Sunday, July 28, 2013

ဂျာမနီအခြေစိုက် Mercedes-Benz ကားကုမ္ပဏီ၏ ၀န်ဆောင်မှုစင်တာ ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်

ဂျာမနီအခြေစိုက် Mercedes-Benz ကားကုမ္ပဏီ၏ ၀န်ဆောင်မှုစင်တာ ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်

M-28-7 

Mercedes - Benz ကားကုမ္ပဏီ၏ နောက်ဆုံးပေါ် The New E-Class Model ကားအား မိတ်ဆက်ပြသ ထားသည်ကို တွေ့ရစဉ်
ဂျာမနီအခြေစိုက် Mercedes-Benz ကားကုမ္ပဏီ၏ Original Spare Parts နှင့် အထွေထွေ ၀န်ဆောင်မှုစင်တာကို ဇူလိုင် ၂၆ ရက်တွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ Satellite Workshop တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် လာမည့်နှစ် အစောပိုင်းတွင် Mercedes -Benz ၏ Main Showroom ကို အမှတ် (၅၀) ပြည်လမ်း မရမ်းကုန်းမြို့နယ်နှင့် Car Workshop ကို အမှတ်(၄/၅/၁၅/၁၆)၊ ရွာမကျောင်းလမ်း လှိုင်မြို့နယ်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ Daimler AG နှင့် Jardine Cycle and Carriage Ltd တို့ ပူးပေါင်း၍ Mercedes - Benz ကားများကို ဂျာမနီနိုင်ငံမှ မြန်မာနိုင်ငံသို့ တိုက်ရိုက်တင်သွင်းမည့်အပြင် ဂျာမနီမှ နည်းပညာရှင်များ၏ ၀န်ဆောင်မှုကိုလည်း ပေးသွားမည်ဖြစ်ကြောင်း Jardine Cycle and Carriage Ltd မှ ဦးအောင်မိုးကျော်က ပြောကြားသည်။
ဂျာမနီအခြေစိုက် Mercedes - Benz ကားကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး Original Spare Parts နှင့် အထွေထွေဝန်ဆောင်မှု စင်တာကို ဖွင့်လှစ်ခဲ့ပြီး လာမည့်နှစ်တွင် ကားအရောင်းပြခန်းကို ဖွင့်လှစ်မည်ဖြစ်သည်။ အဆိုပါ Mercedes - Benz ကားကုမ္ပဏီသည် S, C, E, CLS, M, ML, G, GL, GLK စသည့်ဖြင့် Class Model များ ထုတ်လုပ်လျက်ရှိပြီး မြန်မာနိုင်ငံတွင် Mercedes - Benz အသုံးပြုနေသူများ အနေဖြင့် S, C, E, CLS, M, ML, G, GLK Class Model များကို လူကြိုက်များကြောင်း ပြည်တွင်းကားရောင်းဝယ်ရေး အသိုင်းအ၀ိုင်းထံမှ သိရသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း ဂျပန်အခြေစိုက် ကားကုမ္ပဏီများဖြစ်သော Nissan, Toyota, Mitsubishi, suzuki၊ အမေရိကန်အခြေစိုက် Ford, Chevrolet တို့အပြင် တောင်ကိုရီးယား အခြေစိုက် K.I.A နှင့် Hyundai ကားကုမ္ပဏီများ၏ အရောင်းပြခန်းများ၊ Original Spare Parts နှင့် ၀န်ဆောင်မှု စင်တာများကို မကြာမီ ဖွင့်လှစ်မည်ကြောင်း သိရသည်။

 

0 comments:

Post a Comment

 
Twitter Bird Gadget