Friday, March 21, 2014

အင်တာနက်ပါပါသည့် ၁၅၀၀ တန် ဆင်းမ်ကတ်များကို မြန်မာ့ဆက်သွယ်ရေးက လိုသလောက်ရောင်းချပေးမည်


Friday, March 21, 2014

မိုဘိုင်းဖုန်း အသုံးပြု သူတွေ အတွက် ၁၅၀၀ ကျပ်တန် ဆင်းကတ် တွေကို ဇူလိုင် ၁ ရက်နေ့က စပြီး
လိုအပ်သလောက် ၀ယ်ယူနိုင်တော့မယ်လို့ ဒီနေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြ
ထားပါတယ်။

မိုဘိုင်းဖုန်း အော်ပရေတာ ကုမ္ပဏီတွေနဲ့ ညှိနှိုင်းချက်အရ အင်တာနက်ပါတဲ့ ဆင်း
ကတ်တွေကို မဲနှိုက်စရာမလိုဘဲ ၁၅၀၀ ကျပ်နဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။
နိုင်ငံပိုင် မြန်မာဆက်သွယ်ရေးလုပ်ငန်းအပြင် အော်ရီဒူး၊ တယ်လီနော့နဲ့ ရတနာပုံ တယ်လီပို့စ်တို့က
ဝန်ဆောင်မှု အပြိုင်အဆိုင် ပေးနိုင်ဖို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ ပြုလုပ်နေတာပါ။
နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ၁ လ ဆင်းကတ်အလုံးရေ ၃ သိန်းခွဲနှုန်း ချပေးပေ
မယ့်လည်း မှောင်ခိုဈေးကွက်တွေ ရှိနေဆဲ ဖြစ်ပါတယ်။
WCDMA ၊ CDMA နဲ့ GSM ဆင်းကတ်များ ကျပ် ၂ သိန်းဝန်းကျင်ဖြင့် စတင် ရောင်းချခဲ့ရာ မှောင်ခိုဈေး
ကွက်တွင် အမျိုး အစား အလိုက် ကျပ် ၃ သောင်းမှ ၅ သောင်း ၀န်းကျင်သာ ရှိတော့ကြောင့် သိရပါ
တယ်။
ဆက်သွယ်ရေးလိုင်စင် အောင်မြင်ထားသည် ကုမ္ပဏီများရဲ့ ၀န်ဆောင်မှု စတင်မည်အချိန်တွင် ဆင်း
ကတ်ဈေးနှုန်း ကျဆင်းလာပြီး မှောင်ခိုဈေးကွက်လည်း ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။
ဒီဗွီဘီ

0 comments:

Post a Comment

 
Twitter Bird Gadget