Saturday, October 4, 2014

မြဝတီမြို့ရှိ လက်နက်ကိုင်တပ်ဖွဲ့ဝင် အချို့ကို ဖမ်းဆီး

မြ၀တီမြို့တွင် လုံခြုံရေးယူနေသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)
မြဝတီမြို့တွင် လက်နက်ကိုင် တပ်ဖွဲ့ဝင်အမျိုးသားလေးဦးနှင့်အမျိုးသမီးသုံးဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီး ၎င်းတို့ထံမှ လက်ပစ်ဗုံး၊သေနတ်၊ ခဲယမ်းများနှင့်   စိတ်ကြွဆေးများ သိမ်းဆည်းခဲ့ကြောင်း  သတင်းရရှိသည်။
မြဝတီမြို့ အမှတ် (၂)နှင့် (၄)ရပ်ကွက်အတွင်းရှိ လက်နက် ကိုင်တပ်ဖွဲ့များ၏အိမ်များသို့ ဝင် ရောက်ရှာဖွေခြင်းဖြစ်ပြီး လက်ပစ်ဗုံးခုနစ်လုံး၊ သေနတ်တစ်လက်နှင့် ကျည်ဆန်များအပြင် စိတ်ကြွဆေးပြား ၂,၀၀၀ နီးပါးသိမ်းဆည်းနိုင်ခဲ့ကြောင်း မြဝတီမြို့မရဲစခန်းမှ အမှုစစ်ရဲအရာရှိတစ်ဦးကပြော သည်။
အမှတ်(၂)ရပ်ကွက်ရှိ အိမ် တစ်အိမ်မှ လက်ပစ်ဗုံးခြောက်လုံး နှင့် ယမ်းအချို့သိမ်းခဲ့သည့်ဖြစ်စဉ် တွင် ဖမ်းဆီးထားသည့်အမျိုးသား တစ်ဦးမှာ အမျိုးသားဒီမိုကရက် တစ်တပ်မတော် (DNA)မှ ဗိုလ် ကြီးအဆင့်ရှိသူဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောသော်လည်း ကျန်သောသူများနှင့်ပတ်သက်၍ အတိအကျပြောဆိုခြင်းမရှိပေ။

‘‘ယောက်ျားတွေကတော့ မရှိတော့ဘူးပေါ့။ မိန်းမတွေပဲ အိမ်မှာတွေ့တော့ မိန်းမတွေပဲ ဖမ်းလာရတာ။ ဘယ်သူ့ဟာမှန်း ကိုခွဲမရသေးဘူး။ ဘယ်သူမှဝန် မခံတော့  အားလုံးဆွဲရတာပဲ။ အကုန်လုံးကိုအရေးယူဖို့ တိုင်စာ ရေးရတာပေါ့။ ဝန်ခံတဲ့လူမရှိရင်’’ ဟုအမှတ် (၄)ရပ်ကွက်တွင် အမျိုးသမီးသုံးဦးဖမ်းဆီးခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ရှင်းပြသည်။

ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့သူများ မှာ အမှတ် (၂)ရပ်ကွက်မှ အမျိုး
သားတစ်ဦး၊ အမှတ် (၄)ရပ်ကွက်မှ အမျိုးသားသုံးဦး၊ အမျိုးသမီးသုံးဦးဖြစ်ပြီး ၎င်းတို့ကိုလက်နက်ဥပဒေ၊မူးယစ်ဥပဒေတို့ဖြင့် အမှုဖွင့် စစ်ဆေးနေသည်။
အစိုးရတပ်နှင့် မွန်၊ ကရင် ပြည်နယ်အခြေစိုက်လက်နက် ကိုင်အဖွဲ့တို့ တင်းမာမှုများဖြစ်ပွားပြီးနောက်အစိုးရတပ်က လက်နက်ကိုင်အဖွဲ့ဝင်များနေထိုင်ရာရပ် ကွက်များကိုဝင်၍ မူးယစ်ဆေးနှင့် လက်နက်များဆက်တိုက်ဖမ်းဆီးနေသည်။  နှစ်ဖက်တင်းမာမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး ခေါင်းဆောင်ပိုင်းဆွေးနွေးရန် စီစဉ်နေကာ ဒီကေဘီအေမှ ဗိုလ်ကြီး စောစိုးမြင့်ကလည်း ညှိနှိုင်းသော နည်းလမ်းဖြင့်သာပြေလည်အောင် ဖြေရှင်းလိုကြောင်းပြောသည်။

0 comments:

Post a Comment

 
Twitter Bird Gadget