Wednesday, May 7, 2014

စားပွဲထိုး ကလေးများအတွက် ရွေ့လျား စာသင်ခန်း

 

မြန်မာ့ရွေ့လျား ပညာရေး ပရဟိတအဖွဲ့ဆိုတဲ့ (My ME Project) အဖွဲ့ဟာ ဘတ်စ်ကားကြီးတစီးနဲ့ ကလေးငယ်တွေရဲ့ ပညာရေးအတွက် ၀န်ဆောင်မှုကို စတင်နေပါပြီ။ စာသင်ခန်းတွေဆီကို ရောက်ရှိ မလာနိုင်တဲ့ ကလေးငယ်တွေအတွက် ရည်ရွယ်ထားတဲ့ ဒီ Project ဟာ လောလောဆယ်တော့ ရှေ့ပြေးအစီအစဉ် အဖြစ်နဲ့ လက်ဖက်ရည်ဆိုင်တွေက စားပွဲထိုး ကလေးငယ်တွေဆီကို ဦးတည်နေပါတယ်။ ဒီအစီအစဉ်ကို စတင် ထိတွေ့ခွင့်ရခဲ့တဲ့ ကလေးငယ်တွေကတော့ မြောက်ဥက္ကလာပနဲ့ တာမွေမြို့ နယ်က Lucky Seven လက်ဖက်ရည်ဆိုင် နှစ်ဆိုင်အပြင် တောင်ဥက္ကလာပက လက်ဖက်ရည်ဆိုင် တချို့ရဲ့ စားပွဲထိုးကလေးငယ်တွေပဲ ဖြစ်ပါတယ်။ လက်ရှိ နိုင်ငံတော် သမ္မတဦးသိန်းစိန် လက်ထက်မှာ ပညာရေး ကဏ္ဍအတွက် ဘဏ္ဍာငွေသုံးစွဲမှုဟာ ယခင်အစိုးရ လက်ထက်ကထက် ပိုမိုလာခဲ့ပေမယ့် အနည်းဆုံး ဘဏ္ဍာရေး အသုံးစရိတ်တွေထဲမှာ ပါဝင်နေဆဲ ဖြစ်ပါတယ်။ ဒီလို ရွေ့လျားပညာရေး စနစ်ဟာ အကြောင်း အမျိုးမျိုးကြောင့် စာသင်ခန်းတွေဆီ ရောက်မလာနိုင်ခဲ့တဲ့ ကလေးငယ်တွေအတွက် ကန္တာရထဲက အိုအေစစ်တခုလို ဖြစ်နေတယ်လို့ ခံစားမိပါတယ်။

0 comments:

Post a Comment

 
Twitter Bird Gadget