Tuesday, February 11, 2014
မန္တလေးမြို့နှင့် အနီးဝန်းကျင်တွင် အလှူပွဲများ၌ ရိုးရာယဉ်ကျေးမှုပုံစံဖြင့် လှည့်လည်မှုများ ပြန်လည်စိတ်ဝင်စားလာ
မန္တလေးမြို့နှင့် အနီးဝန်းကျင် ဒေသများတွင် အလှူပွဲများ ပြုလုပ်ရာ၌ ရိုးရာ ယဉ်ကျေးမှုပုံစံဖြင့်လှည့်လည်မှု များ ကို ပြန်လည်စိတ်ဝင်စားလာကြောင်း သိရသည်။
နွေရာသီကျောင်းပိတ်ရက်ကာလ နီးပြီဖြစ်၍ ရှင်ပြုနားသရဟန်းခံ အလှူပွဲများ ပြုလုပ်လျက်ရှိရာတွင် မြို့တွင်းသို့ ရှေးအစဉ်အလာအတိုင်း ဆင်များ၊ မြင်း များ၊ လှည်းယာဉ်များဖြင့် အလှူလှည့်လည်သည့်ပုံ စံအား ယခင် ကထက် ပိုမြင်လာရသည်။
“ရှေးရိုးရာ ပုံစံအတိုင်း လှည့်လည်တဲ့ အလှူပွဲတွေ အခုနောက်ပိုင်း ပြန်တွေ့ရ များလာတယ်။ မြို့ပေါ် မှာတော့ ယာဉ်ကြောရှုပ်ထွေးမှုကြောင့် လှည့်လည်ရ ခက် တယ်။ မန္တလေးအနီးဝန်းကျင် မြို့နယ်တွေ မှာတော့ မြို့ပေါ်လောက် ယာဉ်ကြောမရှုပ်တဲ့အတွက် ဆင်၊ မြင်း၊ လှည်းတွေနဲ့ အပြင် ရှေ့ ၀င်း၊ နောက်ဝင်းတွေပါ ထည့်သွင်းလှည့်လည်တာမျိုးတွေ့တယ်” ဟု ဓာတ်ပုံဆရာ ကိုအောင်ကျော်ထွန်းက ပြောသည်။
“အခုလို နွေရာသီကျောင်းပိတ်ရက် နီးရင်တော့ အလှူပေးတဲ့သူ များတဲ့ အတွက် လှည်းငှားလိုက်ရတာ နည်းနည်းပြန်စိပ်လာတယ်။ မြို့တွင်းလှည့်ဖို့ ငှားရင်တော့ နွားတွေနည်းနည်းပန်းတဲ့အတွက် ကျေးရွာ၊ မြို့နယ်လေးတွေ ထက်စာရင် ငှားခဈေးပိုတယ်။ အခုနောက်ပိုင်း ရိုးရာနဲ့ အလှူလှည့်တဲ့သူတွေ များလာတော့ ရွှေလှည်းငှားတဲ့ လုပ်ငန်းတွေလည်း အရင်ထက်စာရင် နည်းနည်းများလာတယ်” ဟု ပလိပ်မြို့မှ ရွှေလှည်းအငှားနှင့် လှည်းပစ္စည်း ရောင်းဝယ်ရေး လုပ်ကိုင်သူ ဦးကြည်တင်က ပြောသည်။
မန္တလေးမြို့ အလှူလှည့်ခြင်း၏ ရိုးရာဓလေ့တစ်ခုအဖြစ် မဟာမုနိ ဘုရားကြီး အား ဦးစွာဖူးမြော်ကန်တော့ပြီး မန္တလေးငါးမြို့နယ်အတွင်း ပါဝင်သည့် ရပ်ကွက်များမှ မန္တလေး တောင်ဘိုးဘိုးကြီးနတ်နန်းနှင့် အောင်ပင်လယ် ဘိုးဘိုးကြီး နတ်နန်းသို့ သွားရောက်ကာ နတ်ပြသခြင်းများကို ယနေ့အထိ ရှေးရိုးရာမပျက်ဆောင် ရွက်လေ့ရှိကြောင်း သိရသည်။
ရိုးရာအတိုင်း ရှင်လောင်းလှည့်လည်ရာတွင် ဆင်တစ်ကောင်ငှားရမ်းခမှာ ကျပ် ၁၀ သိန်း၊ မြင်းတစ်ကောင်လျှင် ကျပ် ၁၃၀၀၀ မှ ကျပ် ၁၅၀၀၀၊ လှည်းအလွတ်ငှား ရမ်းခသုံးစီးလျှင် ငွေကျပ်တစ်သိန်းနှင့် လှည်းနွားအစုံ လိုက် မြို့တွင်းငှားရမ်းခမှာ ကျပ် ၇၀၀၀၀ ဈေးရှိပြီး ကျေးရွာမြို့နယ်မှ ငှားရမ်းလျှင် လှည်းနွားအစုံ ကျပ် ၅၀၀၀၀ ဈေးရှိကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment