ရွှေတိဂုံစေတီတော်မြတ်ကြီး

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, October 4, 2014

မြဝတီမြို့ရှိ လက်နက်ကိုင်တပ်ဖွဲ့ဝင် အချို့ကို ဖမ်းဆီး

မြ၀တီမြို့တွင် လုံခြုံရေးယူနေသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)
မြဝတီမြို့တွင် လက်နက်ကိုင် တပ်ဖွဲ့ဝင်အမျိုးသားလေးဦးနှင့်အမျိုးသမီးသုံးဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီး ၎င်းတို့ထံမှ လက်ပစ်ဗုံး၊သေနတ်၊ ခဲယမ်းများနှင့်   စိတ်ကြွဆေးများ သိမ်းဆည်းခဲ့ကြောင်း  သတင်းရရှိသည်။
မြဝတီမြို့ အမှတ် (၂)နှင့် (၄)ရပ်ကွက်အတွင်းရှိ လက်နက် ကိုင်တပ်ဖွဲ့များ၏အိမ်များသို့ ဝင် ရောက်ရှာဖွေခြင်းဖြစ်ပြီး လက်ပစ်ဗုံးခုနစ်လုံး၊ သေနတ်တစ်လက်နှင့် ကျည်ဆန်များအပြင် စိတ်ကြွဆေးပြား ၂,၀၀၀ နီးပါးသိမ်းဆည်းနိုင်ခဲ့ကြောင်း မြဝတီမြို့မရဲစခန်းမှ အမှုစစ်ရဲအရာရှိတစ်ဦးကပြော သည်။
အမှတ်(၂)ရပ်ကွက်ရှိ အိမ် တစ်အိမ်မှ လက်ပစ်ဗုံးခြောက်လုံး နှင့် ယမ်းအချို့သိမ်းခဲ့သည့်ဖြစ်စဉ် တွင် ဖမ်းဆီးထားသည့်အမျိုးသား တစ်ဦးမှာ အမျိုးသားဒီမိုကရက် တစ်တပ်မတော် (DNA)မှ ဗိုလ် ကြီးအဆင့်ရှိသူဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောသော်လည်း ကျန်သောသူများနှင့်ပတ်သက်၍ အတိအကျပြောဆိုခြင်းမရှိပေ။

‘‘ယောက်ျားတွေကတော့ မရှိတော့ဘူးပေါ့။ မိန်းမတွေပဲ အိမ်မှာတွေ့တော့ မိန်းမတွေပဲ ဖမ်းလာရတာ။ ဘယ်သူ့ဟာမှန်း ကိုခွဲမရသေးဘူး။ ဘယ်သူမှဝန် မခံတော့  အားလုံးဆွဲရတာပဲ။ အကုန်လုံးကိုအရေးယူဖို့ တိုင်စာ ရေးရတာပေါ့။ ဝန်ခံတဲ့လူမရှိရင်’’ ဟုအမှတ် (၄)ရပ်ကွက်တွင် အမျိုးသမီးသုံးဦးဖမ်းဆီးခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ရှင်းပြသည်။

ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့သူများ မှာ အမှတ် (၂)ရပ်ကွက်မှ အမျိုး
သားတစ်ဦး၊ အမှတ် (၄)ရပ်ကွက်မှ အမျိုးသားသုံးဦး၊ အမျိုးသမီးသုံးဦးဖြစ်ပြီး ၎င်းတို့ကိုလက်နက်ဥပဒေ၊မူးယစ်ဥပဒေတို့ဖြင့် အမှုဖွင့် စစ်ဆေးနေသည်။
အစိုးရတပ်နှင့် မွန်၊ ကရင် ပြည်နယ်အခြေစိုက်လက်နက် ကိုင်အဖွဲ့တို့ တင်းမာမှုများဖြစ်ပွားပြီးနောက်အစိုးရတပ်က လက်နက်ကိုင်အဖွဲ့ဝင်များနေထိုင်ရာရပ် ကွက်များကိုဝင်၍ မူးယစ်ဆေးနှင့် လက်နက်များဆက်တိုက်ဖမ်းဆီးနေသည်။  နှစ်ဖက်တင်းမာမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး ခေါင်းဆောင်ပိုင်းဆွေးနွေးရန် စီစဉ်နေကာ ဒီကေဘီအေမှ ဗိုလ်ကြီး စောစိုးမြင့်ကလည်း ညှိနှိုင်းသော နည်းလမ်းဖြင့်သာပြေလည်အောင် ဖြေရှင်းလိုကြောင်းပြောသည်။

ဆရာဝန်လင်မယားနှိပ်စက်ခြင်းခံရသော အိမ်အကူမိန်းကလေးကို ၀ိတိုရိယဆေးရုံ အခမဲ့ခွဲစိတ်ပေးမည်

နှိပ်စက်ခံခဲ့ရသော အိမ်အကူမိန်းကလေးကိုတွေ့ရစဉ်(ဓာတ်ပုံ − အောင်သစ်လွင်)
ဆရာဝန်လင်မယား၏ နှိပ်စက်မှုကြောင့် ဒဏ်ရာများရရှိခဲ့ သူ  အိမ်အကူကလေးငယ် မသန်း သန်းစိုး၏မျက်နှာကို အမေရိကန်နိုင်ငံ ဆရာဝန်ကြီးများက အခမဲ့ခွဲ စိတ်ကုသရန် လာရောက်ကြည့် ရှုရန်ရှိကြောင်း ၀ိတိုရိယဆေး ရုံကြီးမှ သတင်းရရှိသည်။
‘‘ဆရာဝန်တွေက ကလေး ကို သူတို့အနေနဲ့ ခွဲစိတ်လို့ရနိုင်၊ မရနိုင် အရင်ကြည့်မယ်။ မသန်း သန်းစိုးကို ခွဲပေးလို့ရ၊ မရကတော့မသေချာသေးဘူး။ စမ်းသပ်တာ ရော၊ ခွဲစိတ်ဖြစ်ခဲ့မယ်ဆိုရင်ရော အကုန်အခမဲ့လုပ်ပေးမှာပါ’’ဟု ၀ိတိုရိယဆေးရုံမှတာဝန်ရှိသူ ဒေါက်တာပြည့်ဖြိုးဆွေကပြောသည်။
အမေရိကန်ဆရာဝန်ကြီး များခွဲစိတ်ရန် အဆင်ပြေခြင်းမရှိပါက ပြည်တွင်းဆရာဝန်ကြီးများနှင့်ခွဲစိတ်နိုင်ရန် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ဝိတိုရိယဆေးရုံအစီအစဉ် ဖြင့် အမေရိကန်ဆရာဝန်ကြီးများနှင့် ပူးပေါင်းကာ နှာခေါင်းကွဲ၊အာခေါင်ကွဲကလေးများအား ခွဲစိတ်ရန် လာရောက်ချိန်တွင် မ သန်းသန်းစိုး၏ ဒဏ်ရာအနေအ ထားကိုကြည့်ကာ ၎င်းတို့အနေ ဖြင့် ခွဲစိတ်နိုင်ခြင်း ရှိ၊ မရှိ ကြည့်ရှုသွားမည်ဖြစ်သည်။
‘‘ခွဲပေးမယ်ဆိုရင်တော့ အ ရမ်းဝမ်းသာတာပေါ့။ ကလေးအ ခြေအနေနဲ့ဆို ဘယ်လိုမှကုဖို့မဖြစ်နိုင်တဲ့ အခြေအနေလေ။ ဒဏ်ရာ တွေက လူတောထဲမ၀င်ရဲအောင် ဖြစ်နေပြီ’’ဟု မသန်းသန်းစိုး၏ ဦးလေးဖြစ်သူက ပြောသည်။
မသန်းသန်းစိုးသည် အိမ်ရှင် ဆရာဝန်လင်မယားနှိပ်စက်မှုများကြောင့် မွေးရာပါနှုတ်ခမ်းကွဲပုံစံ သို့ ရောက်ရှိသွားပြီး ရိုက်နှက်မှု များကြောင့် လက်များကျိုးကာ မွေးရာပါ ကိုယ်အင်္ဂါချို့ယွင်းသူ တစ် ဦးအသွင်သို့ ရောက်ရှိနေသည်။
မသန်းသန်းစိုးကို နှိပ်စက်မှု ဖြင့် ဆရာဝန်လင်မယားကို ပုဒ်မသုံးခုဖြင့် တရားစွဲထားပြီး ကျန်းမာရေးဝန်ကြီးဌာနကလည်း ယင်း ဆရာဝန်လင်မယားအား စစ်ဆေးလျက်ရှိကြောင်း စခန်းမှူး ရဲအုပ် ၀င်းဋ္ဌေးကဆိုသည်။
အသက် (၁၄) နှစ်သာရှိသေးသော မသန်းသန်းစိုးသည် မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်သည့် မြောက်ဥက္ကလာပဆေးရုံဝန်ထမ်း ဆရာဝန်လင်မယားအိမ်၌ ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ် သြဂုတ်လအထိ အိမ် အကူလုပ်ကိုင်ခဲ့သည်။

ဗိတိန်စုံတွဲသတ်သူ တရားခံမှာ မြန်မာလုပ်သားသုံးဦးဟုဆိုခြင်းကို မြန်မာသံရုံးမယုံကြည်၍ ရှေ့နေငှား သက်သေပြမည်

ဗြိတိန်လူမျိုးခရီးသွားနှစ်ဦကို သတ်ဖြတ် မှု သံသယရှိသူ မြန်မာနှစ်ဦး(ဆိုင်ကယ်စီး ဦးထုပ်ဆောင်းထားသူနှစ်ဦး)ကို ထိုင်း ရဲတပ်ဖွဲ့ဝင်များနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ − ရိုက်တာ)
 ဗြိတိန်စုံတွဲကို သတ်ခဲ့ကြောင်းဝန်ခံသော မြန်မာနှစ်ဦး၏ DNA မှာ သေဆုံးသူကိုယ်ပေါ်မှ နမူနာနှင့် ကိုက်ညီနေ၍ လူသတ် တရားခံများမှာ မြန်မာလုပ်သား များဖြစ်သည်ဟု ထိုင်းရဲတပ်ဖွဲ့က အတည်ပြုထုတ်ပြန်လိုက်သော် လည်း ထိုင်းနိုင်ငံဆိုင်ရာမြန်မာ သံရုံးက ယုံကြည်မှုမရှိ၍ ထိုင်း ရှေ့နေသုံးဦး ငှားရမ်းကာ လုပ်သားသုံးဦး ဖမ်းဆီးထားရှိရာအကျဉ်းထောင်သို့  ယနေ့သွားရောက်၍ တွေ့ဆုံမေးမြန်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ဗြိတိန်စုံတွဲအသတ်ခံရမှုနှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့က မြန်မာလုပ်သားသုံးဦးကို အောက် တိုဘာ ၁ ရက်တွင် ဖမ်းဆီးခဲ့ သည်။ ဖမ်းဆီးခံရသည့် မြန်မာလုပ်သားသုံးဦးအနက် နှစ်ဦးသည် လူသတ်တရားခံများဖြစ်သည်ဟု ထိုင်းရဲ တပ်ဖွဲ့ထံ အောက်တိုဘာ ၂ ရက် တွင် ၀န်ခံခဲ့သည်ဟု ထိုင်းရဲတပ် ဖွဲ့ကထုတ်ပြန်သည်။ ၀န်ခံခဲ့ သော မြန်မာလုပ်သားနှစ်ဦးသည် ဗြိတိန်စုံတွဲအသတ်ခံရမှုနှင့် ပတ် သက်၍ ထိုင်းရဲတပ်ဖွဲ့က အခင်း ဖြစ်ပွားပြီး နောက်တစ်နေ့ဖြစ် သော စက်တင်ဘာ ၁၆ ရက်တွင် ဖမ်းဆီး၍ စစ်ဆေးမေးမြန်းခဲ့ပြီး တရားခံများမဟုတ်ဟုဆိုကာ ထို နေ့၌ပင် ပြန်လွှတ်ပေးခဲ့သော သူ နှစ်ဦးဖြစ်သည်။
ဝန်ခံသည့် မြန်မာလုပ်သား နှစ်ဦးထံမှ DNA ကို အောက်တို ဘာ ၂ ရက်တွင် စစ်ဆေးရာ သေ ဆုံးသူကိုယ်ပေါ်မှ နမူနာနှင့် ကိုက်ညီနေ၍ လူသတ်တရားခံဖြစ် ကြောင်း ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၃ ရက်၌ အတည်ပြု လိုက်သည်။
ပြစ်မှုကျူးလွန်ကြောင်း စွပ် စွဲခံရသူ အသက် (၂၁) နှစ်အရွယ် ၀င်းကျော်ထွန်းသည် ပြစ်မှုကျူး လွန်ကြောင်း ၀န်ခံခြင်းမရှိသေး ပေ။ အခြားစွပ်စွဲခံရသူ နှစ်ဦးဖြစ် သော အသက် (၂၃) နှစ်အရွယ် မောင်မောင်နှင့် အသက် (၂၁) နှစ်အရွယ် ဇော်လင်းတို့သည် DNA စစ်ချက်နှင့် ကိုက်ညီနေသူ များဖြစ်ပြီး ပြစ်မှုကျူးလွန်ကြောင်း ၀န်ခံထားသူများဖြစ်သည်။ ၎င်း တို့နှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၃ ရက်တွင် အခင်းဖြစ်ပွားသည့်နေရာ၌ သရုပ်ပြမှု များပြုလုပ်ခိုင်းခဲ့သည်။
ဗြိတိန်စုံတွဲကို သတ်သော တရားခံများမှာ မြန်မာလုပ်သား များ မဟုတ်ကြောင်း ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက သက်သေပြရန် ထိုင်းရှေ့နေ သုံးဦးကို ငှားရမ်းကာ ဆူရတ်ဌာနီမြို့ရှိ ဖမ်းဆီးခံမြန်မာလုပ်သား သုံးဦး ထားရှိသော အကျဉ်းထောင်သို့သွား ရောက်သက်သေပြသွားမည်ဟု ဆိုသည်။
‘‘လူသတ်တရားခံက မြန်မာ တွေဖြစ်တယ်ဆိုတာကို လက် မခံပါဘူး။ ၀န်ခံတယ်ဆိုတာက လည်း ရဲလက်ထဲမှာပဲ ၀န်ခံတာ ပါ။ ဒါကသူတို့လုပ်ချင်သလို လုပ် လို့ရပါတယ်။ သံရုံးကလည်း ယုံ ကြည်မှုမရှိပါဘူး။ ဒီပုံစံအတိုင်းဆိုကျန်တဲ့တစ်ယောက်ကလည်း ၀န် ခံတော့မှာပါ။ အရင်ကသူတို့ဖမ်း ပြီး တရားခံမဟုတ်ပါဘူးလို့ လွှတ် ပေးလိုက်တဲ့ သူနှစ်ယောက်က ပြန်ဖမ်းခံပြီး ၀န်ခံလိုက်တာပါ။ ထိုင်းရှေ့နေသုံးဦးနဲ့ အတူအထူး တာဝန်ပေးထားတဲ့ အဖွဲ့က မနက်ဖြန် သူတို့ထားရှိတဲ့ ထောင်ကို သွားပြီး ဘာဖြစ်လို့ ၀န်ခံရတာလဲ။ အဖြစ်မှန်က ဘာလဲဆိုတာ တွေ့ ဆုံမေးမြန်းမှာပါ’’ဟု ထိုင်းနိုင်ငံ ဆိုင်ရာမြန်မာသံရုံးက ထိုဖြစ်စဉ် ကို အနီးကပ်လေ့လာစောင့်ကြည့် ရန် စေလွှတ်ထားသည့် ရှေ့နေ ဦးအောင်မျိုးသန်းက 7 Day Dailyအား ပြောကြားသည်။
အခင်းဖြစ်ပွားရာ ခိုတောင် ကျွန်းတွင် Full Moon (လပြည့် ည)ပွဲတော်ပြုလုပ်လေ့ရှိရာ ထိုညတွင် ဗြိတိန်စုံတွဲ အသတ်ခံရပြီး ကျွန်းတာဝန်ရှိသူများက ပွဲတော် ပြုလုပ်လေ့ရှိသည့် နေရာသို့ ရွှေ့ပြောင်းမြန်မာလုပ်သားများ လာရောက်ခွင့် မရှိကြောင်း ရှေ့နေဦးအောင်မျိုးသန်းက ဆက်လက်ပြောကြားသည်။
‘‘သူတို့လုပ်တာဟုတ်တယ် ဆိုရင်လည်းပဲ ကျွန်တော်တို့က သံရုံးနဲ့ ပူးပေါင်းပြီး ကူညီမှုတွေ ပေးသွားမှာပါ။ ဒီကိစ္စက ထိုင်း မှာ အသံအမျိုးမျိုး ထွက်နေပါ တယ်။ အများစုကတော့ မြန်မာ မဟုတ်ဘူးလို့ပဲ ပြောနေကြပါ တယ်။ နိုင်ငံတကာက စိတ်ဝင် စားတဲ့ သတင်းဖြစ်နေတော့ မြန်မာဟုတ်၊ မဟုတ်ဆိုတာ စုံစမ်းဖို့ လိုပါတယ်’’ဟု ထိုင်းနိုင်ငံ ဆိုင်ရာမြန်မာသံရုံးက ထိုဖြစ်စဉ်ကို အနီးကပ်လေ့လာစောင့်ကြည့်ရန် စေလွှတ်ထားသည့် ထိုင်းနိုင်ငံပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED) အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။
‘‘ခရီးသွားနှစ်ယောက် အ သတ်ခံရလို့ ရဲတပ်ဖွဲ့ကို ဖိအား ပေးခံနေရတာ။ ငွေပေးပြီး ၀န်ခံ ခိုင်းတာလည်း ဖြစ်နိုင်သလို ရိုက် နှက်လို့ ၀န်ခံပေးတာလည်း ဖြစ် နိုင်တယ်။ ထိုင်းလူမျိုးတွေက တောင် မြန်မာ မဖြစ်နိုင်ဘူးလို့ ပြောနေကြတယ်။ မြန်မာအစိုးရ ကလည်း ဒီကိစ္စကို စုံစမ်းပေး သင့်ပါတယ်။ သေချာတာက ဒီ လူသတ်မှုမှာ မြန်မာမဟုတ်တာ ပဲ’’ ဟု အခင်းဖြစ်ပွားရာ ခိုတောင် ကျွန်းတွင် လုပ်ကိုင်သည့် ရွှေ့ ပြောင်းမြန်မာလုပ်သားတစ်ဦးက ပြောသည်။
‘‘ဘန်ကောက်ပို့စ်က တင်တဲ့  သတင်းအောက်မှာ ပေးထားတဲ့ ကွန်မန့်တွေဖတ်ရင်း ငိုချင်စိတ် တောင်ပေါက်တယ်။ ဒီကိစ္စမှာ မြန်မာတွေမပါဘူး။ မြန်မာတွေ မဖြစ်နိုင်ဘူးလို့ ရေးထားကြတာ။ သူတို့ရဲတပ်ဖွဲ့ကို အယုံအကြည် မရှိတော့ဘူးလို့တောင် ရေးထား ကြတာပါတယ်။ မြန်မာတွေ သက်သက်အစားထိုးခံရတာပါ’’ ဟု ဘန်ကောက်မြို့တွင် နေထိုင် သော အသက် (၃၀) အရွယ် မြန်မာ အမျိုးသားတစ်ဦးက ဆို သည်။
ထိုင်းနိုင်ငံသို့ လာရောက် လည်ပတ်သော အသက် (၂၄) နှစ်အရွယ် ဗြိတိသျှနိုင်ငံသား ဒေး ဗစ်မီလာနှင့် အသက် (၂၃) နှစ် အရွယ် ဟန်နာယီသာရစ်ခ်ျတို့ သည် စက်တင်ဘာ ၁၄ ရက် ညဥ့် သန်းခေါင်တွင် ထိုင်းနိုင်ငံ တောင် ပိုင်း၊ ဆူရတ်ဌာနီခရိုင်၊ ခိုတောင် ကျွန်း(လိပ်ကျွန်း)၌ အသတ်ခံ ခဲ့ရခြင်းဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်တွင် ၎င်းတို့၏ အလောင်း များတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထိုင်းရဲတပ်ဖွဲ့သည် အခင်း ဖြစ်ပွားပြီးနောက်နေ့တွင် ထို ကျွန်းရှိ ရွှေ့ပြောင်းမြန်မာလုပ် သားနှစ်ဦး (ယခု ၀န်ခံထားသူများ) ကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး တရားခံ မဟုတ်ဟုဆိုကာ ပြန် လွှတ်ပေးခဲ့သည်။ နောက်ပိုင်း တွင် ထိုကျွန်းရှိ ရွှေ့ပြောင်းမြန်မာ လုပ်သားများကို ရိုက်နှက်စစ်ဆေး မှုများ ထပ်မံပြုလုပ်ခဲ့သည်။
ထို့နောက် ဗြိတိန်စုံတွဲနှင့် အဖော်အဖြစ်ပါလာသည့် သူတစ် ဦးကို စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ထိုင်းနိုင်ငံသား နှစ်ဦးကိုလည်း ထပ်မံစစ်ဆေးမှုများ ပြုလုပ်ခဲ့ သည်။
ခိုတောင်ကျွန်းတွင် ရွှေ့ ပြောင်း မြန်မာလုပ်သား ၄၀၀၀ ၀န်းကျင်ရှိပြီး အလုပ်သမား အများစုမှာ ထိုကျွန်းရှိ ဟိုတယ်နှင့်စားသောက်ဆိုင်များ၌ လုပ်ကိုင် နေကြောင်း သတင်းရရှိသည်။

Friday, October 3, 2014

အီရတ်တွင် IS ပစ်မှတ်များကို အမေရိကန်နှင့် ပူးပေါင်း တိုက်ခိုက်မည်ဟု ဩစတြေးလျ အတည်ပြု

အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ တပ်ဖွဲ့များကို တိုက်ခိုက်နေသည့် စစ်ဆင်ရေးတွင် ပါဝင်မည်ဖြစ်ကြောင်း ဩစတြေးလျ အစိုးရအဖွဲ့က အတည်ပြု ကြေညာခဲ့သည်။
ဩစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့က IS အဖွဲ့သည် တစ်ကမ္ဘာလုံးကို စစ်ကြေညာထားသည့် အယူအဆဆိုး တစ်ရပ်ကို ကိုင်ဆွဲထားသူများဖြစ်ပြီး ၎င်းတို့ကို ရပ်တန့်တားဆီးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
IS အဖွဲ့သည် လတ်တလောတွင် ဆီးရီးယားနှင့် အီရတ်မှ နယ်မြေအချို့ကို သိမ်းပိုက်ပြီး အစ္စလာမ်မစ် နိုင်ငံတော်အဖြစ် (ကမ္ဘာက အသိအမှတ်မပြုဘဲ) ကြေညာ ထူထောင်ထားသည်။
အမေရိကန်နှင့် အာရပ်မဟာမိတ် နိုင်ငံများသည် IS စစ်သွေးကြွ ပစ်မှတ်များကို ဆီးရီးယားနှင့် အီရတ်တို့တွင် ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်နေပြီး ဥရောပ မဟာမိတ် နိုင်ငံအချို့ကမူ အီရတ်တွင်သာ လေကြောင်းထိုးစစ် ဆင်နွှဲနေသည်။ ဩစတြေးလျ တိုက်လေယာဉ်များသည်လည်း အီရတ်ရှိ IS ပစ်မှတ်များကိုသာ တိုက်ခိုက်သွားမည် ဖြစ်သည်။
IS တပ်ဖွဲ့ကို တိုက်ခိုက်မည့် အစီအစဉ်နှင့် ပတ်သက်ပြီး “ဩစတြေးလျ အစိုးရဟာ ဒီကိစ္စကို လွယ်လွယ်ကူကူ ဆုံးဖြတ်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့ အီရတ်နိုင်ငံ တစ်ခုတည်း ISကို တုံ့ပြန် တိုက်ခိုက်နေဖို့ မဖြစ်သင့်ဘူးလို့ ကျွန်တော်တို့ ယူဆပါတယ်”ဟု ဆိုသည်။
၎င်းက “ဒါဟာ ထိုးစစ်ဆင်နွှဲမှု တစ်ရပ်ပါ။ တစ်ဖက်မှာ ဩစတြေးလျ အထူးတပ်ဖွဲ့ဝင် တချို့က အီရတ်စစ်တပ်ကို အကြံဉာဏ်တွေ ပေးသွားမှာ ဖြစ်ပါတယ်”ဟုလည်း ပြောကြားခဲ့သည်။ ဝန်ကြီးချုပ်သည် အီရတ်တွင် IS တပ်ဖွဲ့များကို လေကြောင်းမှ တိုက်ခိုက်မည် ဖြစ်သော်လည်း ဆီးရီးယား၌ပါ ထိုးစစ်ဆင်ရန် အစီအစဉ် ရှိမရှိကိုမူ ပြောကြားမသွားခဲ့ချေ။

အမ်ပီတီဆင်းမ်ကတ်ဝယ်ရန် နေရာရောင်းစားသော ဈေးကွက်ဖြစ်ပေါ်

ဂျန်းရှင်းစကွဲတွင် အမ်ပီတီဆင်းမ်ကတ်များ ၀ယ်ယူရန် စောင့်ဆိုင်းနေသူများ(ဓာတ်ပုံ-ကျော်ဇင်သန်း)
မြန်မာ့ဆက်သွယ်ရေး ဖုန်းဆင်းမ်ကတ်များ ရောင်းချ ပေးရာတွင် ညလုံးပေါက်တန်းစီ စောင့်ဆိုင်းသူများက ဦးထား သည့်နေရာများကို တစ်ဆင့်ပြန် လည်ရောင်းချမှုများ ပေါ်ပေါက် နေကြောင်း သတင်းရရှိသည်။
‘‘မနက် ၂ နာရီကတည်းကလာတန်းစီကြတဲ့ လူတွေက မိုးလင်းတော့ နေရာကောင်းကို သုံး ထောင်၊ ငါးထောင်ဆိုပြီး ပြန်ရောင်းနေကြတာ’’ ကမာရွတ်မြို့နယ် ဂျန်းရှင်းစကွဲဈေးဝယ်စင်တာရှေ့တွင် အမ်ပီတီဆင်းမ်ကတ်ဝယ်ယူရန် လာရောက်တန်းစီသူတစ်ဦးက ပြောသည်။
ဖုန်းကတ်တန်ဖိုးမှာ ၁၅၀၀ ကျပ်ဖြစ်သော်လည်း တန်းစီသည့်နေရာများအား ပြန်လည် ရောင်းချဈေးက ပိုများသဖြင့် အမှန် တကယ်ဖုန်းကတ်လိုချင်သူထက် မှောင်ခိုရောင်းချလိုသူများသာ ဖြစ်နိုင်ကြောင်း လှိုင်သာယာမြို့ နယ်မှ ကမာရွတ်မြို့နယ် ဂျန်းရှင်း စကွဲဈေးဝယ်စင်တာတွင် ဆင်းမ် ကတ်လာရောက်တန်းစီ ၀ယ်ယူ သူ အမျိုးသားတစ်ဦးက ဆိုသည်။

ညအိပ်ကာ ကြိုတင်တန်းစီး ၍ နေရာများ ပြန်လည်ရောင်းမှု မှာ  ပန်းဆိုးတန်းနှင့် ရွှေဂုံတိုင်မြို့ နယ်ရှိ  အမ်ပီတီဆင်းမ်ကတ် ရောင်းချရာ   နေရာအချို့တွင် လည်း ဖြစ်ပွားခဲ့ကြောင်း အမ်ပီ တီဆင်းမ်ကတ်များကိုယ်စား လှယ်အဖြစ်  ပြန်လည်ရောင်းချ ခွင့် ရရှိထားသည့် E-Lite မှ အရောင်းဝန်ထမ်းတစ်ဦးက ပြော သည်။

 ‘‘လူအရမ်းများလာတယ်။ တိုးဝှေ့ကြတယ်။ ရဲတွေနဲ့လုံခြုံ ရေးတွေလည်း ထိန်းလို့ကို မရ တော့ ဖုန်းကတ်ထုပ်ကိုကိုင်ပြီး ရောင်းတဲ့အချိန် ဘာလုပ်ရမှန်းကို မသိတော့ဘူး’’ဟု အထက်ပါဝန် ထမ်းက ၎င်း၏အခက်အခဲကို ပြောသည်။
 အမ်ပီတီဆင်းမ်ကတ်များ ကို စက်တင်ဘာ ၁ ရက်မှစ၍ လက်လီအရောင်းဆိုင်များတွင် စတင်ရောင်းချပေးခဲ့ပြီး ၂၀၁၄ နှစ်ကုန်တွင် ဆင်မ်းကတ်ပေါင်း ငါးသန်းအထိ ရောင်းချပေးသွား ရန် ရည်ရွယ်ထားသည်။ သို့ သော် လက်ရှိတွင် ဆိုင်အနည်း ငယ်၌သာ ၀ယ်ယူ၍ရပြီး လိုအပ်သလောက် မရနိုင်သေးပေ။ မှောင်ခိုဈေးကွက်များ ဖြစ်ပေါ် နေသော အရောင်းဆိုင်အချို့တွင် ဆင်းမ်ကတ်တစ်ခုလျှင် ဈေးအများဆုံး ကျပ် ၂၅,၀၀၀ အထိ ဈေးတင် ရောင်းချမှုများရှိသည်။
  လက်ရှိတွင် အမ်ပီတီ ဆင်းမ်ကတ်များကို နိုင်ငံတစ်ဝန်း ရှိ မြို့နယ်ပေါင်း ၂၄၀ ကျော်တွင် အရောင်းကိုယ်စားလှယ်  တစ် သောင်းကျော်ဖြင့် ဖြန့်ချိရောင်းချ ပေးလျက်ရှိပြီး ဈေးကွက်လိုအပ် ချက်ပေါ်မူတည်၍ ထပ်မံတိုးချဲ့ သွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးက ဆိုသည်။
 မြန်မာ့ဆက်သွယ်ရေး၏ နောက်ဆုံးသတင်းထုတ်ပြန်ချက် အရ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် မေလအထိ  နိုင်ငံတစ်ဝန်းတွင် မိုဘိုင်းဖုန်းအလုံးရေ ကိုးသန်း ကျော်အထိ ရောင်းချပေးခဲ့ပြီးဖြစ် ကြောင်း သတင်းရရှိသည်။

ဗြိတိန်စုံတွဲကို သတ်ခဲ့ကြောင်း မြန်မာလုပ်သားတစ်ဦး ၀န်ခံဟု ထိုင်းရဲတပ်ဖွဲ့ထုတ်ပြန်

 
 


ထိုင်းနိုင်ငံ၌ ဗြိတိန်နိုင်ငံသား စုံတွဲ အသတ်ခံရမှုတွင် ထိုင်းရဲတပ်ဖွဲ့က မြန်မာလုပ်သားသုံးဦးကို ဖမ်းဆီးစစ်ဆေးလျက်ရှိရာ တစ်ဦးက ပြစ်မှုကျူးလွန်သည်ဟု ရဲတပ်ဖွဲ့ထံ ၀န်ခံခဲ့၍ ၎င်း၏ DNA ကို စစ်ဆေးရာတွင် ယနေ့ အဖြေထွက်မည် ဖြစ်သည်။
ဗြိတိန်နိုင်ငံသားစုံတွဲ လူ သတ်တရားခံဟု ယူဆရသူ သုံးဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း ထုတ်ဖော်ပြောကြားပြီး ထိုသုံးဦးမှာ မြန်မာလုပ်သားများဖြစ်ပြီး တစ်ဦးက ကိုယ်တိုင်ကျူးလွန် သည် ၀န်ခံထားကြောင်း ထိုင်း နိုင်ငံရဲတပ်ဖွဲ့က အောက်တိုဘာ  ၂ ရက်တွင် ကြေညာသည်။ ပြစ်မှုကျူးလွန်သည်ဟု ၀န်ခံ ထားသော သူ၏ DNA ကို အောက်တိုဘာ ၂ ရက်တွင် စစ်ဆေးနေ ပြီး တရားခံဟုတ်၊ မဟုတ် ယနေ့ (အောက်တိုဘာ ၃ ရက်)တွင် အဖြေထွက်မည်ဖြစ်သည်။
ဝန်ခံထားသော မြန်မာလုပ်သားသည် ပြစ်မှုဖြစ်စဉ်ဖြစ်ပွားသည့် ခိုတောင်ကျွန်းနေရာနှင့် ငါးနာရီကြာ ကားဖြင့်သွားရသော ဆူရတ်ဌာနီမြို့တွင် ဖမ်းဆီးမိခဲ့ခြင်း ဖြစ်ပြီး ကျန်နှစ်ဦးသည် ခိုတောင်ကျွန်း၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
သံသယရှိသူ သုံးဦးကို ဖမ်းဆီးပြီးစစ်ဆေးမှုများပြုလုပ်ပြီးမှ မြန်မာနိုင်ငံသားများဖြစ်သည်ဟု ပြောကြားခြင်းအပေါ် ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးက ထိုဖြစ်စဉ်ကို အနီးကပ်လေ့လာစောင့်ကြည့်ရန် စေလွှတ်ထားသည့် ရှေ့နေ ဦးအောင်မျိုးသန်းက ယုံကြည်မှုမရှိကြောင်း ပြောကြားသည်။
‘‘မြန်မာသုံးဦးကို ဖမ်းထားပါတယ်။ တစ်ဦးက တော်တော်ဝေးဝေးသွားရတဲ့ ဆူရတ်ဌာနီမှာ  ဖမ်းမိတယ်လို့ ပြောပါတယ်။ သူကပဲ ပြစ်မှုကျူးလွန်ပါတယ်လို့ဝန်ခံထားတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်တာပါ။ ဒါက လုပ်ဇာတ်ကြီးလိုဖြစ်နေတယ်။ ဘာမှ မသိရသေးဘူး။ ဒီနေ့ပဲ ဗြိတိန်သံအမတ်က အဲဒီကိုလာသွားတယ်လို့ သိရပါတယ်။ ၀န်ခံထားတဲ့သူနဲ့က ကျွန်တော်တို့က မတွေ့ ရသေးပါဘူး။ တွေ့ခွင့်ရဖို့က လုပ်နေပါတယ်။ ၀န်ခံတယ်ဆိုတာကလည်း သူတစ်ယောက်ပဲ ၀န်ခံတာပါ။ ကျန်တဲ့နှစ်ယောက်က ၀န်မခံပါဘူး။ DNA က မနက်ဖြန်မှ သိရမှာပါ။ ဒါက တရားခံမဟုတ်သေးပါဘူး။ သံရုံးကလည်း ဒီဖြစ်စဉ်ကို ကိုင်တွယ်နေပါတယ်’’ ဟု ရှေ့နေ ဦးအောင်မျိုးသန်းက 7 Day Daily သတင်းစာအား ပြောသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် အလုပ်သမားရေးရာ သံအရာရှိတို့အား 7 Day သတင်းစာက ဖုန်းဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရပေ။
ဖမ်းဆီးရမိသည့် မြန်မာ လုပ်သားများသည် ရခိုင်လူမျိုးများဖြစ်ကြောင်း ထိုင်းနိုင်ငံ ရုပ်သံလိုင်းများက အောက်တိုဘာ ၂ ရက် ညဦးပိုင်းတွင် ကြေညာသွားကြောင်း ဘန်ကောက်မြို့တွင် နေထိုင်သော ကိုချစ်မင်းကပြောသည်။
ထိုင်းနိုင်ငံသို့ လာရောက် လည်ပတ်သော အသက် (၂၄) နှစ်အရွယ် ဗြိတိသျှနိုင်ငံသား ဒေးဗစ်မီလာနှင့် အသက် (၂၃) နှစ် အရွယ် ဟန်နာယီသာရစ်ခ်ျတို့ သည် စက်တင်ဘာ ၁၄ ရက် ညဥ့်သန်းခေါင်တွင် ထိုင်းနိုင်ငံတောင် ပိုင်း၊ ဆူရတ်ဌာနီခရိုင်၊ ခိုတောင် ကျွန်း(လိပ်ကျွန်း)တွင် အသတ်ခံခဲ့ရခြင်းဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်တွင် ၎င်းတို့၏ အလောင်းများတွေ့ရှိခဲ့ခြင်းဖြစ်သည်။
သေဆုံးသည့် ရုပ်အလောင်းများအား စစ်ဆေးချက်အရ သေဆုံးသူ အမျိုးသမီး၏ ခန္ဓာကိုယ်ပေါ်တွင် DNA မတူသော သုက် ပိုးနှစ်မျိုး တွေ့ရှိခဲ့ပြီး လူသတ်မှု ကျူးလွန်သူများသည် အာရှသားများဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောဆိုထားသည်။ အခင်းဖြစ်ပွားအပြီးတွင် ထိုကျွန်းရှိ မြန်မာလုပ်သားသုံးဦးကို ထိုင်းရဲတပ်ဖွဲ့ က စစ်ဆေးရန် ခေါ်ဆောင်သွား ကာ စစ်ဆေးပြီးနောက် ပြန် လွှတ်ပေးခဲ့သည်။
ခိုတောင်ကျွန်းတွင် ရွှေ့ ပြောင်းမြန်မာလုပ်သား ၄,၀၀၀ ၀န်းကျင်ရှိပြီး အလုပ်သမားအများစုမှာ ထိုကျွန်းရှိ ဟိုတယ်နှင့် စားသောက်ဆိုင်များ၌ လုပ်ကိုင်နေကြောင်း သတင်းရရှိသည်။

IS အစ္စလာမ်မစ် စစ်သွေးကြွ သြစတြေးလျ ချေမှုန်းမည်

အီရတ်က အစ္စလာမ်မစ် စစ်သွေးကြွတွေကို  လေကြောင်း စစ်ဆင်။
အီရတ်နိုင်ငံအတွင်းမှာရှိနေတဲ့ Islamic State အစ္စလာမ် စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ ညွန့်ပေါင်းအဖွဲ့မှာ ပူးပေါင်း ပါဝင်ပြီး လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ သြစတေးလျ အစိုးရအဖွဲ့က အတည်ပြုလိုက်ပါပြီ။

Islamic State အစ္စလာမ် စစ်သွေးကြွတွေကို လူသတ်အဖွဲ့လို့ တင်စား ခေါ်ဝေါ် လိုက်ပြီး သူတို့ကို အနိုင်ရရှိနိုင်ရေးဟာ သြစတေးလျနိုင်ငံရဲ့ အကျိုးစီးပွားနဲ့လည်း ဆိုင်တယ်လို့ ၀န်ကြီးချုပ် Tony Abbott က သောကြာနေ့မှာ ကြေငြာလိုက်ပါတယ်။

 “ အီရတ်အစိုးရရဲ့ တောင်းဆိုမှု အီရတ်အစိုးရကို ပံ့ပိုး ကူညီတဲ့အနေနဲ့ သြစတေးလျနိုင်ငံကလည်း လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်သွားဖို့ အစိုးရအဖွဲ့က ဒီကနေ့ အတည်ပြုပေးလိုက်တဲ့အကြောင်း၊ ဒါ့အပြင် အီရတ် တပ်ဖွဲ့တွေကို အကြံပေး ကူညီမှုတွေ လုပ်ဆောင်ဖို့အတွက် ဥပဒေကြောင်းအရ တရားဝင် အတည်ပြုပြီးရင် သြစတေးလျ အထူးတပ်ဖွဲ့ဝင်တွေ အဲဒီကို စေလွတ်ဖို့အတွက်လည်း အစိုးရအဖွဲ့က တရားဝင် ခွင့်ပြုလုပ်ပြီ ဖြစ်ပါတယ် - လို့ ပြောသွားတာပါ။”

ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေကို တူရကီတပ်ဖွဲ့တွေ စေလွတ်ရေးအတွက် တူရကီလွှတ်တော်အမတ်တွေက အတည်ပြုပြီး တစ်ရက်အကြာမှာ သြစတေးလျက အခုလို ညွန့်ပေါင်းအဖွဲ့မှာ ပူးပေါင်း ပါဝင်လာတာလည်း ဖြစ်ပါတယ်။

တူရကီလွတ်တော်က အတည်ပြုပေးလိုက်တဲ့ ဥပဒေအရ IS အစ္စလာမ် အစွန်းရောက်အဖွဲ့တွေကို တိုက်ခိုက်မယ့် နိုင်ငံခြားတပ်ဖွဲ့တွေ တူရကီနိုင်ငံအတွင်းမှာ အခြေစိုက်ခွင့်ပြုထားပါတယ်။

ကဒ်လူမျိုးစုတွေရဲ့ နယ်စပ်မြို့မှာ IS အဖွဲ့ဝင်တွေနဲ့ ကဒ်လူမျိုးစု တပ်ဖွဲ့တွေ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတဲ့အတွက် IS အဖွဲ့ကို တိုက်ခိုက်ဖို့ လွန်ခဲ့တဲ့ သီတင်းပတ်အတွင်း တူရကီနိုင်မှာလည်း ဖိအားတွေ များလာနေတာ ဖြစ်ပါတယ်။
 

ရွေးကောက်ပွဲပြုပြင်ပြောင်းလဲရေး ရခိုင် ဒုက္ခသည်များအရေးတို့ကို အိုဘားမားနှင့် ဦးသိန်းစိန်ဆွေးနွေးမည်

နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ အမေရိကန်ခရီးစဉ်တွင် အမေရိကန်သမ္မတအိုဘားမားနှင့်တွေ့ဆုံဆွေးနွေးနေစဉ် (ဓာတ်ပုံ−အီးပီအေ)
အမေရိကန်သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံခရီးစဉ်အတွင်း ရွေးကောက်ပွဲပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်နှင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များ အရေးတို့ကို သမ္မတဦးသိန်းစိန် နှင့်ဆွေးနွေးသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဂျွန်ကယ်ရီကပြောကြား သည်။
ထို့ပြင် မြန်မာ−အမေရိကန်နှစ်နိုင်ငံကြား နောက်ဆုံးတွေ့ဆုံ စဉ်က သဘောတူထားသည့် ကတိကဝတ်များ၊ အာမခံချက်များကို မြန်မာအစိုးရအကောင်အထည်ဖော်မှုနှင့်ပတ်သက်၍လည်း ဆွေး နွေးမည်ဖြစ်ကြောင်း ဂျွန်ကယ်ရီ ကပြောသည်။
စက်တင်ဘာ ၃၀ ရက်က နယူးယောက်မြို့ရှိ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနတွင်ပြု လုပ်ခဲ့သော မြန်မာ−အမေရိကန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ အိုဘားမား၏ မြန်မာပြည်ခရီးစဉ် နှင့်ပတ်သက်၍ ၎င်းကပြောကြား ခဲ့ခြင်းဖြစ်သည်။
‘‘လာမယ့် တစ်လကျော် ကျော်လောက်မှာ သမ္မတအိုဘား မား မြန်မာနိုင်ငံကိုလာရောက်မှာ ဖြစ်တယ်။ နေပြည်တော်မှာကျင်း ပမယ့် အရှေ့အာရှထိပ်သီးအစည်းအဝေးကိုတက်ရောက်ဖို့အတွက် ဖြစ်ပါတယ်။ အစည်းအဝေးမှာ ဒေသဆိုင်ရာအရေးကိစ္စတွေ အပြင် ရွေးကောက်ပွဲလုပ်ငန်းတွေ ပြုပြင်ပြောင်းလဲရေးနဲ့ ရခိုင်ပြည် နယ်တွင်းက ဒုက္ခသည်တွေအရေး ကို ဆွေးနွေးဖို့ရှိပါတယ်။ ဒါ့အပြင်နှစ်နိုင်ငံကြား နောက်ဆုံးအစည်း အဝေးမှာ သဘောတူထားတဲ့ ကတိကဝတ်တွေကို ဖော်ဆောင် နေတာတွေနဲ့ပတ်သက်လို့လည်း ဆွေးနွေးမှာဖြစ်ပါတယ်’’ဟု ဂျွန် ကယ်ရီက  ပြောကြားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနဝက်ဘ်ဆိုက်တွင်ဖော်ပြထား သည်။
နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်နှင့် ဂျွန်ကယ်ရီတို့ တွေ့ဆုံစဉ် အမေရိကန်အစိုးရ အနေဖြင့် ယူနတီသတင်းထောက် များဖမ်းဆီးခံထားရမှုနှင့် ရခိုင်ပဋိ ပက္ခမှာ ပြုပြင်ပြောင်းလဲရေးကို ထိခိုက်စေနိုင်ကြောင်း အဓိက ထောက်ပြပြောကြားထားသည်။ လက်ရှိတွင် နောက်ဆုံးဆွေးနွေး ထားသည့် ယင်းနှစ်ချက်ထဲမှ ယူနတီသတင်းထောက်များကို အစိုးရက ထောင်ဆယ်နှစ်မှ သုံး နှစ် လျှော့ချ၍ခုနစ်နှစ်သို့အယူခံပြင်ဆင် အမိန့်ချခဲ့သည်။ ရခိုင်ပဋိပက္ခကိုလည်း အစိုးရက အာရုံစိုက်နေပြီး အပြစ်တင်မစောရန် ဦးဝဏ္ဏမောင်လွင်က ကုလညီလာခံ၌ ပြောကြားခဲ့ပြီးဖြစ်သည်။
အရှေ့အာရှထိပ်သီးအစည်းအဝေးကာလအတွင်း သမ္မတ ဦးသိန်းစိန်နှင့် သမ္မတအိုဘားမား တို့ သီးသန့်တွေ့ဆုံမည်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးကြား  အထောက်အကူပြုစေရန်    ဆွေးနွေးမည့် အချက်များကို ယခုကတည်းက နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ ကြိုတင်ပြင်ဆင်နေကြောင်း သတင်းစာရှင်းလင်းပွဲတွင် နှစ်ဦး လုံးကပြောကြားခဲ့သည်။
‘‘ဂျွန်ကယ်ရီပြောသလိုပဲ အာဆီယံနဲ့ပတ်သက်လို့ အကျိုး ဖြစ်ထွန်းတဲ့ဆွေးနွေးမှုတွေပြုလုပ် ခဲ့ပါတယ်။ ဒါဟာ ဒီနှစ်လအတွင်း မှာ အမေရိကန်အစိုးရနဲ့ ကျွန် တော်တို့သုံးကြိမ်မြောက်တွေ့ဆုံ ခြင်းလည်းဖြစ်ပါတယ်။ နေပြည် တော်မှာ     လာမယ့်အာဆီယံ အစည်းအဝေးမှာလည်း နှစ်နိုင်ငံ ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုတွေ ကို ဆွေးနွေးသွားမှာဖြစ်ပါတယ်’’ ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကပြောကြား သည်။
သမ္မတအိုဘားမားသည် မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် ၂၀၁၂ခုနှစ် နိုဝင်ဘာက    ပထမဆုံးအကြိမ် လာရောက်ခဲ့ပြီး   ယခု  ၂  နှစ် အကြာ နိုဝင်ဘာတွင် အာဆီယံထိပ်သီးအစည်းအဝေး၌ကျင်းပမည့် အရှေ့အာရှထိပ်သီးအစည်းအဝေးတက်ရောက်ရန် ဒုတိယ အကြိမ် လာရောက်မည်ဖြစ်သည်။

 
Twitter Bird Gadget