Friday, March 21, 2014

ကွန်ပျူတာတွင် ကပ်ထားရုံဖြင့် ဖိုင်များကို ရွှေ့ပြောင်းနိုင်မည့် Datastickies


Friday, March 21, 2014

ကွန်ပျူတာပေါ်တွင် အချက်အလက်များ လွှဲပြောင်းခြင်းကို ကပ်ခွာမှတ်စု (post-it note) တစ်ခုအနေဖြင့် မကြာမီအသုံးပြု နိုင်တော့မည်ဟု သိရသည်။

သိပ္ပံပညာရှင်များသည် ကပ်ခွာမှတ်စုနှင့် တူညီသည့် အချက်အလက် သိုလှောင်နိုင်သော ထုတ်ကုန်များကို တီထွင်ခဲ့ကြပြီး ၎င်းကိုကွန်ပျူတာ သို့မဟုတ် ထုတ်ကုန်တစ်ခုအရှေ့တွင် ကပ်ထားခြင်းဖြင့် အချက်အလက်များကို ရိုးရှင်းစွာလွှဲပြောင်း နိုင်မည်ဟုသိရသည်။

စက္ကူတစ်ရွက် ကဲ့သို့ပါးလွှာပြီး သေးငယ်သည့် အဆိုပါထုတ်ကုန်များကို Datastickies ဟုခေါ်ဆိုပြီး ၎င်းသည် post-it-note များကဲ့သို့ တစ်ခုပေါ်တွင်တစ်ခု ထပ်ထားပြီးလိုအပ်သည့် အခါတစ်ခုချင်းစီ ခွာပြီးအသုံးပြုနိုင်မည် ဖြစ်သည်။ ထို့နောက်သုံးစွဲသူများသည် ၎င်းတို့ကိုကွန်ပျူတာ၊ တီဗွီ၊ စမတ်ဖုန်းနှင့် tablet ကွန်ပျူတာ၏အရှေ့တွင် ကပ်ထားခြင်းဖြင့် အချက်အလက် များကိုလွှဲပြောင်း နိုင်မည်ဖြစ်သည်။


Datastickies များကိုလျှပ်စစ် စီးဆင်းနိုင်သည့် graphene ဟုခေါ်သောကာဗွန် အက်တမ်အလွှာတစ်ခုဖြင့် ပြုလုပ်ထားပြီး သိုလှောင်မှုပမာဏ 32 GB အထိရရှိနိုင်မည် ဖြစ်သည်။



လက်ရှိတွင်အဆိုပါ နည်းပညာကိုဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်လျက်ရှိပြီး တစ်ချိန်ချိန်တွင် နာမည်ကျော် USB drive များ၏နေရာ၌ အစားထိုးနိုင်ရန် မျှော်လင့်ထားကြကြောင်း သိရသည်။



Datasitickies ၏ဒီဇိုင်းကိုအိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှ ဒီဇိုင်နာ Aditi Sigh နှင့်တက္ကသိုလ်ပါမောက္ခ Parag Anand တို့ကတီထွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်

0 comments:

Post a Comment

 
Twitter Bird Gadget