ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ရွှေအင်ဒုံကျေးရွာအုပ်စု ပွင့်တကောင်းကျေးရွာအနီးရှိ ရွှေအင်ဒုံစား ကျက်မြေပေါ်၌ သင်္ကြန်အတက်နေ့ဧပြီလ၁၆ ရက်နေ့က အမျိုးသမီးနှစ်ဦး အဓမ္မပြုကျင့်ခံရပြီးတစ်ဦး အသတ်ခံခဲ့ရကြောင်း ဒေသခံ များ
ထံမှ သိရှိရသည်။
အဆိုပါအမျိုးသမီးနှစ်ဦးမှာ ဇင်မာဌေး(၁၆နှစ်-သေဆုံးသူ)နဲ့သီသီနွယ်(ခ)မိပု
(အသက်-၁၄)ဖြစ်ပြီး သင်္ကြန်အတက် နေ့က ရွှေအင်ဒုံကျေးရွာ သက်ကြီးပူးဇော်ပွဲရှိ၍
ရေကစားရန် သူငယ်ချင်းများနဲ့ ချိန်းထားသဖြင့် အိမ်မှ ထွက်လာခဲ့ရာ
သက်ကြီးပူးဇော်ပွဲနေရာအနီးအရောက် အသိအမျိုးသားတစ်ဦးမှ ဆိုင်ကယ်နှင့်
ရောက်ရှိ လာပြီး ဒိုက်ဦးဘက်မှာ ရေကစားမဏ္ဍပ်ရှိကြောင်းပြောကာ
လိမ်လည်ခေါ်ဆောင် ကာ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ သီသီနွယ်(ခ)မိပုက ပြန်လည်ပြောပြရာတွင် ''
ဇော်မှိုင်းဝေဆိုင်ကယ်နဲ့ ရောက်လာပြီး နင်တို့ဘယ်သွားမှာလဲ၊ လာ လိုက်ခဲ့
ငါ့ဆိုင်ကယ်ပေါ်တက်ဆိုပြီး သမီးတို့ညီအစ်မ နှစ်ယောက်ကိုခေါ်တင်သွားတယ်၊
ရေကစား မဏ္ဍပ်ရှိတဲ့ နေရာရောက်တော့ ချပေးလို့ပြောတော့ သူကမချပေးဘူး၊
ရှေ့မှာမဏ္ဍပ်တွေရှိသေးတယ်၊ ရှေ့ကျမှဆော့ မယ်ဆိုပြီး အတင်းမောင်းသွားတာ
ဒိုက်ဦးအထိ ရောက်သွားတယ်၊ သမီးက ဒိုက်ဦးကိုလည်း တစ်ခါမှမ သွားဖူးဘူး၊
ဇော်မှိုင်းဝေက သမီးအစ်မနဲ့သူရောက်ဖူးတယ်လို့ ပြောတယ်၊ ပြောပြီး
တော့ဒိုက်ဦးနားက လမ်းတွေကို ၀င်တယ်၊ ထွက်တယ်၊ သင်္ကြန်ရေ ဆော့ကြတယ်၊
ပြီးတော့ဆိုင်တစ်ဆိုင်မှာ သွားရပ်တယ်၊ ဇော်မှိုင်းဝေရယ်၊ သမီးအစ်မရယ်
ဆိုင်ပေါ်တက် ပြီးသူတို့နှစ်ယောက်ဘာတွေလည်း မသိဘူးသောက် နေကြတယ်၊” ဟု
သီသီနွယ်က ပြောသည်။
ထို့နောက် ၄င်းကို သူအမက ငါးကြင်းခွက်ဖြင့် အချမ်းပြေစေရန်
အရည်တစ်ခွက်တိုက်ကြောင်း၊ ထို့နောက် ၄င်းအမကို မိုးချုပ်နေပြီ
အိမ်ပြန်ကြမယ်ဟုပြောကာ သုံးဦးသားပြန်ခဲ့ကြောင်း၊လမ်းတွင်
ကိုဇော်မှိုင်းဝေမှ ကွမ်းအစိမ့်ဝယ် ကျွေး ကြောင်း၊ ၄င်းမှာ
တစ်ခါနှစ်ခါဝါးပြီးထွေးထုတ်လိုက်သော်လည်း ၄င်းအမမှာ ၀ါးမ၀ါးကိုမူ
မသိကြောင်း ထို့နောက် ဆိုင်ကယ်ဖြင့် ရွှေအင်ဒုံရွာဘက်မောင်းလာကြောင်း သူမက
ဆက်ပြောသည်။
“ သမီးက အိမ်ကိုပဲမောင်းနော်ဘယ်ကိုမှမမောင်းနဲ့လို
ဇော်မှိုင်းဝေကိုပြောတယ်။ ပြောတော့ အေးပါဆိုပြီးတော့ ဆက် မောင်းလာတယ်။
သမီးတို့ရဲ့ဆရာမဆေးပေးခန်းနားလည်း ရောက်ရော ခုံးတက်နားမှာဆိုင်ကယ်
ကနည်းနည်း ရိုင်သွားတယ်၊ ဒါသမီးတို့ရွာမဟုတ်ဘူးလို့ပြောတော့နင်တို့
ရွာလို့ပြောတယ်၊ အဲအချိန် မှာဇော်မှိုင်းဝေက သူနှစ် ယောက် မတင်နိုင်တော့ဘူး
ပြောတယ်။ ဒါဆိုရင်လည်း ကိုကြီးဇော်မှိုင်းဝေပြန် သွားတော့ဆိုပြီး
သမီးတို့ညီအစ်မ နှစ်ယောက်က ပြန်မယ် လုပ်တော့ ဇော်မှိုင်းဝေက
အဲဒါဆိုတစ်ယောက်တက်ခဲ့၊ ပြီးတော့မှနောက် တစ်ယောက် လာခေါ်မယ် ပြောတယ်။
မမကနင်အရင်လိုက်သွားပြောတော့ သမီးကလိုက်သွားတယ်။ သမီးးတော်တော် မူးနေတယ်။
မျက်လုံးဖွင့်ကြည့်လိုက်တော့ ပွင့်တကောင်း ရွာထိပ်ကို ရောက်နေတယ်။
ဒါသမီးတို့ရွာ မဟုတ်ဘူးလို့ ပြောတော့ ဇော်မှိုင်းဝေက နင့်ပါးစပ်
ပိတ်ထားတိတ်တိတ်နေ ပြောပြီးဆိုင်ကယ်ကို ပတ်မောင်းတယ်။ ကြည့်လိုက် တော့
ပွင့်တကောင်းရွာ အရှေ့ နဲ့အနောက်ကြားမှာဆိုင်ကယ် ရပ်ပြီး တော့
သမီးကိုတွန်းလှဲလိုက်တယ်။” ဟု သူမက ဆက်ပြောသည်။
ထို့နောက် သူမ၏ ဘောင်းဘီကိုဆွဲချွတ်ကာ နင်ကိုယူမယ်ဟုပြောရင်း
မဖွယ်မရာများပြုလုပ်ကာ အဓ္ဓမပြုကျင့်ပြီး နောက် ၄င်းတို့ရွာရှိ
သူမတို့နေအိမ်အထိ ပြန်လိုက်ပို့ပြီး ၄င်းအမကိုပြန်ခေါ်ဦးမည်ဟု ဆိုကာ
ပြန်ထွက်သွားကြောင်း ဆက်ပြောသည်။
ဒိုက်ဦးမြို့ဆိုင်တစ်ဆိုင်တွင် Grand Royal
ရှစ်ပက်ပြားနှစ်ပြား၊ဘီယာတစ်ဗူးနဲ့ လက်ဖက်သုပ်တစ်ပွဲစား သောက်ခဲ့ကြောင်း၊
ကွမ်းယာဝယ်ကျွေးရာတွင်လည်း ကွမ်းယာထဲတွင် ဆေးပါရှိကြောင်း၊ ဘာဆေးမှန်းမသိ
ကြောင်းနှင့်ကွမ်းယာကိုတစ်ချက် နှစ်ချက်ဝါးပြီးထွေးထုတ်ခဲ့ကြောင်း
သီသီနွယ်(ခ)မိပု၏ ဖြေကြားချက်ကို ဒိုက်ဦးမြို့နယ်ရဲ့စခန်းမှ
စခန်းမှူးဒုရဲမှူး ဦးတင်ထွန်းက ပြောပြပါတယ်။
တရားခံဇော်မှိုင်းဝေ၏ ထွက်ဆိုချက်နှင့်ပတ်သက်၍ စခန်းမှူးဒုရဲမှူးက
ပြောကြားတွင် ''ကျန်ခဲ့ တဲ့ သေဆုံးသူ ဇင်မာဌေးဆီကို ပြန်သွားတယ်။
သွားပြီးတော့ တကောင်းရွာကိုကူးတဲ့တံတားဘေး လှည်းလမ်းမှာ ဆိုင်ကယ်
ရပ်ပြီးတော့ ပွင့်တကောင်းကျေးရွာအနီးက ရွှေအင်ဒုံစားကျက်မြေပေါ် ကောင်မ လေး
ကို ပွေ့ ခေါ်သွားတယ်၊အကျီ င်္အ၀တ်အစားတွေ ချွတ်တယ်၊ အဲဒီအချိန်မှာ ဇင်မာဌေးက
ထွက် ပြေး တယ်။ ထွက်ပြေးတဲ့အခါကျတော့ ပေတစ်ရာ လောက်အထိ ရောက်သွားတယ်။
အဲဒီနေရာမှာ မိသွားတယ်။မိတော့ ပထမအကြိမ်အဓမ္မပြုကျင့် တယ်၊
ဒုတိယအကြိမ်ထပ်ပြီးပြုကျင့်ချိန်မှာ ကောင်မ လေးက သတိပြန်လည်ရလာတဲ့
အခါကျတော့ ခုခံကာကွယ် လာတယ်။အဲလိုခုခံလာတဲ့ အချိန်မှာ ပါးတွေကို ရိုက်တယ်။
ဒုတ်နဲ့လည်း ရိုက်တယ်။ နောက် လည်ပင်းကိုညှစ်တယ်။ လည်ပင်း ကို ညှစ်လိုက်တော့
ငြိမ်သွားတယ်။ အဲတော့ဒုတိယအကြိမ်ပြုကျင့်ခဲ့တယ်။ ပြုကျင့်ပြီးထားခဲ့တယ်။
ထားခဲ့ပြီးအိမ်မှာ ပြန်အိပ်နေလိုက်တယ်” ဟု တရားခံဇော်မှိုင်းဝေက
ထွက်ဆိုခဲ့ကြောင်း စခန်းမှူး ဒုရဲမှူး ဦးတင်ထွန်း ကပြောသည်။
ေ သေဆုံးသွားသူ ဇင်မာဌေးကို ၄င်းအဖေဦးကျော်မြင့်က
သမီးဖြစ်သူနဲ့လိုက်သွားသည့် သီသီနွယ်(ခ)မိပု ရဲ့အဖေ
ဦးဝင်းနိုင်နဲ့လိုက်လံရှာဖွေတဲ့အခါ မတွေ့ရှိသဖြင့် ဒိုက်ဦးရဲ့စခန်းသို့
လူပျောက်ကြောင်းပြောဆိုပြီး အိမ်ပြန်လာ ခဲ့ကြောင်း၊ နောက်တစ်နေ့မ နက်
၁၀နာရီအချိန်ခန့်တွင် ပွင့်တကောင်းရွာအနီး၌ လူသေလောင်းတစ်လောင်း
တွေ့ရှိကြောင်း သတင်းကြားသိရသဖြင့် သွားရောက်ကြည့်ရှု့ရာ ပျေက်ဆုံး နေသော
ဇင်မာဌေး(၁၆နှစ်)ဖြစ်ကြောင်း သိရှိရဖြင့် ဒိုက်ဦးရဲ့
စခန်းကိုအကြောင်းကြားခဲ့ရာ ရဲစခန်မှူးနဲ့ အဖွဲ့ရောက်ရှိ စစ်ဆေးပြီး
အလောင်းကိုဆေးရုံပို့ လိုက်ကြောင်း သေဆုံးသူဖခင်ကဆိုသည်။
ေေ သေဆုံးခဲ့သူ ဇင်မာဌေးမှာ ဆရာဝန်၏ဆေးစစ်ချက်အရ
လည်ပင်းရိုးကျိုးပြီးသေဆုံးသည်ဟုမှတ် ချက်ပြုထားကြောင်း စခန်းမှူးဒုရဲမှူး
ဦးတင်ထွန်း ထံမှ သိရသလို အဆိုပါအမှုနဲ့ပတ်သက်၍ တရားခံ ဇော်မှိုင်းဝေကို
ဒိုက်ဦးမြို့နယ် ရဲစခန်းမှ (ပ)၁၇၅/၂၀၁၄ ပြစ်မှုပုဒ် မ ၃၃၇/၃၇၆/၃၀၂
အရအမှုဖွင့် အရေးယူထားကြောင်းကိုလည်း သိရှိရသည်။
ထို့ပြင် သီသီနွယ်(ခ)မိပု၏ဖခင် ဦးဝင်နိုင်ကလည်း နားရေးကိစ္စပြီးပါက
သမီးဖြစ်သူအား အဓမ္မပြုကျင့် ခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ တရာခံဇော်မှိုင်းဝေကို
ထပ်မံတရားစွဲဆိုသွားမည်ဖြစ်ကြောင်းနှင့် တရားခံမှာ
အိမ်ထောင်နှစ်ဆက်ရှိပြီး ရွှေအင်ဒုံကျေးရွာမှ ဒုတိယအိမ်ထောင်၏
မိဘများအိမ်သို့ လာလည်စဉ် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
Tuesday, April 22, 2014
Subscribe to:
Post Comments (Atom)








0 comments:
Post a Comment