လူသုံးမများသော သင့်ကို ပျော်ရွှင်ကြည်နူးမှု ရရှိစေမည့် နည်းလမ်းများ
- 16 July 2013 |
နားရွက်ကို ပွတ်သပ်ပါ
နားရွက်ရဲ့ ဖိအားဖြစ်စေတဲ့ အမှတ် တွေကို လှုံ့ဆော်တဲ့ အနေနဲ့ ပွတ်သပ် ပေးတာက ခန္ဓာကိုယ် အစိတ်အပိုင်းအ သီးသီး (ခြေထောက်၊ ဆီးအိတ်၊ လြွေပန်) စတာတွေနဲ့ ဆက်စပ်မှု ရှိပြီး အဆိုးမြင် တဲ့ စိတ်ခံစားချက်ကို လျော့ပါးစေတယ် လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ စိတ် ဓာတ်ကျတာ၊ စိတ်ကသိကအောက်ဖြစ် တာတို့ လျော့ပါးစေဖို့ နားရွက်အပြင် ဘက်ကို နှိပ်နယ်ပေးပါ။
ကမ်းခြေတွင် နေ့လယ်စာစားပါ
သင့်အလုပ် စားပွဲမှာ အစာစားရင် ပျော်ရွှင်မှုအဆင့်က နည်းလွန်းပါတယ်။ ပန်းခြံထဲမှာ မုန့်စားတာ၊ စားသောက် ဆိုင်မှာ ညစာစားတာ၊ အိမ်မှာ ချက်ပြုတ် စားသောက်တာတို့ဟာ ပျော်ရွှင်မှုအဆင့် ကို မြင့်တက်စေပါတယ်။ တကယ်လို့ ပျော်ရွှင်မှုအဆင့် အမြင့်ဆုံးဖြစ်ချင်ရင် ပင်လယ်ကမ်းခြေမှာ နေ့လယ်စာ စားပါ။
အိမ်ထောင်ဖက်နှင့် ချစ်ကြည်နှုးပါ
လူဦးရေ တစ်သောင်းခွဲကျော်အား လေ့လာတဲ့ ကော်လိုရာဒိုတက္ကသိုလ်ရဲ့ ဆက်ဆံမှု မရှိသူတွေထက် ပိုမိုပျော်ရွှင်မှု ရှိကြောင်း သိရပါတယ်။ စိတ်ဝင်စားဖို့ ကောင်းတာက တစ်ပတ်မှာ ၂-၃ ကြိမ် ခန့် ချစ်တင်းနှီးနှောတာက ပျော်ရွှင်မှုအ ဆင့်ကို တိုးမြင့်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံ ကြည်မှု မြင့်မားစေတယ်လို့ ဆိုပါတယ်။
မြက်စား အသားကို စားပါ
အမျိုးသမီးဦးရေ ၁၀ဝ၀ အား လေ့ လာတဲ့ ဩစတြေးလျ လေ့လာမှုတစ်ရပ် အရ အနီရောင်အသားစားသုံးတာနဲ့ စိတ် ခံစားမှုအကြား ဆက်စပ်မှုကို လေ့လာခဲ့ ပါတယ်။ သတ်မှတ်ထားတဲ့ ပမာဏ(တစ် ပတ်မှာ သုံး-လေးကြိမ်) ထက် အမဲသား၊ သိုးသားကို လျှော့စားတဲ့သူဟာ စိတ် ဓာတ်ကျတာနဲ့ ပူပင်သောက များတဲ့ ဝေ ဒနာ ဖြစ်နိုင်ခြေ နှစ်ဆပိုများတယ်လို့ လေ့ လာသူတွေက ဆိုပါတယ်။ မြက်စားတဲ့ နွားကရတဲ့ အသားဟာ ပရိုတင်းဓာတ် ပါ ဝင်မှု များတဲ့အပြင် အိုမီဂါ ၃ ဖက်တီး အက်စစ်လို အဓိက အာဟာရဓာတ် မြင့်မား စွာ ပါဝင်နေပါတယ်။
နော်ဝေသို့ သွားလည်ပါ
ကမ္ဘာ့ အပျော်ရွှင်ဆုံး နိုင်ငံအဖြစ် သတ်မှတ်ထားတဲ့ နော်ဝေကို သွားလည် ပါ။ နော်ဝေနိုင်ငံသူ၊ နိုင်ငံသား ၉၅ ရာ ခိုင်နှုန်းဟာ လွတ်လပ်ခွင့်အတွက် စိတ် ကျေနပ်မှုရှိကြကြောင်း၊ ၇၄ ရာခိုင်နှုန်းက တော့ လူအများစုဟာ ယုံကြည်ထိုက်သူ တွေ ဖြစ်တဲ့အတွက် နေပျော်ကြောင်း၊ လေ့လာသိရှိရတဲ့အတွက် ဒီအချက်တွေ ကြောင့် အပျော်ရွှင်ဆုံးနိုင်ငံအဖြစ် သတ် မှတ်ရတာ ဖြစ်ပါတယ်။
မြေအရောင်းအဝယ်လုပ်ပါ
ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံး အလုပ်က ဘာလဲ။ အိမ်ရာမြေ အကျိုးဆောင် တွေ ဖြစ်တယ်လို့ စစ်တမ်း တစ်ခုအရ သိရပါ တယ်။ အလုပ်ဝက်ဘ်ဆိုက်တစ်ခု မှာ လုပ်ငန်းခွင်က လူဦးရေ ခြောက်သောင်း ခွဲကျော်ကို စာရင်းကောက်ခံပြီး ရုံးခန်း ပတ်ဝန်းကျင်၊ သဘာဝ အနေအထား စတဲ့ အချက်တွေပါ လေ့လာခဲ့တဲ့အခါ အိမ်ရာမြေအကျိုးဆောင်တွေက ပျော် ရွှင်မှု ထိပ်ဆုံး အဆင့်မှာရှိကြောင်း တွေ့ရပါတယ်။
ဗီဒီယိုဂိမ်း ကစားပါ
အသက် ၇၇နှစ်မှာ ဗီဒီယိုဂိမ်း က စားသူ ၆၇ ရာခိုင်နှုန်းဟာ စိတ်ဓာတ်ကျ ဝေဒနာ လျော့ကျပြီး စိတ်ခံစားမှုနဲ့ လူမှု ရေးလုပ်ငန်းဆောင် တာတွေကို တိုးမြှင့် လုပ်ဆောင်နိုင်တာကို တွေ့ရပါတယ်။
0 comments:
Post a Comment