ရွှေတိဂုံစေတီတော်မြတ်ကြီး

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, September 30, 2013

ပထမဆုံး လေအေးစက်တပ်ဆင် အမြန်မြို့ပတ်ရထား တစ်နေ့ ၈ကြိမ်ပြေးဆွဲမည် (ရုပ်/သံ)


ဂျပန်နိုင်ငံက တစ်ပတ်ရစ် မီးရထားတွဲဆိုင်းတွေကို ဝယ်ယူပြီး လေအေးစက်တပ်ဆင် ပြေးဆွဲမယ့် ရန်ကုန်မြို့ရဲ့ ပထမဆုံး မြို့ပတ်အမြန်ရထားကို တစ်နေ့ ၈ကြိမ်ပြေးဆွဲသွားမယ်လို့ ရထားပို့ဆောင်ရေးဝန်ကြီးက စက်တင်ဘာ ၂၉ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်

ဦးသိန်းစိန်အစိုးရ မြေမသိမ်းဟု ကတိပြု


သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ်က လယ်ယာမြေ သိမ်းဆည်းမှုများ မဖြစ်ပေါ်စေရန် ဂရုစိုက် လုပ်ဆောင် သွားမည် ဖြစ်ပြီး မြေသိမ်းမှုများ ပပျောက်ရေးအတွက် မြေယာစီမံခန့်ခွဲမှု ဥပဒေကြမ်းရေးဆွဲပြီး လွှတ်တော်သို့ တင်သွင်း သွားမည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီး ဦးဝင်းထွန်းက ကတိပြု ပြောဆိုသည်။ နေပြည်တော်တွင် စက်တင်ဘာ ၂၇ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့ သော မြေယာ စီမံခန့်ခွဲမှု ဗဟိုကော်မတီ၏ သတင်းစာရှင်း လင်းပွဲတွင် အစိုးရသစ် အနေဖြင့် မြေသိမ်းမှု များ မဖြစ်စေရန် တတ်နိုင်သမျှ လုပ်ဆောင်သွား မည်ဖြစ်ပြီး လယ်ယာမြေ သိမ်းဆည်းမှုများကို ဟန့်တား နိုင်ရေး ဥပဒေမူကြမ်း တရပ် ရေးဆွဲလျက်ရှိကြောင်း ဦးဝင်းထွန်းက ပြောဆိုသည်။
“ဒီအစိုးရ လက်ထက်မှာတော့ မြေယာသိမ်းတာတွေ မဖြစ်အောင်လုပ်သွား မှာပါ။ တတ်နိုင်သမျှ သိမ်းဖို့ မရှိနိုင်အောင် လုပ်မှာပါ။ ဥပဒေကြမ်း ကလည်း အမျိုးသား အဆင့် အနေနဲ့ ရေးဆွဲတာပါ။ လာမယ့်နှစ် ဧပြီ လမှာ အပြီး သတ်မယ်။ ဒီထဲမှာက မြို့နယ်၊ ကျေးရွာထိပါ လိုက်နာရမယ့် ဥပဒေတွေ၊ မြေအသုံးချမှုတွေ ပါ မယ်။ အရင်က မရှိခဲ့တော့ လုပ်ချင်သလို လုပ်ခဲ့တယ်။ ဥပဒေတွေ ရှိပေမယ့် နည်းစနစ်ပိုင်း အားနည်းလို့ ဖြ စ်လာတာ ဆိုတော့ ဒီဥပဒေက အကောင်းဆုံး ထိန်းနိုင် မှာပါ”ဟု ဦးဝင်းထွန်းက ဆိုသည်။ အစိုးရက မြေယာ သိမ်းဆည်းမှု ဟန့်တားနိုင်မည့် ဥပဒေကြမ်းရေးဆွဲ ရာတွင် ပြည်တွင်းပြည်ပ ပညာရှင်များ၊ ကုလသမဂ္ဂ နှင့် အပြည်ပြည် ဆိုင်ရာ အစိုးရ မဟုတ်သော အဖွဲ့အစည်း များမှ ပညာရှင်များကို အကူညီတောင်းခံ ထား ကြောင်း သိရှိရ သည်။
ပြည်ထောင်စု လွှတ်တော် လယ်မြေ နှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်း စစ်ဆေးရေး ကော်မရှင်က အစိုးရထံ တင်ပြ ထားသည့် မြေသိမ်း ဆည်းမှု အမှုပေါင်း ၇၄၅ ခုကို ပြန်လည် စစ်ဆေး လျက်ရှိပြီး အမှုများကို ပြန်လည် စစ်ဆေးပြီး ပါက မူလ ပိုင်ရှင်ပြည်သူများထံ ပြန်လည် ပေးအပ် မည်ဖြစ်ကြောင်း၊ စစ်တပ်က သိမ်းထည်း ထားသော မြေဧက ၃၈၀၀၀ ကို မူလပိုင်ရှင်ထံ ပြန်လည် ပေးအပ်နိုင်ရန် စီစဉ်နေကြောင်း သိရှိ ရသည်။ “ ဒီတနှစ်အတွင်း ပြန်ပေးနိုင်အောင် စီစဉ်ထားတယ်။ နောက်ပိုင်းလည်း ဒီလိုမြေသိမ်းတာတွေ န ည်းအောင် ဖွဲ့စည်း ထားတဲ့ ကော်မတီတွေကနေ လုပ်မယ်။ ဖြစ်လာရင်လည်း ဖြေရှင်းပေးမယ်။ ဥပဒေ၊ န ည်းဥပဒေ ထွက်လာရင် လည်း အဲဒီတိုင်း လုပ်သွားမယ်”ဟု ဦးဝင်းထွန်းက ပြောသည်။ အစိုးရက ဖွဲ့ စည်း ထားသော မြေယာသိမ်းဆည်းမှုများ ဖြေရှင်းရေး ကော်မတီတွင် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက ဥက္ကဋ္ဌ အြ ဖစ် ဆောင် ရွက်ပြီး အဖွဲ့ဝင်များ အဖြစ် အစိုးရ၀န်ကြီးများပါဝင်ကြောင်း သိရှိရသည်။

ရန်ကုန် လေဆိပ်တွင် ၃၉ သိန်းခန့် တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းမိ

ရန်ကုန်လေဆိပ် ပြည်တွင်း ထွက်ခွာ၌ ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မှမြိတ်သို့ ထွက်ခွာမည့် လေကြောင်းလိုင်းတွင် စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ ရန်ကုန်မှမြိတ်သို့ ထွက် ခွာမည့် မြန်မာ့လေကြောင်း UB-Special ဖြင့် တင်ဆောင်ရန် ကျော်စွာဝင်း ၂၄ နှစ် အဲကမ္ဘောဇ လေကြောင်းလိုင်း အငယ်တန်း စာရေး မြဝတီ မင်းကြီးလမ်း ဆယ်မိုင်ကုန်းရပ်ကွက် အင်းစိန် မြို့နယ် နေသူသည် အဖြူရောင်ကြွပ် ကြွပ်အိတ်ကြီး တစ်လုံးဖြင့် ထည့်ထား သော TV ဂိမ်းစက်အား X-Ray စက် တွင်ဖြတ်သန်းစဉ် ၎င်းဂိမ်းစက်အတွင်း ၌ မသင်္ကာဖွယ်ရာတွေ့ရှိသဖြင့် ကျော်စွာဝင်းအား ၎င်းယူဆောင်လာသော TV ဂိမ်းစက်နှင့် အတူ လေကြောင်း ရဲတပ် ဖွဲ့မှူးရုံး (ရန်ကုန်)သို့ ခေါ်ယူ၍ သက်သေများ ရှေ့တွင် ဖွင့်ဖောက်စစ်ဆေးရာ ခရမ်းရောင် TV ဂိမ်းစက်အတွင်းမှ အဝါရောင် တိတ်များဖြင့် ပတ်လျက် အပြာရောင် ပလတ်စတစ် အိတ်ငယ်များ ဖြင့် ထည့်ထားသည့် WY စာတန်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၁၉၈ ပြား၊ အစိမ်းရောင် နှစ်ပြား ပေါင်း ၂ဝဝ ပြားပါ သုံးထုပ်၊ WY စာတန်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၁၉၆ ပြား၊ အစိမ်းရောင် နှစ်ပြားပေါင်း ၁၉၈ ပြားပါ တစ်ထုပ်၊ ပေါင်းအထုပ်ငယ် လေးထုပ် စုစုပေါင်း ဆေးပြား ၇၉၈ ပြား အလေးချိန် ၇၉ ဒသမ ၈ ဂရမ်ခန့် ကာလတန်ဖိုး ငွေကျပ် ၃၉၉ဝဝဝဝ ကျပ် အား သိမ်းဆည်း ရမိခဲ့သည်။
ကျော်စွာဝင်း၏ ထွက်ဆိုချက် အရ ဆေးပြားများ ပါသည့် ဂိမ်းစက်အား ရန်ကုန်မြို့မှ မြိတ်မြို့သို့ ပို့ဆောင်ပေးရန် စက်တင်ဘာ ၂၈ ရက် နံနက် ၆ နာရီခန့်တွင် လက်ကိုင်ဖုန်း အမှတ် ဝ၉-၃၁၇၃၇၁၃၇ ကိုင်ဆောင်သည့် အမည်မသိ အမျိုးသား တစ်ဦးမှ လာရောက် ပေးခဲ့ခြင်း ဖြစ်ပြီး မြိတ်မြို့ရှိ လက်ကိုင်ဖုန်း အမှတ် ဝ၉-၁၆၆၇ဝဝ၉ ကိုင်ဆောင်သည့် ဦးနောင်ကို ၄၃ နှစ် ဆိုင်ကယ် ကယ်ရီမောင်း ထုံးဘိုလမ်း ကမ်းမြားရပ် မြိတ်မြို့ နေသူထံသို့ ပို့ဆောင်ပေးရန် ဖြစ်ကြောင်း သိရသည်။ မူးယစ် တပ်ဖွဲ့စု (၃၄) ကော့သောင်းမှ ဦးနောင်ကို ကိုင်ဆောင်သည့် လက်ကိုင်ဖုန်းအား ဆက်သွယ်၍ ယင်းနေ့မွန်းလွဲ ၁ နာရီ ၅ဝ မိနစ်တွင် ဦးနောင်ကိုအား ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကာ တရားခံများအား စစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

ရဲယို အစွမ်း အံ့မခန်း

 

မြန်မာနိုင်ငံရဲ့ နေရာ တော်တော်များများမှာ ပေါက်ရောက်၍ ပေါများစွာ တွေ့ရှိရသော ရဲယိုပင်၏ အစွမ်း မှာ အံ့မခန်း လောက်ပါတယ်။
ရဲယိုရွက်၊ ရဲယိုသီးတို့ဟာ ရောဂါများကို ကာကွယ် ပေးရုံမက ရောဂါကြီး တချို့ကိုလည်း ပျောက်ကင်း တာကို တွေ့ရပါတယ်။
ရဲယိုသီးဟာ သွေး၊ သည်းခြေ၊ လေ၊ သလိပ်တို့ကြောင့် ဖြစ်သော ပူလောင်ခြင်း၊ အစာမကြေခြင်း၊ အထက်သို့ လေတက်ခြင်း၊ သည်းခြေ လှုပ်ရှားခြင်းတို့ကို ပျောက်ကင်း စေပါတယ်။ ၎င်းအပြင် ရဲယိုသီးဟာ သွေးတိုးကို ချပေးနိုင်ခြင်း၊ ရောဂါပိုးများကို ခုခံပေးနိုင်ခြင်းတို့ကို တွေ့ရှိရပါတယ်။ အစာမကြေခြင်းနှင့် နှလုံးပျက်စီးမှု အန္တရာယ်မှ ကာကွယ် ပေးနိုင်ပါတယ်။ ကင်ဆာဖြစ်နိုင်သော အခြေအနေများနှင့် ကင်ဆာ အကျိတ်အလုံး ကြီးထွားမှုကို ထိန်းချုပ် ပေးနိုင်ကြောင်း လေ့လာ သိရှိရပါတယ်။ ရဲယိုသီး၊ ရဲယိုရွက်တို့ကို စားသုံးခြင်းဖြင့် ခန္ဓာကိုယ် အပူချိန်ကို ထိန်းသိမ်း ပေးနိုင်ခြင်း၊ ခန္ဓာကိုယ် စွမ်းအားကို တိုးပွားစေခြင်း တို့ကိုလည်း ဖြစ်စေနိုင် ပါတယ်။ နာကျင်ခြင်း ဝေဒနာကိုလည်း လျော့ပါး စေနိုင်ပါတယ်။ ရဲယိုရွက်ကို ပြုတ်၍ လည်းကောင်း၊ ငါးနှင့်ချက်၍ လည်းကောင်း စားသုံးကြသလို ရဲယိုသီးမှည့်ကိုလည်း ထန်းလျက် နှင့်ရော၍ စားသုံးကြပါတယ်။ ယခုအခါ ခေတ်နှင့်လျော်ညီစွာ ရဲယိုဓာတ်စာရည်၊ ရဲယိုပေါင်းရည်၊ ရဲယိုသီးယိုဟူ၍ ထုတ်လုပ် ရောင်းချ လာကြသည်ကို တွေ့ရှိရပါတယ်။ မည်သို့ပင် ဖြစ်စေ ရောဂါ အပေါင်းမှ ကာကွယ် ပျောက်ကင်းစေသော ရဲယိုသီး၊ ရဲယိုရွက်၏ အစွမ်းကို အများပြည်သူများ သိရှိနိုင်ရန် ရေးသား တင်ပြ လိုက်ပါတယ်။ ။
 


ဗိုလ်ချုပ်မှူးကြီးဟာ တိုင်းပြည်ကို ငြိမ်းချမ်းဖွံ့ဖြိုးစေချင်တဲ့ ဆန္ဒရှိတယ် ~ ကေအန်ယူ

 
တပြည်လုံး အတိုင်းအတာဆောင်တဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံးနဲ့ ကာကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေးခဲ့သလို တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို အလွတ်သဘော ဆွေးနွေးခဲ့ကြတယ်တယ်လို့ ကေအန်ယူ အထွေထွေအတွင်းရေးမှူး ဗဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

ကေအန်ယူအနေနဲ့ စက်တင်ဘာလ ၂၆ ရက်နေ့ကစပြီး နယ်စပ်ကနေ မြန်မာပြည်တွင်းကို ခရီးထွက်ခွာခဲ့တာဖြစ်ပြီး ဒီခရီးစဉ်အတွင်း အစိုးရပြည်ထောင်စု အဆင့် ငြိမ်းချမ်းကော် မတီခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦအောင်မင်း၊ ဦးစိုးသိန်းတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ တိုင်းပြည်ကို ငြိမ်းချမ်းဖွံ့ဖြိုး တိုးတက်စေချင်တဲ့ ဆန္ဒရှိတယ်လို့ ခံယူမိကြောင်း ပြောပါတယ်။

အမျိုးသမီးများ ကားမောင်းပါက သားအိမ်ထိခိုက်နိုင်ဟု ဆော်ဒီဘာသာရေးခေါင်းဆောင် ပြောကြား

 
အစ္စလာမ် ဘာသာရေး၏ အထင်ကရ ဦးဆောင်နိုင်ငံ တစ်ခုဖြစ်သော ဆော်ဒီတွင် အမျိုးသမီးများ ကားမောင်းခွင့်အတွက် တက်ကြွသော လှုပ်ရှားတောင်းဆိုမှုများ ဖြစ်ပေါ်လာချိန်တွင် ဘာသာရေး ခေါင်းဆောင် တစ်ဦးဖြစ်သော ရှိတ်ခ်ဆာလား အယ်လ်လိုဟိုင်ဒန်က ယခုလို ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အမျိုးသမီးများ ကားမောင်းခြင်းသည် ယင်းတို့၏ သားအိမ်ကို ထိခိုက်စေနိုင်ပြီး သားဖွားသည့်အခါ ပြဿနာများ ဖြစ်ပေါ်စေနိုင်ကြောင်း ဆော်ဒီအာရေဗျ ဘာသာရေး ခေါင်းဆောင်တစ်ဦးက ပြောကြားလိုက်သည်။ အစ္စလာမ် ဘာသာရေး၏ အထင်ကရ ဦးဆောင်နိုင်ငံ တစ်ခုဖြစ်သော ဆော်ဒီတွင် အမျိုးသမီးများ ကားမောင်းခွင့်အတွက် တက်ကြွသော လှုပ်ရှားတောင်းဆိုမှုများ ဖြစ်ပေါ်လာချိန်တွင် ဘာသာရေး ခေါင်းဆောင် တစ်ဦးဖြစ်သော ရှိတ်ခ်ဆာလား အယ်လ်လိုဟိုင်ဒန်က ယခုလို ပြောဆိုခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက နိုင်ငံအတွင်းရှိ အမျိုးသမီးများ အနေဖြင့် အောက်တိုဘာလ (၂၆)ရက်နေ့တွင် သတ်မှတ်ချက်များကို ဖီဆန်ကာ လမ်းများပေါ် ကားထွက်မောင်းရန် နှိုးဆော်လျှက်ရှိသည်။

Twitterတွင် အစပြု လှုံ့ဆော်ခဲ့သည့် ယင်းအစီအစဉ်တွင် ပါဝင်ရန် အမျိုးသမီး (၁၁၀၀၀)မျှက စာရင်းပေးထားသည်။ ဆော်ဒီတွင် အမျိုးသမီးများ ကားမောင်းခွင့်ရရေး တောင်းဆိုမှုကို ဆယ်စုနှစ် နှစ်ခုနီးပါးမျှ ဆက်တိုက် တောင်းဆိုလာသော်လည်း မအောင်မြင်ခဲ့ချေ။ ဆော်ဒီတွင် အမျိုးသမီးများ ကားမောင်းခွင့်ကို ပိတ်ပင်ထားပြီး ယင်းတို့ ကားမောင်းနေသည်ကို တွေ့ရှိပါက ရဲများက ဖမ်းဆီးခြင်း၊ ဒဏ်ငွေရိုက်ခြင်းများ ပြုလုပ်လေ့ရှိသည်။ ထို့အပြင် ယာဉ်မောင်းလိုင်စင်ကိုလည်း အမျိုးသားများ အတွက်သာ ထုတ်ပေးကြောင်း သိရသည်။

ရှိတ်ခ်ဆာလားက "အမျိုးသမီးတစ်ယောက် ကားမောင်းဖို့ ဆိုတာက တကယ်တမ်း စစ်မှန်တဲ့ လိုအပ်ချက် မဟုတ်ပါဘူး။ တစ်ဖက်မှာ ဒီလုပ်ဆောင်မှုကနေ ဇီဝကမ္မ ရှုထောင့်ကနေ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ ဆေးပညာ ရှုထောင့်က ကြည့်မယ်ဆိုရင်လည်း အမျိုးသမီးတွေ ကားမောင်းခြင်းဟု သားအိမ်ကို အလိုအလျောက် ထိခိုက်စေမယ်ဆိုတာ မြင်သာပါတယ်။ ဘာကြောင့်လဲဆိုတော့ တင်ပါးဆုံရိုးကို အပေါ်ဘက်ကို ဖိတွန်းသလို ဖြစ်နေတယ်လေ"ဟု ပြောကြားခဲ့သည်။ ၎င်းက ဆက်လက်၍ "ကျွန်တော်တို့ တွေ့ရှိထားတာက ကားမောင်းတဲ့ အမျိုးသမီးတွေဟာ ကလေးမွေးတဲ့အခါ သားအိမ်ထဲမှာ တည်ရှိတဲ့ ဒီဂရီ အတိမ်းအစောင်း လွဲမှားတဲ့ ပြဿနာတွေ ကြုံရတာကို သတိပြုမိထားပါတယ်"ဟုလည်း ဆိုသည်။

ရှိတ်ခ်ဆာလားသည် ဆော်ဒီတွင် အမျိုးသမီးများအတွက် အခွင့်အရေးများ တိုးမြှင့်ပေးရေးကို ငြင်သာပျော့ပြောင်းစွာ လုပ်ဆောင်သွားရန် အစီအစဉ်ကို ကန့်ကွက်နေသူ တစ်ဦးလည်း ဖြစ်သည်။ ဆော်ဒီတွင် အမျိုးသမီးများကို ကားမောင်းခွင့် မပေးခြင်းသည် ဘာသာရေး သက်ရောက်မှု လွှမ်းမိုးသည့် ထုံးတမ်းစဉ်လာ ဥပဒေ တစ်ရပ်သဖွယ် တည်ရှိနေဆဲ ဖြစ်သည်။ သို့သော်လည်း ယင်းကိုဆန့်ကျင်သူများက အမျိုးသမီး တစ်ဦးသည် ကားမောင်းခွင့် မရှိသည့်အတွက် မိသားစုဝင် မဟုတ်သည့် အမျိုးသမီး ဒရိုင်ဗာ တစ်ဦးကို ငှားရမ်းရခြင်းကဲ့သို့ ပြဿနာမျိုး ရှိနိုင်ကြောင်း ထောက်ပြထားကြသည်။

သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၄၀ ကျော် တွေ့မည်

တိုင်းရင်းသား လက်နက်ကိုင် အဖွဲအစည်း အသီးသီးနှင့် ပြည်ထောင်စု အစိုးရတို့အကြား ဆောင်ရွက်မည့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ရှင်းပြရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၄၀ ကျော် တွေ့ဆုံမည် ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြားသည်။

စက်တင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာ ငြိမ်းချမ်းရေး စင်တာ၌ ပြုလုပ်သည့် နိုင်ငံရေးပါတီ ၄၀ ကျော်နှင့် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးအောင်မင်းတို့ ဦးဆောင်သည့် အစိုးရအဖွဲ့တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆွေးနွေးပွဲတွင် ဦးအောင်မင်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး စာချုပ်ချုပ်ဆိုအပြီး နိုင်ငံရေး ဆွေးနွေးပွဲများ စတင်သည့်အခါ ပါတီများ၏ အခန်းကဏ္ဍမှာ များစွာအရေးပါလာပြီ ဖြစ်၍ မည်သို့ ပါဝင်ရမည်ကို တွေ့ဆုံရှင်းလင်းရန် သမ္မတဦးသိန်းစိန်က ညွှန်ကြားခြင်း ဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။
“ဒါပြီးရင် သမ္မတကြီးကိုယ်တိုင် တွေ့ပြီး အားလုံးရှင်းပြသွားဖို့ စီစဉ်နေပါတယ်” ဟု ဦးအောင်မင်းက ဆိုသည်။

နိုင်ငံရေးပါတီများနှင့် သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံရန် အစီအစဉ် ရှိသော်လည်း တွေ့ဆုံမည့် အချိန်အတိအကျကိုမူ မပြောနိုင်သေးကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာမှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောကြားသည်။

မြန်မာနိုင်ငံသည် တပ်မတော် အစိုးရခေတ်မှ ဒီမိုကရေစီ အစိုးရခေတ်သို့ ကူးပြောင်းနေချိန် ဖြစ်၍ ရည်မှန်းချက်သို့ ရောက်ရှိရန် နိုင်ငံရေးပါတီ အားလုံးလည်း ပူးပေါင်း ပါဝင်ရန် လိုအပ်ကြောင်း၊ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများ ရှေ့သို့ရွေ့ရန် အားလုံးဝိုင်းကူ တွန်းရမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

Photo:

သံတွဲအဓိကရုဏ်း အိမ်တစ်လုံး မီးလောင်၊ ညမထွက်ရအမိန့်ထုတ်

 
ရခိုင်ပြည်နယ် သံတွဲမြို့မှာ စနေနေ့က ကမန် အမျိုးသား ပါတီက ဦးကျော်စံလှရဲ့ အိမ်ရှေ့ အဝင်အထွက်မှာ ဆိုင်ကယ်မလွတ်လို့ အချင်းများရာကနေ လူအုပ်နဲ့ ရဲစခန်းကို သွားဝိုင်းတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဆိုင်ကယ်သမား လူငယ်လေးကလည်း လူရည်မွန်လေး တဦး ဖြစ်သလို ဦးကျော်စံလှကလည်း မြို့မိမြို့ဖ တဦး ဖြစ်ကြောင်း၊ ဒါပေမယ့် အချင်းချင်း နားလည်မှု လွဲရာကနေ အချင်းများခဲ့တာ ဖြစ်ကြောင်း၊ ဒီသာမန် အငြင်းပွားမှုကို အခွင့်ကောင်း ယူပြီး လှုံ့ဆော်သူတွေ ရှိခဲ့တာကြောင့် အခုလို လူစုလူဝေးနဲ့ ရုတ်ရုတ်သဲသဲ အဆင့်ထိ ရောက်သွားတာလို့ သံတွဲခရိုင် NLD ဥက္ကဌ ဦးဝင်းနိုင်က ဘီဘီစီကို ပြောပြပါတယ်။

ဦးကျော်စံလှကို ဆဲရေး တိုင်းထွာမှု အပါအဝင် ပုဒ်မနှစ်ခုနဲ့ ရဲက ဖမ်းဆီးခဲ့ရာမှာ လူ၅၀လောက်က ရဲစခန်းကို ဝိုင်းထားပြီး ဦးကျော်စံလှကို လွှဲပေးဖို့ တောင်းဆိုခဲ့ ကြပါတယ်။

ညနေပိုင်းလောက်မှာ သံဃာတော်တွေရဲ့ ဖျောင်းဖျမှုနဲ့ လူစု ကွဲသွားခဲ့ပြီး ဦးကျော်စံလှ ကိုလည်း ရဲက အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒါကို မကျေနပ်တဲ့ လူ၂၀လောက် က တနင်္ဂနွေနေ့မှာ ရဲစခန်းကို တခါ ထပ် ဝိုင်းခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီလူတွေဟာ မျက်နှာဖုံးတွေ စွပ်ထားကြပေမယ့် မြို့ခံတွေဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလူတွေ ဘယ်သူ ဘယ်ဝါ ဖြစ်တယ် ဆိုတာကို သက်ဆိုင်ရာ အာဏာပိုင်တွေက သိနေပေမယ့် အဖမ်းအဆီး ခုချိန်ထိ မရှိသေးဘူးလို့ ဦးဝင်းနိုင်က ပြောပါတယ်။

သံတွဲမြို့မှာ အခုလို ရုတ်ရုတ်သဲသဲ ဆူပူမှုတွေ ဖြစ်အောင် လှုံ့ဆော်မှုတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။

ဘာသာခြား ဆိုင်တွေမှာ ဈေးမဝယ်ကြဖို့၊ ဝယ်သူတွေကို ဓါတ်ပုံ ရိုက်ထားပြီး လူ့လောကကြီးကနေ ဝိုင်းပယ်ထားကြဖို့ လှုံ့ဆော်မှုမျိုးတွေ တွေ့ရတယ်လို့လည်း ဆိုပါတယ်။

ည ၈နာရီလောက်မှာ သံတွဲမြို့ ၃ရပ်ကွက် တာဝတံင်္သာ လမ်းမှာ ဗုဒ္ဓဘာသာ အိမ်တလုံး မီးရှို့ ခံခဲ့ရပါတယ်။

စနေနဲ့ တနဂင်နွေနေ့က ဖြစ်ခဲ့တဲ့ ကိစ္စတွေနဲ့ ဒီမီးလောင်မှု ဆက်စပ်နေသလား ဆိုတာကိုတော့ အသေအချာ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း သံတွဲမြို့မှာ ရှိတဲ့ တောင်ကုတ်မြို့သူ တဦး ဆွဲလား ရမ်းလား အလုပ်ခံရတယ် ဆိုတဲ့ သတင်းတွေကြောင့် ပဋိပက္ခတွ ဖြစ်ပွားခဲ့ပြီး ညမထွက်ရ အမိန့် ထုတ်ပြန်ခဲ့ရပါတယ်။ 


 
Twitter Bird Gadget