ရွှေတိဂုံစေတီတော်မြတ်ကြီး

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, October 5, 2014

ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် အားပေးထောက်ခံမှုအများအပြားရရှိခဲ့သည့် လက်ထောက် ကျောင်းအုပ်တစ်ဦးကို နိုင်ငံတော်အဆင့် ''လူမှုထူးချွန်ဆရာ''အဖြစ် ရွေးချယ်

ရန်ကုန်၊ အောက်တိုဘာ ၃။
လူမှု ကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် အားပေးထောက်ခံမှု အများအပြား ရရှိခဲ့သည့် လက်ထောက်ကျောင်း အုပ်တစ်ဦးကို နိုင်ငံအဆင့် ''လူမှုထူး ချွန်ဆရာ''ဆုချီးမြှင့်ရန် ရွေးချယ် လိုက်ပြီဖြစ်ကြောင်း သိရသည်။
တစ်နိုင်ငံလုံးတွင် နှစ်ဦးသာ ချီးမြှင့်သည့် ''လူမှုထူးချွန်ဆရာ''ဆု နှစ်ဆုအနက် တစ်ဆုရွေးချယ်ခြင်း ခံထားရသည့် ဆရာဦးသန်းလှိုင် (B.A.,Geo;) မှာ ချောင်းဦးမြို့နယ် ဆူးလေကုန်းကျေးရွာမှ လက်ထောက် ကျောင်းအုပ် တစ်ဦးဖြစ်ကြောင်း သိ ရသည်။
''ဟုတ်ပါတယ်၊ ဒီဆုရတယ်ဆို တာကို စစ်ကိုင်းတိုင်းပညာရေးမှူးရုံး ကနေ မြို့နယ်ပညာရေးမှူးရုံးကို အကြောင်းကြားပြီး အဲဒီကနေတစ် ဆင့် ကျွန်တော့်ဆီကို အောက်တို ဘာ ၂ရက် ညနေက အကြောင်း ကြားလာတာပါ။ ကိုယ်လုပ်ခဲ့တဲ့လုပ် ငန်းတွေကနေ ဒီလိုဆုရတာကို ဝမ်း သာပီတိ ဖြစ်မိပါတယ်''ဟု ဆရာ ဦးသန်းလှိုင်က ပြောသည်။
ဆူးလေကုန်းကျေးရွာ အမှတ် (၅၉) အခြေခံပညာမူလတန်းလက် ထောက်ကျောင်းအုပ်ဖြစ်သူ ဆရာ ဦးသန်းလှိုင်သည် မြောင်မြို့နယ် အုန်းနှဲဘုတ်ကျေးရွာသို့ ပြောင်းရွှေ့ မိန့်ကျခဲ့ပြီး ဆရာဦးသန်းလှိုင်အား ဂုဏ်ပြုနှုတ်ဆက်ပွဲပြုလုပ်သော စက် တင်ဘာ ၂၉ရက်တွင် တပည့်များ သာမက ကျေးရွာသူ၊ ကျေးရွာသား များကပါ ဝမ်းနည်းနေကြပုံမြင်ကွင်း ကို မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးပြီး လူမှုကွန်ရက်စာမျက်နှာများ တွင် တင်ထားခဲ့ရာ ယင်းပုံများသည် လူမှုကွန်ရက်သုံးစွဲသူများမှ ထပ်ဆင့် Share ပြုလုပ်ကြသောကြောင့် သက် ဆိုင်ရာပညာရေးဝန်ကြီးဌာန မှ တာဝန်ရှိသူအဆင့်ဆင့်တို့မှသိရှိ ရာက ယခုကဲ့သို့ ''လူမှုထူးချွန်ဆရာ'' ဆုပေးအပ်ချီးမြှင့်ရန် အရွေးချယ်ခံ ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
''ကိုယ်က ဝမ်းနဲ့လွယ်ပြီးမမွေး ရပေမယ့် ကိုယ့်ရဲ့သားသမီးတွေလို တပည့်တွေကို အရင်းနှီးဆုံးမေတ္တာ တရားတွေနဲ့ ယနေ့အချိန်အထိ ကျွန် တော် စာသင်ပေးတယ်။ ပြီးတော့ ကျွန်တော် တာဝန်ကျတဲ့ကျေးရွာမှာ ရွာသူရွာသားတွေနဲ့ တစ်စိတ် တစ် ဝမ်းထဲဖြစ်အောင်၊ စိတ်ဝမ်း မကွဲ အောင် နေတယ်။ လူမှုရေးလုပ်ငန်း တွေမှာလဲ ကျွန်တော်တတ်နိုင်သ လောက် ပါဝင်ခဲ့ပါတယ်'' ဟု ဆရာ ဦးသန်းလှိုင်က ပြောသည်။
ဆရာဦးသန်းလှိုင်သည် ပညာ ရေးဝန်ထမ်းအဖြစ် ၁၉၉၂ခုနှစ်မှစ တင်တာဝန်ထမ်းဆောင်ခဲ့ပြီး ချောင်းဦး မြို့နယ်သို့ မူလတန်းပြအဖြစ် ၁၉၉၇ ခုနှစ်တွင် ရောက်ရှိခဲ့ကြောင်း၊ ရှစ်နှစ် တာ တာဝန်ထမ်းဆောင်ခဲ့သည့် ဆူး လေကုန်းကျေးရွာ အမှတ်(၅၉)အခြေ ခံပညာမူလတန်းကျောင်းတွင် ၂ဝဝ၆ ခုနှစ်မှ ၂ဝ၁၄ခုနှစ်အထိ လက် ထောက်ကျောင်းအုပ်အဖြစ် တာဝန် ယူဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဦးသန်းလှိုင်နှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောလှထွန်းက ''သူရဲ့ရပ်ရွာအ ပေါ်စေတနာထားခဲ့တာတွေက နှုတ် ဆက်ပွဲမှာ ပေါ်လာတော့ ဒါတွေကို ဖေ့စ်ဘွတ်ခ်ကနေတစ်ဆင့် လူကြီး တွေသိကုန်တယ်။ ဒါနဲ့ တိုက်တိုက် ဆိုင်ဆိုင် ဆရာများနေ့အခမ်းအနား လုပ်မှာနဲ့ဆိုတော့ ဆုရွေးချယ်ရေးအ ဖွဲ့တွေက သူ့အကြောင်းကို အဆင့် ဆင့်စုံစမ်းပြီး ပညာရေးမှူးတွေရဲ့ ထောက်ခံချက်တွေနဲ့ တင်ပြကြတော့ အထက်က တာဝန်ရှိသူတွေက အ တည်ပြုချက်ရယူပြီး အဆင့်ဆင့် သူ ဒီဆုရတာကို အကြောင်းကြား ပေးခဲ့တာပါ''ဟု ပြောသည်။
ယင်းကို သက်ဆိုင်ရာတာဝန် ရှိသူအဆင့်ဆင့်မှ ဆရာတစ်ဦးက တပည့်များအပေါ် ထားရှိသည့် စေ တနာ၊ တပည့်များက ဆရာအပေါ် ထားရှိသည့် ကျေးဇူးတရားနှင့် သံ ယောဇဉ်ဟူသည့် မြန်မာ့လူမှုအဖွဲ့ အစည်း၏ ပြယုဂ်၊ ကျေးရွာလူထု သက်ကြီး၊ သက်ငယ်ပါမကျန် ကျေး ရွာဖွံ့ဖြိုးရေးနှင့် ပရဟိတလုပ်ငန်း များကြောင့် ခွဲခွာပြောင်းရွှေ့သွားရ သည့်အချိန်တွင် ဆရာ့အပေါ်တွင် နှမြောတသဖြစ်ရသည့် သံယောဇဉ် ပြယုဂ်တို့ကို အသိအမှတ်ပြုခဲ့သည်။
ကမ္ဘာ့ဆရာများနေ့အခမ်းအ နားကြီးကို ၂ဝဝ၂ခုနှစ်မှစတင်ကာ နှစ်စဉ် အောက်တိုဘာ ၅ရက်နေ့ တွင် ကျင်းပလေ့ရှိကာ ယခုနှစ်တွင် ကျင်းပမည့် ယင်းအခမ်းအနားတွင် တစ်နိုင်ငံလုံးတွင် နှစ်ဦးသာ ချီးမြှင့် သည့် ''လူမှုထူးချွန်ဆရာ''ဆုများကို ချီးမြှင့်သွားမည်ဖြစ်သည်။

(ဒီမိုကရေစိတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

Yangon Media Group's photo.
Yangon Media Group's photo.


အိန္ဒိယနိုင်ငံသား နှစ်သိန်းလောက် IS ချေမှုန်းရေးမှာ ပါဝင်လို

6 October 2014 09:02(+0630) (လွန်ခဲ့သော ၁ နာရီ ခန့်က)

IS ​အစ္စလာမ်မစ် ​စစ်သွေးကြွတွေကို ​တိုက်ခိုက်ချေမှုန်းရာမှာ ​လုပ်အားပေးအနေနဲ့ ​ပါဝင်လိုကြောင်း ​အိန္ဒိယနိုင်ငံသား ​အယောက် ​၂၀၀၀၀၀ ​(နှစ်သိန်း) ​က ​လက်မှတ်ရေးထိုး ​စာရင်းပေးနေကြပါတယ်။

IS ​အဖွဲ့ရဲ့ ​လုပ်ရပ်တွေဟာ ​အစ္စလာမ်ဘာသာနဲ့ ​ဆန့်ကျင်နေသလို ​မွတ်စလင်အချင်းချင်းကိုလည်း ​သတ်ပစ်တာတွေ ​ရှိတဲ့အတွက် ​IS ​အဖွဲ့ကို ​တိုက်ဖျက်လိုကြောင်း ​ပြောဆိုထားပါတယ်။

အဲဒီအထဲမှာ ​အသက် ​၁၂ ​နှစ်ရွယ် ​Tatheem ​Fatima ​လည်း ​ပါဝင်ပြီး ​အဲဒီကလေးမကတော့ ​သူ့လို ​Shia ​မွတ်စလင်တွေကို ​IS ​အဖွဲ့က ​သတ်ဖြတ်နေတဲ့အပေါ် ​မခံမရပ် ​ဖြစ်နေပြီး ​အဲဒီက ​ဒုက္ခရောက်တဲ့ ​လူတွေကို ​တတ်နိုင်သလောက် ​ကူညီချင်တယ်လို့ ​ပြောပါတယ်။

ဥပမာ ​ဆီးရီးယားနဲ့ ​အီရတ်လို ​နိုင်ငံမှာ ​ဒုက္ခရောက်နေတဲ့ ​လူတွေကို ​သောက်ရေပေးတာပဲဖြစ်ဖြစ် ​အစားအသောက် ​ကျွေးတဲ့နေရာမှာပဲ ​ဖြစ်ဖြစ် ​တတ်နိုင်တဲ့နေရာကနေ ​ကူညီလိုတယ်လို့ ​Tatheem ​Fatima ​က ​ပြောပါတယ်။

IS ​အဖွဲ့ကို ​တိုက်ခိုက်လိုသူ ​အယောက် ​နှစ်သိန်းထဲမှာ ​Shia ​မွတ်စလင်၊ ​ဆူနီမွတ်စလင်၊ ​ခရစ်ယာန်နဲ့ ​ဟိန္ဒူဘာသာတွေလည်း ​ပါဝင်ကြပါတယ်။

ဒါပေမဲ့ ​အခုလောလောဆယ်မှာတော့ ​လက်တွေ့လုပ်ငန်းအတွက် ​အသုံးဝင်မယ့် ​အင်ဂျင်နီယာနဲ့ ​ဆေးအမှုထမ်းလို ​လူတွေကိုသာ ​ရွေးချယ်ပြီး ​စစ်ဖြစ်တဲ့ ​ဒေသကို ​ပို့ဆောင်မယ်လို့ ​သိရပါတယ်။

အစ္စလာမ်ဘာသာဟာ ​ချစ်ခင်ခြင်းကို ​သင်ပြတဲ့ ​ဘာသာဖြစ်ပြီး ​လူသတ်မှုကို ​ဆန့်ကျင်ကြောင်း ​ပြသလိုတဲ့အတွက် ​IS ​အဖွဲ့ကို ​နှိမ်နင်းလိုတာဖြစ်ကြောင်းလည်း ​အိန္ဒိယ ​မွတ်စလင်တစ်ဦးက ​ပြောပါတယ်။

အခုလောလောဆယ် ​IS ​အဖွဲ့ဟာ ​အရှေ့အလယ်ပိုင်းမှာသာ ​လှုပ်ရှားနေပေမယ့် ​ပါကစ္စတန်အခြေစိုက် ​တာလီဘန်ကနေတဆင့် ​လှုပ်ရှားမှုတွေ ​ရှိလာတဲ့အတွက် ​အိန္ဒိယအာဏာပိုင်တွေသာမက ​တောင်အာရှဒေသအတွင်းမှာ ​စိုးရိမ်မကင်း ​ဖြစ်နေကြပါတယ်။

အိန္ဒိယနိုင်ငံသား ​မွတ်စလင်လူငယ်တချို့လည်း ​အရှေ့အလယ်ပိုင်းကို ​သွားပြီးတော့ ​IS ​အဖွဲ့နဲ့ ​ပူးပေါင်းတိုက်ခိုက်တာမျိုး ​ရှိနေတယ်လို့လည်း ​အိန္ဒိအာဏာပိုင်တွေက ​ပြောကြောင်း ​အေဘီစီ ​သတင်းထောက် ​Stephanie ​March ​က ​သတင်းပေးပို့ထားပါတယ်။



အသက် ၁၂ နှစ်အရွယ် Tatheer Fatima (Credit: ABC) 

ဆီးရီးယားနယ်စပ်မြို့ကို အိုင်အက်စ်အဖွဲ့ တိုက်ခိုက်မှုကြောင့် ကာ့ဒ်တပ်ဖွဲ့ ပြန်လည်ခုခံ

6 October 2014 09:20(+0630) (37 မိနစ် ခန့်က)


တူရကီနဲ့နယ်စပ် မဟာဗျူဟာကျတဲ့ ဆီရီးယားနယ်စပ်မြို့ ကိုဘာနီမြို့ကို အစ္စလာမ္မစ် နိုင်ငံတော်အဖွဲ့(အိုင်အက်စ်)က ရက်သတ္တ ပတ်နဲ့ချီပြီး အပြင်းအထန် တိုက်ခိုက်နေတာကြောင့် မြို့ခံ ဆီးရီးယား ကာဒ့် လူမျိုးတွေကလည်း အောက်တိုဘာ ၅ ရက်နေ့က ပြန်လည်ခုခံနေ ကြပါတယ်။

မြို့ပတ်ဝန်းကျင်က ကျေးရွာတွေအားလုံး အိုင်အက်စ်အစွန်းရောက်တွေ လက်အောက်ကျရောက်ခဲ့တာ ဖြစ်ပေမယ့် ဆီးရီးယားကာဒ့်တွေကတော့ အမျိုးသမီးတွေပါ မကျန် မြို့ကို ရှိသမျှ လက်နက်ငယ်တွေနဲ့ အသေခံခုခံနေကြတာပါ။

အိုင်အက်စ်အဖွဲ့ကတော့ အီရတ်စစ်တပ်က သိမ်းဆီးရမိတဲ့ တင့်ကား အနည်းဆုံး အစီး ၂၀ နဲ့ တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

မြို့ခံဒုက္ခသည် အနည်းဆုံး ၁ သိန်း ၈ သောင်း ၆ ထောင်ဟာ တူရကီနိုင်ငံထဲကို ၀င်ရောက်ခိုလှုံနေကြပါတယ်။

အမေရိကန်နဲ့ မဟာမိတ်လေကြောင်းတိုက်ခိုက်မှုတွေဟာ ဒီဆီးရီးယားနယ်စပ်မှာ ထိထိရောက်ရောက်တိုက်ခိုက်တာ မရှိသလို တူရကီကို ဆီးရီးယားနိုင်ငံထဲ မ၀င်ရောက်ဖို့ ဆီရီးယားအစိုးရက သတိပေးထားပါတယ်။ ဒါကြောင့် နယ်စပ်မှာ တူရကီတင့်ကားတွေ ချထားတဲ့အဆင့်ပဲ ရှိပါတယ်။

အောက်တိုဘာ ၅ ရက်နေ့က တူရကီနိုင်ငံထဲကို ဒုံးကျည်ကျရောက်ပေါက်ကွဲခဲ့လို့ တူရကီ ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

နောက်ဆုံးတိုက်ခိုက်မှုတွေအတွင်း အိုင်အက်စ်အကြမ်းဖက်အဖွဲ့က အယောက် ၂၀နဲ့ ဆီးရီးယားကာဒ့်တပ်ဖွဲ့ဝင် ၁၀ ယောက် ကျဆုံးခဲ့ကြတယ်လို့ အိုင်အက်စ်တပ်တွေကို ခုခံနေတဲ့ ဆီးရီးယားကာဒ့်တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

အမေရိကန်လေကြောင်းပစ်ကူမှုတွေ အမြန်ဆုံးလုပ်ဆောင်ပေးဖို့နဲ့ ကိုဘာနီမြို့ကျလို့ အိုင်အက်စ်အစွန်းရောက်တွေက ကျူးလွန်ရင် အစုလိုက်အပြုံတိုက် သတ်ဖြတ်မှုတွေ တကမ္ဘာလုံးမှာ တာဝန်ရှိတယ်လို့ ကိုဘာနီကာကွယ်ရေးဝန်ကြီး အစ္စမေးလ် ရှိတ်လ် ဟာစန် (Ismet Sheikh Hasan)က ပြောဆိုပါတယ်။

နိုင်ငံပေါင်း ၂၄ နိုင်ငံကို e-Visa စနစ် ထပ်မံခွင့်ပြု

ရန်ကုန် ၊ ၆-၁၀-၂၀၁၄
စက်တင်ဘာ ၁ ရက်မှ စတင် အသုံးပြုခဲ့သော အွန်လိုင်းဗီဇာ ( e-Visa ) စနစ်ကို အောက်တိုဘာ ၂ ရက်မှစတင်၍ နိုင်ငံပေါင်း ၂၄ နိုင်ငံကို ထပ်မံခွင့်ပြု လိုက်ပြီဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနမှ သိရသည်။

တိုးချဲ့ ပေးလိုက်သော နိုင်ငံများ၌ မြန်မာ နိုင်ငံသို့ ခရီးသည် အဝင်နည်းသော ပီရူး၊ ပနားမား နှင့် မွန်ဂိုလီးယား စသော နိုင်ငံများ ပါဝင်ကြောင်း သိရသည်။ အွန်လိုင်းဗီဇာ e-Visa စနစ် ဆောင်ရွက်ရာတွင် နိုင်ငံပေါင်း ၄၃ နိုင်ငံအပြင် ခရီးသွား လာရောက်မှု အပေါ် မူတည်ပြီး နိုင်ငံများ ထပ်မံ တိုးချဲ့ပေးရန် ခရီးသွား လုပ်ငန်းရှင်များ က လိုအပ်သော နိုင်ငံများကို သက်ဆိုင်ရာ ဝန်ကြီးဌာန သို့ စက်တင်ဘာ ၂၃ ရက်က တင်ပြခဲ့ ကြသည်။

လက်ရှိတွင် လာအို ၊ ဗီယက်နမ် ၊ ဖိလစ်ပိုင် ၊ ကမ္ဘောဒီးယား နှင့် အင်ဒိုနီးရှား တို့သည် မြန်မာနိုင်ငံ နှင့် ဗီဇာ ကင်းလွတ်ခွင့် အပြန်အလှန် ရရှိထားသော နိုင်ငံများ ဖြစ်သည်။ မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ဝင်ရောက်မှုမှာ သြဂုတ်လကုန် အထိ နှစ်သန်း နီးပါးရှိနေပြီး ၂၀၁၄ ခုနှစ်တွင် ဧည့်သည် အ၀င် သုံးသန်းကျော် ၀င်ရောက် မည်ဟု ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ခန့်မှန်း ထားကြောင်း သိရသည်။




ဂျပန်မှာ Phanfone မုန်တိုင်း ဒီကနေ့ ကျရောက်ဖို့ရှိ

 
ဂျပန်နိုင်ငံမှာ ​တနင်္လာနေ့ ​ဒီကနေ့အတွင်း ​အင်အားကြီးတဲ့ ​မုန်တိုင်း ​ကျရောက်နိုင်တဲ့ အတွက် ​သတိပေး ချက်တွေ ​ထုတ်ပြန်ထားပါတယ်။
Phanfone ​မုန်တိုင်းအန္တရာယ်ကြောင့် ​ပင်လယ်ကမ်းခြေ ဘက်ကို ​မသွားဖို့ ​သတိပေးထားပြီး ​အခု လောလောဆယ် ​ဂျပန်နိုင်ငံ ​အနောက် တောင်ပိုင်း မှာတော့  ​မိုးသည်း ​ထန်မှုတွေ၊ ​လေပြင်း ​တိုက်ခတ် ​မှုတွေ ​ဖြစ်နေပြီး ​လျှပ် ​စစ် ​မီး ​ပြတ်တောက် ​တာတွေ ​ဖြစ်နေတဲ့အတွက် ​လေယာဉ် ​ခရီး ​ရွှေ့ဆိုင်းတာမျိုး ​လုပ်နေရပါတယ်။

ဒီကနေ့မှာတော့ ​တိုကျိုမြို့ကို ​ဝင်ရောက်နိုင်တယ်လို့ ​ခန့်မှန်းထားပါတယ်။

တိုကျိုမြို့မှာ ​မိုးရေချိန် ​၃၀ ​စင်တီမီတာအထိ ​ရွာသွန်းနိုင်တယ်လို့ ​ခန့်မှန်းထားပါတယ်။

မုန်တိုင်းအန္တရာယ်ကြောင့်လည်း ​အွန်တာကေ ​မီးတောင်ပေါက်ကွဲမှုအတွင်း ​ပျောက်ဆုံးနေတဲ့ ​လူတွေကို ​ရှာဖွေနေတဲ့ ​လုပ်ငန်းကိုလည်း ​ရပ်ဆိုင်းထားရပါတယ်။

ပြီးခဲ့တဲ့ ​တပါတ်က ​ဖြစ်ခဲ့တဲ့ ​အွန်တာကေ ​မီးတောင်ပေါက်ကွဲမှုအတွင်း ​လူပေါင်း ​၅၁ ​ဦးရဲ့ ​အလောင်းကို ​တွေ့ရှိထားပြီး ​၁၂ ​ယောက်ကတော့ ​ပျောက်ဆုံးနေဆဲ ​ဖြစ်ပါတယ်။

မုန်တိုင်းနဲ့ ​အတူ ​ပါလာမယ့် ​မိုးသည်းထန်မှုက ​မီးတောင်က ​ထွက်လာတဲ့ ​ပြာမှုန့်တွေကို ​ရွံ့အဖြစ် ​ပြောင်းလဲပြီးနောက်ပိုင်း ​ရွံ့ပြို၊ ​မြေပြိုမှုတွေ ​ဖြစ်လာမှာကိုလည်း ​စိုးရိမ်နေကြပါတယ်။

တချိန်တည်းမှာပဲ ​Vongfang ​လို့ခေါ်တဲ့ ​မုန်တိုင်းဟာလည်း ​ပစိဖိတ်ဒေသအတွင်းက ​Northern ​Marianas ​ကျွန်းနိုင်ငံတွေ ​နားအထိ ​ရောက်ရှိလာနေပြီး ​Guam ​ကျွန်းမှာ ​လျှပ်တပြတ် ​ရေကြီးမှုတွေနဲ့ ​လျှပ်စစ်မီး ​ပြတ်တောက်မှုတွေ ​ဖြစ်နိုင်တယ်လို့ ​ခန့်မှန်းနေကြပါတယ်။

အာဆီယံ-ကုလထိပ်သီးအစည်းအဝေးတက်ရန် ဘန်ကီမွန်းမြန်မာနိုင်ငံလာမည်

ကုလအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း(MARTIAL TREZZINI/ EPA)
ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ် မစ္စတာဘန်ကီမွန်း သည် လာမည့်နိုဝင်ဘာ ၁၁ ရက်တွင် အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေးသို့တက် ရောက်ရန် မြန်မာ့နိုင်ငံသို့ လာ ရောက်မည်ဖြစ်ပြီး သမ္မတဦးသိန်း စိန်အပါအဝင် မြန်မာ့နိုင်ငံရေး ခေါင်းဆောင်များနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သတင်းရရှိသည်။
အာဆီယံ-ကုလသမဂ္ဂထိပ် သီးအစည်းအဝေးမှာ အာဆီယံ အစည်းအဝေးများအတွင်း ပုံမှန် ကျင်းပလေ့မရှိသော်လည်း ဘန် ကီမွန်း၏ အဆိုပြုချက်အရ အာ ဆီယံဥက္ကဋ္ဌမြန်မာက အစည်း အဝေးဖြစ်မြောက်ရန် ညှိနှိုင်းစီစဉ် ပေးခြင်းဖြစ်ကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာန၊ အာဆီယံရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်းက ပြောသည်။
‘‘မနှစ်က ဘရူနိုင်းအာဆီယံ ဥက္ကဋ္ဌကာလမှာ အာဆီယံ-ကုလ ထိပ်သီးလုပ်တယ်။ အဲဒီတုန်းက ဘန်ကီမွန်းက မြန်မာအာဆီယံ ဥက္ကဋ္ဌဖြစ်တဲ့နှစ်ကျရင်လည်း ဒီ ထိပ်သီးအစည်းအဝေးလုပ်ချင် တယ်လို့ အဆိုပြုထားတဲ့အတွက် မြန်မာကအဖွဲ့ဝင်နိုင်ငံတွေနဲ့ ညှိ နှိုင်းပေးတာဖြစ်တယ်။ ဒီအစည်း အဝေးမှာတော့ ကုလနဲ့ အာဆီယံ ကိစ္စကိုပဲ သီးသန့်ဆွေးနွေးမယ်။ မြန်မာ့နိုင်ငံရေးကိစ္စကတော့ သမ္မတကြီးကို သီးသန့်တွေ့တဲ့အခါ ဆွေးနွေးကောင်းဆွေးနွေးပါလိမ့် မယ်’’ဟု ၎င်းက ပြောသည်။
ဘန်ကီမွန်းသည် နာဂစ်မုန် တိုင်းအပြီး ၂၀၀၈ ခုနှစ်တွင်တစ် ကြိမ်၊ ရွေးကောက်ပွဲအပြီး ဦးသိန်း စိန်အစိုးရသစ်တက်လာခဲ့သည့် ၂၀၁၂ မေလတွင်တစ်ကြိမ် မြန် မာနိုင်ငံသို့လာရောက်ခဲ့ပြီး ပြည် ထောင်စုလွှတ်တော် တတိယပုံ မှန်အစည်းအဝေးတွင် မိန့်ခွန်း ပြောကြားထားသည်။ ထိုစဉ်က ရှမ်းပြည်နယ် ဟိုပုံးမြို့နယ်ရှိ ကု လသမဂ္ဂနှင့် အစိုးရတို့ပူးပေါင်း ဆောင်ရွက်သည့် ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေးစီမံကိန်းကိုလည်း သွားရောက်လေ့လာခဲ့သည်။
လက်ရှိမြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်ပဋိပက္ခနှင့် ဘာ သာရေးတင်းမာမှုများကြောင့် ပြု ပြင်ပြောင်းလဲရေး ထိခိုက်နိုင်ပြီး ရွေးကောက်ပွဲကျင်းပရေးအတွက် အခက်အခဲ အတားအဆီးများ ရှိနေကြောင်း ဘန်ကီမွန်းက ပြီး ခဲ့သည့်ရက်ပိုင်း နယူးယောက် မြို့တွင်ပြုလုပ်ခဲ့သည့် ကုလအ ထွေထွေညီလာခံ၌ ပြောကြားခဲ့ သည်။
ထို့အပြင် ယခုရက်အတွင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများပြန်လည်ဖြစ်ပွားနေခြင်းအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက လည်း စောင့်ကြည့်စိုးရိမ်မှုများ ရှိနေသည်။ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လွှတ်တော်၏ အ ခန်းကဏ္ဍမှာလည်း အရေးပါပြီး ငြိမ်းချမ်းရေးဖြစ်စဉ်များကို ကုလသမဂ္ဂက နီးကပ်စွာစောင့်ကြည့် နေကြောင်း ဘန်ကီမွန်းက ကုလ ညီလာခံ၌ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံက ဥက္ကဋ္ဌတာဝန် ယူထားသည့် တစ်နှစ်အတွင်း ကျင်းပရန်ကျန်သေးသည့် အာဆီ ယံထိပ်သီးအစည်းအဝေးကို နိုဝင် ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင် ကျင်းပမည်ဖြစ်ပြီး အာဆီယံ ၁၀ နိုင်ငံခေါင်းဆောင်များနှင့် ဆွေး နွေးဖက် တရုတ်၊ ဂျပန်၊ ကိုရီး ယား၊ အိန္ဒိယ၊ ဩစတြေးလျ၊ အမေရိကန်နှင့် ရုရှားတို့မှ နိုင်ငံ ခေါင်းဆောင်များတက်ရောက် ကြမည်ဖြစ်သည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်အား ဖိတ်ကြား ထားသော်လည်း တက်ရောက်ရန် အကြောင်းပြန်ကြားခြင်းမရှိသေး ကြောင်း အာဆီယံရေးရာဦးစီး ဌာနမှ သတင်းရရှိသည်။

Saturday, October 4, 2014

သားအိမ်အစားထိုး ကုသမှု ခံယူထားသည့် အမျိုးသမီးတစ်ဦး ကမ္ဘာ့ပထမဆုံးအဖြစ် ရင်သွေးငယ်မွေးဖွား

သားအိမ် အစားထိုး ကုသမှု ခံယူထားသည့် အမျိုးသမီး တစ်ဦးက ကမ္ဘာပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် ရင်သွေးငယ် တစ်ဦးကို အောင်မြင် ချောမောစွာ မွေးဖွားနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
အောက်တိုဘာ (၄)ရက်ထုတ် The Lancet ဆေးပညာ ဂျာနယ်တွင် အဆိုပါ ဖြစ်ရပ်သည် သားသမီး မရနိုင်သည့် ချွတ်ယွင်းချက်မျိုး ရှိနေသော အမျိုးသမီးများအတွက် ကြီးစွာသော အလှည့်အပြောင်း ဖြစ်စေမည့် အောင်မြင်မှုမျိုးဟု ညွှန်းဆို ဖော်ပြထားသည်။
သားအိမ် အစားထိုး ကုသမှု ခံယူထားသည့် ဆွီဒင် အမျိုးသမီး တစ်ဦးသည် ပြီးခဲ့သည့် လက ကလေးငယ်တစ်ဦးကို ကျန်းကျန်းမာမာ မွေးဖွားနိုင်ခဲ့ကြောင်း၊ ကလေး၏ ကိုယ်အလေးချိန်သည် (၁.၇၇၅) ကီလိုဂရမ် ရှိနေကြောင်းလည်း ဂျာနယ်၏ ဖော်ပြချက်အရ သိရှိရသည်။ အသက်(၃၆)နှစ်ရှိ အမျိုးသမီးသည် Rokitansky အမည်ရှိ ရှားပါးသော ရောဂါတစ်မျိုးကြောင့် မွေးရာပါ သားအိမ်မပါလာသူ ဖြစ်သည်။
ဂိုသမ်ဘာ့ဂ်ရှိ ဆယ်လ်ဂရန်စကား တက္ကသိုလ် ဆေးရုံမှ ဆရာဝန်များက အဆိုပါ မွေးဖွားမှု တစ်ခုလုံးကို တာဝန်ယူ ကြပ်မတ်ပေးခဲ့ကြသည်။ အမျိုးသမီးနှင့် ခင်ပွန်းသည်တို့သည် ပြင်ပတွင် မျိုးအောင်စေသည့် ကုထုံးကို အသုံးပြုပြီး သန္ဓေတည်အောင် လုပ်ဆောင်ခဲ့သည်။ အမျိုးသမီးကို သားအိမ် လှူဒါန်းသူမှာ အသက်(၆၁)နှစ် အရွယ် မိသားစုမိတ်ဆွေ အမျိုးသမီးကြီး တစ်ဦးဖြစ်ပြီး သူမသည် လွန်ခဲ့သည့် (၇)နှစ် ကတည်းက သွေးဆုံးခဲ့ပြီ ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က (၁၀)နာရီကြာ ခွဲစိတ်မှုဖြင့် သားအိမ်ကို အမျိုးသမီးအတွက် အစားထိုး တပ်ဆင်ပေးခဲ့ခြင်း ဖြစ်သည်။
အမျိုးသမီး အနေဖြင့် ကိုယ်ဝန်ဆောင်ချိန်မှ မီးဖွားချိန်အထိ ရှုပ်ထွေးခက်ခဲသော ဆေးပညာ လုပ်ဆောင်မှုများဖြင့် ပံ့ပိုးအားဖြည့်ပေးခြင်း ခံခဲ့ရသည်။ အစားထိုးထားသည့် သားအိမ်သည် အစောပိုင်းက သန္ဓေသားကို လက်မခံလိုသည့် တုံ့ပြန်မှုမျိုး ရှိခဲ့သော်လည်း အဆိုပါ အဆင့်ကို ချေဖျက်နိုင်အောင် ပညာရှင်များက ကြိုးစား လုပ်ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

လိပ်ကျွန်း လူသတ်မှု တရားခံ အစစ်ဟာ ဘယ်သူတွေလဲ

ထိုင်းနိုင်ငံတောင်ပိုင်း ဆုရတ်ဌာနီ ကော့တောင် ( Koh Tao) ကျွန်းမှာ ဗြိတိန် ၂ ဦး အသတ်ခံရပြီး သံသယဖြစ်ခံ ထား ရလို့  ဖမ်းဆီးခံထားရသူ မြန်မာ ၃ ဦးအနက် ၂ ဦးက သူတို့ လူသတ်မှု ဘယ်လို ကျူးလွန်ခဲ့တယ်ဆိုတာ ထိုင်းရဲတွေက သရုပ်ပြခိုင်းပြီး သူတို့ ဟာ လူသတ်တရားခံအဖြစ် ဝန်ခံထား သူတွေ ဖြစ်တယ်လို့ ထိုင်း ရဲတပ်ဖွဲ့ အကြီးအကဲကပြောပါတယ်။ 

ဓာတ်ပုံ- ထိုင်းမီဒီယာ

 အောက်တိုဘာလ ၃ ရက်နေ့မှာ မြန်မာအလုပ်သမား မောင်ဝင်းနဲ့ မောင်ဇော် တို့ ၂ ဦးကို ဦးခေါင်းကာ ဦးထုပ်တွေ၊ အကာ အကွယ် အိင်္ကျီတွေ ဝတ်ဆင်ထားပြီး ကော့တောင်ကျွန်းကို ရဲတွေက လုံခြုံရေးအပြည့် နဲ့ ခေါ်လာကာ သရုပ်ပြခိုင်းခဲ့တာပါ။ 



“အခု သံသယရှိနေသူ ၂ ဦးဟာ အဲဒီနေ့တုန်းက ပြစ်မှုကျူးလွန်ခဲ့ကြသူတွေပါ။ တချိန်ထဲမှာပဲ သူတို့ ကျူး လွန်ခဲ့တယ် ဆိုတာ ၀န်ခံခဲ့ကြတယ်။ ဒါကြောင့် အခု ရဲတပ်ဖွဲ့လုပ်ထုံးလုပ်နည်းအတိုင်း သူတို့ကို ပြန်လည် သရုပ်ပြဖို့ ကျနော်တို့ ခေါ်လာ တာပါ”လို့ ရဲ ဗိုလ်ချုပ်ကြီး ဆုန်ယု ဖုန်ဖန်မောင်န့် က ဆိုပါတယ်။ 

အဖမ်းခံ မြန်မာ ၂ ဦး သရုပ်ပြနေပုံ

အခုလို ဝန်ခံပါတယ်ဆိုတဲ့ မြန်မာ ၂ ဦးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့ညတုန်းက လိပ်ကျွန်း ကမ်းခြေနားမှာ ဂစ်တာ တီး သီချင်းဆိုနေကြစဉ် နိုင်ငံခြားသား စုံတွဲ၂ ဦးက ချစ်တင်းနှောနေတာကို မြင်ပြီး စိတ်မထိန်းနိုင်လို့ ပြစ်မှု ကျူးလွန်ခဲ့တာလို့ ထွက်ဆိုထားတယ်ဆိုပြီး ထိုင်းရဲက ပြောထားပါတယ်။ 

အဲဒီ ၂ ဦးရဲ့ DNA ကလည်း သေဆုံးသူ ဗြိတိန် အမျိုးသမီးရဲ့ ခန္ဓာကိုယ်ထဲက ရတဲ့ DNA နဲ့ ကိုက်ညီတယ် လို့ ရဲက ပြော ထားတယ်။ နောက်ပြီး အခင်းဖြစ်ပွားရာနေရာအနီးတွေ့ရတဲ့ L&M စီးကရက်က ဒီအန်အေနဲ့ လည်း ကိုက်ညီတယ်လို့ ဆိုပြန်တယ်။ 



ဒီကိစ္စကို မြန်မာတွေက မယုံကြည်ပါဘူး။ အဲဒီ ထိုင်းရဲလက်ထဲက မြန်မာ ၂ ဦးဟာ အပြစ်ရှိတယ်လို့ မယုံ ကြည်ပဲ မြန်မာ သံရုံးအနေနဲ့ သူတို့နဲ့ သေချာတွေ့မေးပြီး လွတ်လပ်တဲ့ စုံစမ်းမှု လုပ်ဖို့ တောင်းဆိုတဲ့ အကြောင်း၊ ထိုင်းရဲတွေ ပြောတဲ့ ဒီအန်အေ သက်သေတွေကိုလည်း လွတ်လပ်စွာ ပြန်လည်စစ်ဆေးဖို့ လိုတယ်လို့ မြန်မာတွေက တောင်းဆိုထားတဲ့ အကြောင်း andrew-drummond.com သတင်းတပုဒ် မှာ ရေးထားပါတယ်။ 

ကော့တောင်ကျွန်းမှာ အလုပ်လုပ်နေတဲ့ မြန်မာတွေကလည်း စိုးရိမ်မှုတွေ နဲ့နေထိုင်နေရတယ်လို့ သိရပါတယ်။ ဒီအကြောင်း သတင်းကိုလည်း အပြည့်အစုံ ဖတ်နိုင်ပါတယ်။ 

 ထိုင်း ပညာတတ်အသိုင်းအဝိုင်းနဲ့ နိုင်ငံခြားသတင်းဌာနတွေကလည်း ကော့တောင်ကျွန်း လူသတ်မှု တရားခံ ဟာ မြန်မာ မဟုတ်ဘူးလို့ ယုံကြည်နေကြတဲ့အကြောင်းတွေ သတင်းတွေမှာ တွေ့နေရပါတယ်။ 

သည်စထရိတ်တိုင်းမ်ကလည်း ထိုင်းရဲတွေ မြန်မာ ၂ ဦးကို လူသတ်သမားအဖြစ် ခေါ်ထုတ်ပြလာတာကို ဆိတ် ဖမ်းလာတယ် လို့ ထိုင်းမီဒီယာတချို့က သရော်သလို သူတို့လည်း သရော်ကြပါတယ်။ 

မြန်မာသံအရာရှိကလည်း ဖမ်းဆီးခံထားရသူ မြန်မာ တွေနဲ့ သွားတွေ့ဖို့ရှိတယ်လို့ သတင်းတွေ တွေ့ရပေ မယ့်  သံအရာရှိတွေကိုယ်တိုင် ဘာမှ ထုတ်ပြောတာမရှိသေးတာနဲ့ ထိုင်းရောက် မြန်မာတွေအပေါ် ဘန်ကောက်မြန်မာသံရုံးရဲ့ အကာအကွယ်ပေးရေး ကိစ္စတွေအပေါ် အားမရလို့ ဝေဖန်တဲ့ အသံတွေလည်း ဆူညံနေပါတယ်။

ဘန်ကောက်ပို့စ်က အရင် ရေးခဲ့တဲ့ သတင်းကို နိုင်ငံခြား သတင်းတွေက ပြန်ကိုးကားပြီး ထောက်ပြနေ တာက ပထမ သံသယ ဖြစ်ခံရသူ ဗြိတိန်ကို သုဝဏ္ဏ ဘုမ္မိလေဆိပ်မှာ ဖမ်းမိတဲ့ကိစ္စ၊ သူ့ဆံပင်အရောင်နဲ့ 
သေဆုံး သူရဲ့ လက်ထဲက ဆံပင် တူတယ်စတဲ့ အချက်တွေပါတယ်။ 

ဒီအပြင် ပြင်သစ်တယောက်က လူသတ်သမားကျိန်းသေဖြစ်တယ်လို့ ပြောဆိုထားတဲ့ ကော့တောင် ကျွန်း
ပေါ်က မာဖီးယား ၂ ယောက် ဓာတ်ပုံကို သူကိုယ်တိုင် ရိုက်ကူးမှတ်တမ်း တင်ခဲ့ပြီး အွန်လိုင်းပေါ် တင်ခဲ့ တယ်။ သူတို့တွေဟာ ထိုင်းရဲကို DNA မပေးပဲ ငြင်း ဆိုခဲ့တာ ကလည်း စိတ်ဝင်စားစရာဖြစ်နေဆဲ လို့ ဆိုကြတယ်။ 

ပြင်သစ်တဦး ဖုန်းနဲ့ရိုက်ထားတဲ့ ကော့တောင်းကျွန်းပေါ်က လူသတ်မှု သံသယဖြစ်ဖွယ် လူ ၂ ဦးဓာတ်ပုံ

အခင်းဖြစ်ညက စီစီတီဗွီမှတ်တမ်းထဲက ဓာတ်ပုံတခုနဲ့ ထိုင်း ၁ ဦးဟာ ကိုက်ညီတယ်လို့ ရဲက ပြောခဲ့တယ်။ အမည်မဖော်ပြထားတဲ့ ဗြိတိန် ၁ ဦးက သေဆုံးသွားတဲ့ ဗြိတိန် အမျိုးသမီးကို ထိုင်း ၂ ဦးက လိင်ပိုင်း ဆိုင်ရာ စော်ကားဖို့ လုပ်နေ တာကို မျက်မြင်တွေ့ခဲ့ရတဲ့အကြောင်း ထိုင်းရဲကို ပြောခဲ့တယ်။ အဲဒီသတင်းကိုလည်း ဘန်ကောက်ပို့စ်က ဖော်ပြခဲ့ပြီး အခုအဲဒီကိစ္စက ပျောက်ကွယ်နေတယ် လို့ ထောက်
ပြနေကြပါတယ်။

ထိုင်းအခြေစိုက် Cross Cultural Foundation ဆိုတဲ့ NGO တခုကထုတ်ပြန်တာမှာ အခု ကော့တောင် ကျွန်း လူသတ်မှုနဲ့ မြန်မာ အလုပ်သမား ၂ ဦးကိုဖမ်းဆီးတဲ့ ကိစ္စဟာ ပွင့်လင်းမြင်သာမှုမရှိသလို မတရား သဖြင့် ဖမ်းဆီးခံရပြီး ထိုးကျွေးခံရသူတွေ ဖြစ်မယ်လို့ ဆိုပါတယ်။

CCF ဒါရိုက်တာ မစ္စ Pornpen Kongkachornkiat က ပြောတာမှာ သူ့ဆီကို ထိုင်းရဲတွေရဲ့ ဖမ်းဆီးမှု ခံခဲ့ရ တဲ့ မြန်မာ ၂ ဦး နဲ့ပတ်သက်တဲ့ တုံ့ပြန် စာတွေတပုံကြီးရတယ်လို့ ပြောတာကို ထိုင်း PBS သတင်းတပုဒ် မှာ ဖော်ပြထားပါတယ်။

သူက ပြန်ပြောပြတာကတော့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၉ ဦးဟာ “Takraw” ကစားနေတုန်း ထိုင်း ရဲတွေ ရောက် လာပြီး သူတို့ကို ဝိုင်းတဲ့ အချိန်မှာ မြန်မာ ၃ ဦးက အထောက်အထား စာရွက်စာတမ်း၊ အလုပ်လုပ်ခွင့် ပါမစ် စတာတွေ မရှိလို့ သူတို့သူငယ်ချင်းတွေက ထွက်ပြေးဖို့ အကြံပေးခဲ့ပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်တဲ့။ 

အဲဒီမှာ ထွက်ပြေးဖို့ ကြိုးစားတဲ့ မြန်မာ ၃ ဦးနောက်ကို ထိုင်းရဲတွေက လိုက်ပြီး စောင့်ကြည့်မှု လုပ်တာ ခံခဲ့ရကာ နောက် ပိုင်း အဖမ်းခံလိုက်ရတာဖြစ်တယ်လို့ မစ္စ ပွန်ပန်က ပြောပါတယ်။ 

အဲဒီလို အဖမ်းခံလိုက်ရပြီး ဒီ ၃ ဦးကို ဗြိတိန် ၂ ဦးသတ်တဲ့ လူသတ်တရားခံအဖြစ် ပြောင်းသွားခဲ့တာပါ ဘဲတဲ့။ 

ကော့တောင် ကျွန်းမှာ လူသတ်မှုကြောင့် ဒီအန်အေ စစ်ဆေးမှုတွေကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေ အကြားစိုးရိမ်မှုတွေ များနေပြီး ဖိအားပေးမှုတွေလည်း ရှိနေတာကြောင့် ကြောက်ကြောက်နဲ့ ကျွန်းပေါ် မှာ နေထိုင်ကြရတယ်လို့ သူက ဆက်ရှင်းပြထားတယ်။ 



ဒါကြောင် CCF ဒါရိုက်တာ မစ္စ Pornpen Kongkachornkiat က မေးခွန်းထုတ်တာမှာ ဖိအားပေးပြီး ရယူ ထားခဲ့တဲ့ DNA စစ်ဆေးမှု ရလာဒ်ဟာ အရမ်း တိုတောင်တဲ့ အချိန်အတွင်းမှာ ထိုင်းရဲတွေက ထုတ်ပြန်ခဲ့ တာဟာ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ အညီ လုပ်တာမှဟုတ်ရဲ့လား လို့ မေးခွန်းထုတ်ထားပါတယ်။ 


 ဒါဟာ ခွဲခြားမှုတခုဖြစ်တယ်လို့လည်းမေးခွန်းထုတ်ထားပြီး ထိုင်းအာဏာပိုင်တွေဟာ မျှတတဲ့ တရားစီရင်
ရေး ထက် နိုင်ငံ ခြားသားကမ္ဘာလှည့်ခရီးသွားတွေ အလာကျဆင်းသွားမှာကို ပိုပြီး စိုရိမ်ပူပန်နေတယ်လို့ သူက ဆက်ပြောပြီး သံသယဖြစ် သူ တွေအပေါ် ခွဲခြားမှု မရှိပဲ လုပ်ဆောင်သင့်တယ်လို့ CCF ဒါရိုက်တာ မစ္စ Pornpen Kongkachornkiat က ဆိုပါတယ်။ 

 ဗြိတိန်သံရုံးကလည်း ဒီအမှုကို သေချာကိုင်တွယ်ဖို့ ဖိအားပေးသလို ရှေ့နေတွေရဲ့ လုပ်ဆောင်ချက်တွေ ကလည်း ထိုင်းရဲ တွေအပေါ် ဖိအားတွေ ဖြစ်စေပြီး ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေး စနစ်မှာ ယုံကြည်မှု ပျက်စီးစေတဲ့ အဖြစ်ကို သက်ရောက် သွားနိုင်တယ်လို့လည်း သူက သတိပေးလိုက်ပါတယ်။

 
Twitter Bird Gadget