နိုင်ဂျီးရီးယား မှာ ဘိုကိုဟာရမ် စစ်သွေးကြွတွေ
ဖမ်းဆီးသွားတဲ့ ကျောင်းသူ ၂ ရာကျော်
ပြန်လွတ်လာဖို့ သတင်းပေးနိုင်သူကို ရဲက
ဒေါ်လာ သုံးသိန်းကျော် ဆုငွေ ပေးမယ်
လို့ ကြေညာခဲ့ပါတယ်။
အရင်လက ဖမ်းသွားတဲ့ ဒီမိန်းကလေးတွေကို ကယ်တင်နိုင်ရေး အတွက် သေချာ
တိကျအောင် ညွှန်ပြ သတင်းပေး နိုင်သူ ဘယ်သူ မဆိုကို ဆုငွေပေးမယ်လို့ အဘူဂျာ
မြို့တော် ရဲရုံးချုပ်က ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
တနဂင်္နွေ နေ့ကလည်း ဒေသတွင်း တခြား ရွာတွေကနေ နောက်ထပ် မိန်းကလေး ၁ဝ ယောက်ကို သေနတ်သမား တွေက ဖမ်းဆီး သွားခဲ့ပါတယ်။
BBC (မြန်မာပိုင်း)
မိန်းကလေးတွေကို ရောင်းစားမယ်လို့ ဘိုကိုဟာရမ် ခေါင်းဆောင်က ခြိမ်းခြောက်
Friday, May 9, 2014
Subscribe to:
Post Comments (Atom)







0 comments:
Post a Comment