Tuesday, February 11, 2014

“နိုင်ငံတော်အစိုးရအနေဖြင့် အထူးသတိထားသင့်” ထိုင်းရဲလုပ်သည့်မှတ်ပုံတင်အတုများပုံ

မြတ်ညို ၂၀၁၄ ခု ဖေဖေါ်ဝါရီလ ၁၁ ရက် ထိုင်းနိုင်ငံတွင်၎ နှစ်သက်တမ်းပြည့်သွားသည့် မြန်မာအလုပ်သမားများ၏ ပတ်စပို့ များပြန်လည် ဆောင်ရွက်မည့် လုပ်ငန်းစဉ်အတွင်း မြန်မာနိုင်ငံ သားမှန်ကန်ကြောင်း စီစစ်ခြင်းလုပ်ငန်း(မှတ်ပုံတင်)အား အွန်လိုင်းစနစ်ဖြင့် တစ်ဦးတည်းလုပ် ကိုင်ခွင့် ရရှိရန်ကြိုးပမ်နေသူရှိနေကြောင်း သိရှိရသည်။

ပတ်စပို့အကျိုးဆောင် ကုမ္ပဏီဒါရိုက်တာ တစ်ဦးက “ပြီးခဲ့တဲ့ နှစ်က မဲဆောက်မှာ ထိုင်းရဲတစ်ဦး မြန်မာမှတ်ပုံတင် အတုလုပ်ပေးခဲ့တယ်။ ဘတ်ငွေ၆၀၀၀ နဲ့ ဓါတ်ပုံ ပေးလိုက် ညနေဆိုရင် မြန်မာမှတ်ပုံတင် ရပြီး၊ ဒီကိစ္စအချက်အလက်တွေ မြ၀တီဘက်မှာတာဝန်ကျခဲ့တဲ့ အလုပ်သမားအရာရှိ ဗိုလ်ကြီး မိုးအောင်ခိုင် ဆီမှာရှိနေတယ်။ ပတ်စပို့အတုတွေဖမ်းမိတယ်။ ဘာမှအရေးမယူဘူး။

အနာဂတ်မှာ နိုင်ငံသားဖြစ်ရေးနဲ့ပါ ပြဿနာတက်လာနိုင်တဲ့ နိုင်ငံသား စီစစ်ခြင်းအလုပ်ကို မလေးရှားမှာလို တစ်ဦးတည်းမူပိုင်ရချင်တာ။ မလေးရှားမှာ ကုလားတွေ အများကြီး ဗမာနိုင်ငံကူးလက်မှတ်တွေရသွားကြပြီ။ လက်ဗွေ စကင်ဖတ်ပြီး ပိုင်လော့ ပရောဂျက် လုပ်ခွင့်လျှောက် ထားတယ်ဆိုတော့၊ တိုင်းပြည်ကို ရောင်းစားတာပဲ။ ရနောင်နဲ့ မြ၀တီ မှာ ပတ်စပို့စာအုပ်အတု အလုပ်သမားခေါ်စာအတုတွေ မိနေတာလည်း မြန်မာအစိုးရ ခုထိအရေးယူတာ မကြားဖူးသေးဘူး” ဟုပြောသည်။

မလေးရှားနိုင်ငံတွင် ပတ်စပို့လုပ်ကိုင်ခွင့်ကို မြန်မာကုမ္ပဏီ တစ်ခုက တစ်ဦးတည်း လုပ်ကိုင်ခွင့် ရထားသကဲ့သို့ ထိုင်းနိုင်ငံတွင်လည်း တစ်ဦးတည်းလုပ်ကိုင်ခွင့်ရရှိရန်ကြိုးစားနေခြင်းဖြစ်သည်။ ပြည်ထဲရေး နှင့်အလုပ်သမားဝန်ကြီးဌာနတို့က သဘောတူညီရရှိထားပြီး ရဲသတင်းတပ်ဖွဲ့ SB နှင့်ညှိနှိုင်းနေဆဲဖြစ်ကာ သမ္မတ ရုံးသို့ တင်ပြထားပြီဖြစ်ကြောင်းလည်းသိရှိရသည်။
ထိုင်းနိုင်ငံအတွင်းယမန်နှစ်က လုပ်ကိုင်ခဲ့သည့်အလုပ်သမား ပတ်စပို့လုပ်ငန်းစဉ်အတွင်း ပတ်စပို့လုပ်သည့် ကုမ္ပဏီများက စင်တာများတွင် ပတ်စပို့တစ်အုပ်လျှင် ဘတ်ငွေ ၈၅၀နုန်းဖြင့်ပေးသွင်းခဲ့ရပြီး မြန်မာသံရုံး တာဝန်ရှိသူတစ်ဦး၏ ဘဏ်သို့ညတွင်းချင်းရောက်အောင် ပို့ဆောင်ပေးရသည်။ အလုပ်သမားရံပုံငွေ အတွက်ဟုဆိုကာ စာအုပ်တစ်အုပ်လျှင် ဘတ်၂၀၀ စီလည်း စုဆောင်းထားခဲ့သည်။ ဘတ်ငွေဘီလီယံပေါင်း များစွာ ကိုယ်ကျိုးရှာခဲ့ကြပြီးဖြစ်သည်။

ယမန်နှစ်က မြန်မာဗိုလ်မှူးဟောင်းတစ်ဦးသည် ထိုင်းနိုင်ငံအတွင်းမြန်မာအလုပ်သမား နှစ်သန်းနီးပါး ပတ်စပို့လုပ်ခဲ့စဉ်က အလုပ်သမားများ အချက်အလက်များအား စကင်ဖတ်( ကွန်ပျူတာစနစ်) ဖြင့် မှတ်တမ်းတင်ခအတွက် မြန်မာအလုပ်သမား တစ်ဦးထံမှ ကျပ်ငွေ ၁၅၀၀ စီပေးသွင်းရန် မြန်မာအစိုးရနှင့် သဘောတူလုပ်ကိုင်ခဲ့သည်။ သို့ရာတွင် ဘိုင်အိုဒေတာ( အလုပ်သမားအချက်အလက်များ) အရေ တွက် အကန့်အသတ်မရှိ စီးပွားဖြစ်လုပ်ကိုင်ခဲ့ကြောင်း ပတ်စပို့လုပ်ပေးခဲ့သည့် ထိုင်းမြန်မာကုမ္ပဏီ တစ်ခုက ပြောသည်။ မဲဆောက်တွင် လုပ်သည့် ပတ်စပို့များအား မြ၀တီကျောက်လုံးကြီးတွင် ဘိုင်အိုဒေတာ ဖတ် ကြောင်း ဆက်လက်ပြောဆိုသည်။

ဘင်္ဂလားဒေ့ခ်ျနိုင်ငံမှ ထိုင်းနိုင်ငံအတွင်းသို့ ရောက်ရှိလာခဲ့သည့် ဘင်္ဂါလီလူမျိုးအမြောက်အမြား အားလည်း ထိုင်းနိုင်ငံအတွင်းဖွင့်လှစ်ခဲ့သည့် စင်တာများက မြန်မာပတ်စပို့ထုတ်ပေးခဲ့ကြောင်း VDOနှင့် ဓါတ်ပုံအထောက်အထားများဖြင့် တင်ပြခဲ့သော်လည်း မြန်မာအစိုးရကနေရပ်ပြန် ၀န်ထမ်းများအား စစ်ဆေး ခြင်း အရေးယူခြင်း တစ်စုံတစ်ခုမှ မလုပ်ခဲ့ကြောင်း၎င်းကဆိုသည်။

ယခုလုပ်ငန်းစဉ်မှ ရရှိလာသည့် နိုင်ငံသားအရေအတွက်များမှာ ၂၀၁၅ခုနှစ် မဲပေးပွဲအတွင် ကြံဖွံ့ပါ တီအတွက် ကြိုတင်မဲဖြစ်သွားနိုင်ကြောင်းလည်း အဆိုပါ ပတ်စပို့ ကုမ္ပဏီ ဒါရိုက်တာက ပြောဆိုသည်။ မြန်မာနိုင်ငံသားမဟုတ်သူများ အင်တာနယ်ရှင်နယ်ပတ်စပို့ရရှိသွားပါက နောက်ဆက်တွဲ ပြဿနာများ ရှင်းမကုန်နိုင်တော့ကြောင်း၊ သမ္မတရုံးအနေဖြင့် စဉ်းစားစေချင်ကြောင်း ဆက်လက်ပြောဆိုသည်။

0 comments:

Post a Comment

 
Twitter Bird Gadget