Sunday, August 25, 2013

ရေကြည်မြို့နယ်မှ ရင်ချင်းဆက်အမြွှာ ညီအစ်မနှစ်ဦး မွေးဖွား

ရေကြည်မြို့နယ်မှ ရင်ချင်းဆက်အမြွှာ ညီအစ်မနှစ်ဦး မွေးဖွား





ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ သီတာတိုက်တယ် ဆေးရုံ၌ သြဂုတ်လ ၁၅ ရက် ည ၇ နာရီ ၂၅ မိနစ်တွင် ခွဲစိတ် မွေးဖွားခဲ့သည်။ ရင်ချင်းဆက် အမြွှာညီအစ်မ နှစ်ဦး ခွဲစိတ် ကုသရန် အတွက် ဧရာဝတီဖောင်ဒေးရှင်းက ပံ့ပိုး ကူညီပေးသွားမည် ဖြစ်ကြောင်း ဧရာဝတီဖောင်ဒေးရှင်းမှ ၁၆-၈-၂၀၁၃ ရက်တွင် သတင်းရရှိသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိသူ တစ်ဦးက ''မနေ့က ရေကြည်မှာ ခွဲစိတ် မွေးဖွားခဲ့တဲ့ ရင်ချင်းဆက် အမြွှာညီအစ်မ နှစ်ယောက်ကို ထားတဲ့ အရေးပေါ် လူနာတင်ယာဉ်နဲ့ ရန်ကင်း ကလေးဆေးရုံကြီးကို ပို့ဆောင် ပေးခဲ့ပြီးတော့ အခု မွေးကင်းစကလေး အထူးကြပ်မတ် ကုသ ဆောင်မှာ ကျန်းမာရေး စောင့်ရှောက်မှုတွေ ဆက်လက် ခံယူစေဖို့ ထားရှိထားပါတယ်''ဟု ပြောသည်။
ထိုရင်ချင်းဆက် အြွမာညီအစ်မ နှစ်ဦးအား ဧရာဝတီဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ရန်ကင်းကလေးဆေးရုံကြီးမှ ဆရာဝန်ကြီးများက သွားရောက် ကြည့်ရှုကာ လိုအပ်သည့် ပံ့ပိုးကူညီမှုများကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ညီအစ်မနှစ်ဦး၏ မိဘများမှာ လေးမျက်နှာ မြို့နယ်၊ ၀က်ကုန်းကျေးရွာမှ ဦးဇော်မျိုးသက်နှင့် အမိ ဒေါ်အေးအေးမိုး တို့ဖြစ်ပြီး တောင်ယာလုပ်ကိုင်သည့် နွမ်းပါးသူများ ဖြစ်ခြင်းကြောင့် လိုအပ်သည့် ထောက်ပံ့မှုများ၊ ခွဲစိတ်ကုသမှု ခံယူနိုင်စေရန် အတွက် အကူအညီ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရင်ချင်းဆက် အြွမာညီအစ်မအား ရေကြည်မြို့နယ်၊ သီတာကုန်းမြင့်တိုက်နယ်ဆေးရုံတွင် တိုက်နယ်ဆရာဝန် ဒေါက်တာ
နေ၀င်းထွန်းနှင့်အဖွဲ့မှ ခွဲစိတ် မွေးဖွားပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသ

0 comments:

Post a Comment

 
Twitter Bird Gadget