Friday, May 16, 2014

လေယာဉ်စီးသူတွေ သွေးပျက်စေခဲ့တဲ့ အဖြစ်

လန်ဒန်ကနေ အီတလီကို လေယာဉ်နဲ့ အားလပ်ရက် အပန်းဖြေခရီးသွားကြသူ ဒါဇင်နဲ့ ချီတဲ့ လူတွေဟာ သူတို့ရဲ့ လေယာဉ် ပြူတင်းပေါက်ကနေ အပြင်ကို ကြည့်လိုက်တဲ့အခါမှာတော့ သူတို့ဟာ အိပ်မက်ဆိုးကြီး တခုကို မြင်လိုက်ကြတာပါဘဲ။ 


လေယာဉ်စီးခရီးသည်တွေလည်း သူတို့လေယာဉ်ဟာ လေထဲမှာ အတောင်ပံတဖက်ရဲ့ အစိပ်အပိုင်းတခု က ပြုတ်ကျတော့မယ့် အခြေအနေဖြစ်နေတာ အခု ပြသမယ့် ဗီဒီယိုက ပြသပါလိမ့်မယ်။ 

The CityJet airliner လေကြောင်းလိုင်းက လေယာဉ်ဟာ London City လေဆိပ်ကနေ အီတလီနိုင်ငံ Florence ဦးတည်ပျံသန်းလာခဲ့စဉ် လေယာဉ် တောင်ပံတဖက်ရဲ့ အစိပ်အပိုင်းတခုဟာ ချောင်ပြီး ပြုတ် ထွက် သွားခဲ့တာဖြစ်တယ်လို့ မေလ ၁၅ ရက်နေ့ The Mirror သတင်းတခုမှာ ဖော်ပြပါတယ်။ 

ခရီးသည်တွေလည်း ကျယ်လောင်တဲ့ အသံတခုကြားလို့ ပြူတင်းပေါက် အပြင်ကို လှမ်းကြည့် လိုက်တော့ 
လေယာဉ်မှာတွဲလောင်းကျနေတဲ့ လေယာဉ်အစိပ်အပိုင်းတခုကိုတွေ့လိုက်ကြတာလို့ ပြန်ပြောပြပါတယ်။ 

လေယာဉ်ပေါ်ပါသွားတဲ့ Telegraph သတင်းစာက သတင်းသမား Cole Moreton က လေယာဉ်တက် လိုက်တဲ့ အချိန်မှာ ထူးဆန်းတဲ့ အသံတခုကြားလိုက်ရပြီး လေယာဉ်ဘယ်ဘက်တောင်ပံက ၆ ပေလောက် ရှိတဲ့ အစိပ်အပိုင်းတခု ချောင်ပြီး ပြုတ်ထွက်သွားတာမြင်လိုက်ရပြီး တွဲလောင်းကျနေတယ်လို့ ပြောပါတယ်။ 

ခရီးသည်တွေကလည်း အရေးပေါ် သတိပေးမှုကို လေယာဉ်ဝန်ထမ်းကဆင့် လေယာဉ်မှူးဆီ အကြောင်း ကြား လိုက်တယ် တဲ့။ 

အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတွေရဲ့ တိုင်ပင်မှုတွေမပြီးခင် လေယာဉ်ဟာ သိမ်းမြစ်ကို ပတ်ဝဲပျံသန်း ခဲ့ပြီးနောက်ဆုံး လေဆိပ်ကို ပြန်လည့်လာခဲ့ပါတယ်။ 

ဂျက်လေယာဉ်ပေါ် ပါတဲ့ ခရီးသည် ၆၁ ဦးလည်း ထိခိုက်မှုမရှိ ခဲ့ပါဘဲ လေဆိပ်ကို အောင်မြင်စွာပြန်ဆင်း သက်နိုင် ခဲ့တယ် လို့ သိရပါတယ်။ 

ဒီခရီးသည်တွေကို နောက် ၂ နာရီလောက်အကြာ အခြား လေယာဉ်တစင်းနဲ့ မူလ ခရီးစဉ်အတွက် စီစဉ် ပေးလိုက်တယ်လို့ သိရပါတယ်။ 

ဒီလေယာဉ်ခရီးသည်တွေ ဘယ်လောက် သွေးပျက်သွားမလဲဆိုတာ အခု ဗွီဒီယိုကို ကြည့်ရင်သိနိုင်ပါတယ်။

0 comments:

Post a Comment

 
Twitter Bird Gadget