" မြန်မာတောင်တက် အဖွဲ့သည် ဧ၀ရတ်တောင်ထိပ်တွင် မြန်မာ့အလံကို စိုက်ထူနိုင်ရေးအား အခြေအနေ အရ လက်လျော့ခဲ့ကြရ သည်။ ဧပြီလ ၂၄ ရက်တွင် မြန်မာတောင်တက် အဖွဲ့သည် နီပေါနိုင်ငံ၊ ကမန်ဒူမြို့သို့ အောင်မြင်စွာ ဆုတ်ခွာခဲ့ကြသည်။ သို့သော် အဖွဲ့ဝင်တိုင်း၏ နှလုံးသားတွင် အသက်ရှင်နေ သရွှေ့ ကမ္ဘာ့အမြင့်ဆုံး တောင်ထိပ်တွင် မြန်မာနိုင်ငံ အလံကို စိုက်ထူနိုင်ရေး အတွက် ထပ်မံကြိုးစား သွားမည်ဟု ခိုင်မာစွာ ဆုံးဖြတ်ခဲ့ကြကြောင်း ထူးဖောင်ဒေးရှင်းမှ ကြားသိရပါသည်"ဟု ရေးသားထားသည်။
ဧဝရတ်တောင်ကို တက်သည့် မြန်မာတောင်တက်အဖွဲ့ ၅ဦးသည် ထူးဖောင်ဒေးရှင်း နယက ဦးတေဇ၏ ပံ့ပိုးမှုဖြင့် ဧဝရတ်တောင်သို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
နီပေါနိုင်ငံရှိ ဧဝရတ်တောင်ကို မြန်မာအဖွဲ့ စတင်ချေချခဲ့သည့် ဧပြီလ ၁၈ရက်က ရာသီဥတု ဆိုးရွားကာ ရေခဲတောင်ပြိုကျမှုကြောင့် ဧဝရတ်တောင် အမြင့်ပေ ၁၉,၀၀၀တွင်ရှိသော တောင်ထွတ် တစ်နေရာတွင် နီပေါလမ်းပြ ၆ဦး အပါအဝင် နိုင်ငံခြား တောင်တက်သမား စုစုပေါင်း ၁၈ဦး သေဆုံးခဲ့ရပြီး လေးဦး ဒဏ်ရာရကာ ၅ဦး ပျောက်ဆုံးခဲ့ရသည်။
ယင်းမတော်တဆမှုကြောင့် နီပေါအစိုးရက ဧဝရတ် တောင်တက်ရာသီကို ပိတ်လိုက်ပြီဟု တရားဝင်ကြေငြာခဲ့သည်။
0 comments:
Post a Comment