗျာ







0 comments:
Post a Comment