Thursday, February 13, 2014

အလေးချိန် ၁၅ တန်ခန့်ရှိ ကျောက်စိမ်းအရိုင်းတုံးကြီး ဖားကန့် ဝှေခါရွာအနီး တွေ့ရှိ

ဖေဖော်ဝါရီ ၁၃ ရက် ၂၀၁၄
ေေေေေေေေ ဖေဖော်ဝါရီ ၉ ရက် ညနေ ၅ နာရီက ဖားကန့်မြို့နယ် ဆိပ်မူ
  ကျေးရွာအုပ်စု ဝှေခါကျေးရွာနတ်ကြီးစင် အဟောင်းအောက်
ေ မော်သောင်းကျေးရွာအဆင်းလမ်းတွင် အရွယ်အစား အလွန်ကြီး မားသော
ကျောက်စိမ်းအရိုင်းတုံးကြီးတစ်တုံးတွေ့ရှိကြောင်း ဝှေခါကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မင်းက အကြောင်းကြားခဲ့သည်။ ဖားကန့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့မရဲစခန်းမှူးနှင့် အဖွဲ့များသွားရောက်ကြည့်ရှုရာ ဝှေခါကျေးရွာရတနာကြယ်ကုမ္ပဏီ၊ တစ်သုံးလုံးကုမ္ပဏီ၊ ဧရာရတနာကုမ္ပဏီလုပ်ကွက်များနှင့် မျက်နှာ ချင်းဆိုင် ပေ ၁၅၀၀ ခန့်အကွာတွင် အရွယ်အစားပေ ၂၀ ပတ်လည်ခန့်
ကျောက်စိမ်းအရည်အသွေး(ပဲရည်/ပဲသား)ခန့်မှန်း အလေးချိန် (၁၅)တန်ခန့်ရှိ ကျောက်စိမ်းအရိုင်းတုံးကြီးကို တွေ့ရှိခဲ့သဖြင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များက အထူးကြပ်မ
တ်စောင့်ကြပ်လျက်ရှိသည်။

0 comments:

Post a Comment

 
Twitter Bird Gadget