မြန်မာနိုင်ငံမှ အင်ဒိုနီးရှား၊ မလေးရှားအထိ ရေအောက်တစ်ခွင် ဆက်စပ်လျက် ရှိသည်ဟု ယူဆရသော ရွှေကြောကြီးအတွက် သတ္တုတွင်းဝန်ကြီးဌာနက တူးဖော် ရရှိနိုင်ရေး သီးသန့် ကြိုးပမ်းမှုများ ပြုလုပ်နေကြောင်း သတ္တုတွင်းလုပ်ငန်းရှင် အခိျု့ထံမှ သတင်း ရရှိသည်။ အဆိုပါ ရွှေကြောကြီးမှာ မြန်မာနိုင်ငံ ၀န်းသိုမြို့မှစတင်ကာ မိုးထိ၊ မိုးမိ၊ယင်းမှ တစ်ဆင့် ကယားပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး စသည်ဖြင့် ဆက်တိုက် တစ်ကြောတည်း ဖြစ်ပေါ်နေပြီး အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံ ရေအောက်ပင်လယ်ပြင် အထိ ဆက်စပ်လျက် ရှိသည်ဟု ဂြိုဟ်တုစနစ်ဖြင့် မှတ်တမ်းတင်ထားမှု အရ တွေ့ရကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပြီး အများပြည်သူကြား သတင်းပျောက်သွားသည်မှာ ကြာခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ ''မီဒီယာတွေကတောင် ရေးသား ဖော်ပြလာကြတဲ့အထိ နာမည်ထွက်ခဲ့တာ။ ဒီရွှေကြောကြီးက တူးရခက်မယ့် အနေအထားမျိုး ဖြစ်သလို မြန်မာအစိုးရဘက်က ပုဂ္ဂလိကကို ၀င်ခွင့်မပေးဘဲ ဒီရွှေကြောအတွက် ကြိုးစားနေဆဲလို့ သိရတယ်'' ဟု နာမည်ကြီး သတ္တုတူးဖော်ရေး လုပ်ငန်းစုမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။ ၀န်းသိုမှ စတင်သည်ဟု သတင်းထွက်သကဲ့သို့ ရွှေကျင်-ကျောက်ကြီးဘက်မှလည်း စတင်သည်ဟု သတင်းများ ထွက်နေပြန်ရာ မြန်မာအစိုးရ အနေဖြင့် ဂြိုဟ်တုစနစ် မသုံးစွဲနိုင်သဖြင့် တိကျသော ရလာဒ်ေ ဖ်ာဆောင်ရန် အားနည်းချက်များစွာ ရှိခဲ့ရသည်ဟု သိရသည်။ ''အစိုးရက ဒီရွှေကြောတစ်ဝိုက်ကိုတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပေးမှာမဟုတ်ဘူး။ ဒါက တော်တော်ကြီးတာကိုးဗျ။ တကယ်ပဲ တွေ့ရမလား။ မတွေ့ရဘူးလား ဆိုတာတော့ အစိုးရလည်း ကြိုးစားနေဆဲပဲလို့ ယူဆရတယ်'' ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောကြားသည်။ အဆိုပါ ရွှေကြောကြီးသာ မြေပေါ်သို့ အမှန်တကယ် ရောက်လာပါက မြန်မာနိုင်ငံအနေဖြင့် တင်ရှိသမျှ အကြွေးများကို လွယ်လွယ်ဆပ်နိုင်မည့် အပြင် နိုင်ငံသား တစ်ဦးချင်း ၀င်ငွေမြင့်မားရေး ဘက်ဂျတ် သုံးစွဲမှုများစွာ တိုးမြှင့် သွားနိုင်လိမ့်မည် ဖြစ်ကြောင်းလည်း သိရသည်
Sunday, August 25, 2013
မြန်မာမှ အင်ဒိုနီးရှား၊ မလေးရှားအထိ ရေအောက်တစ်လျှောက် ဆက်နေသည် ဆိုသော ရွှေကြောကြီးကို အစိုးရ ကြိုးပမ်း လေ့လာနေ

Subscribe to:
Post Comments (Atom)
0 comments:
Post a Comment