Sunday, October 5, 2014
ဂျပန်မှာ Phanfone မုန်တိုင်း ဒီကနေ့ ကျရောက်ဖို့ရှိ
ဂျပန်နိုင်ငံမှာ တနင်္လာနေ့ ဒီကနေ့အတွင်း အင်အားကြီးတဲ့ မုန်တိုင်း ကျရောက်နိုင်တဲ့ အတွက် သတိပေး ချက်တွေ ထုတ်ပြန်ထားပါတယ်။
Phanfone မုန်တိုင်းအန္တရာယ်ကြောင့် ပင်လယ်ကမ်းခြေ ဘက်ကို မသွားဖို့ သတိပေးထားပြီး အခု လောလောဆယ် ဂျပန်နိုင်ငံ အနောက် တောင်ပိုင်း မှာတော့ မိုးသည်း ထန်မှုတွေ၊ လေပြင်း တိုက်ခတ် မှုတွေ ဖြစ်နေပြီး လျှပ် စစ် မီး ပြတ်တောက် တာတွေ ဖြစ်နေတဲ့အတွက် လေယာဉ် ခရီး ရွှေ့ဆိုင်းတာမျိုး လုပ်နေရပါတယ်။
ဒီကနေ့မှာတော့ တိုကျိုမြို့ကို ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
တိုကျိုမြို့မှာ မိုးရေချိန် ၃၀ စင်တီမီတာအထိ ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မုန်တိုင်းအန္တရာယ်ကြောင့်လည်း အွန်တာကေ မီးတောင်ပေါက်ကွဲမှုအတွင်း ပျောက်ဆုံးနေတဲ့ လူတွေကို ရှာဖွေနေတဲ့ လုပ်ငန်းကိုလည်း ရပ်ဆိုင်းထားရပါတယ်။
ပြီးခဲ့တဲ့ တပါတ်က ဖြစ်ခဲ့တဲ့ အွန်တာကေ မီးတောင်ပေါက်ကွဲမှုအတွင်း လူပေါင်း ၅၁ ဦးရဲ့ အလောင်းကို တွေ့ရှိထားပြီး ၁၂ ယောက်ကတော့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
မုန်တိုင်းနဲ့ အတူ ပါလာမယ့် မိုးသည်းထန်မှုက မီးတောင်က ထွက်လာတဲ့ ပြာမှုန့်တွေကို ရွံ့အဖြစ် ပြောင်းလဲပြီးနောက်ပိုင်း ရွံ့ပြို၊ မြေပြိုမှုတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။
တချိန်တည်းမှာပဲ Vongfang လို့ခေါ်တဲ့ မုန်တိုင်းဟာလည်း ပစိဖိတ်ဒေသအတွင်းက Northern Marianas ကျွန်းနိုင်ငံတွေ နားအထိ ရောက်ရှိလာနေပြီး Guam ကျွန်းမှာ လျှပ်တပြတ် ရေကြီးမှုတွေနဲ့ လျှပ်စစ်မီး ပြတ်တောက်မှုတွေ ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment