Sunday, August 25, 2013

အသက် ၆၀ ကျော် အမျိုးသမီးတို့ ကျန်းမာနုပျိုစေရန်

အသက် ၆၀ ကျော် အမျိုးသမီးတို့ ကျန်းမာနုပျိုစေရန်


အသက် ၆၀ကျော် အရွယ် အမျိုးသမီးတွေအတွက် ဘ၀ဆိုတာ နေပျော်ဖို့ ကောင်းတဲ့အချိန်ပါ။ အသက် ၆၀ကျော်ချိန်ဟာ မိတ်ဆွေ အပေါင်းအသင်း၊ မိသားစု၊ သားသမီး၊ မြေးမြစ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင် နုပျိုကျန်းမာစွာ နေသင့်တဲ့ အချိန်ကာလပါပဲ။ ဒီအချိန်မှာ အသက်အရွယ်ကို မေ့ထားပြီး နုပျိုတဲ့စိတ်နဲ့ နေထိုင်တတ်ဖို့ အရေးကြီးပါတယ်။
၆၀ ကျော်ချိန် အာဟာရ ပြည့်ဝစေရန် အစာစားနည်း
ငယ်ရွယ် နုပျိုစဉ် အချိန်မှာကလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကို စားသောက်ဖို့ အထူး အရေးကြီးပါတယ်။ လူတွေ အသက်အရွယ် ကြီးရင့်လာချိန်မှာ အရင်ကလို အစာများများ မစားနိုင်တော့ပါဘူး။ အစားအသောက်ကို များများ မစားသောက်နိုင်တဲ့အတွက် စားသမျှ အစားအသောက်က အာဟာရ ပြည့်ဝနေဖို့ လိုပါတယ်။ အသက် ၆၀ကျော် အရွယ်မှာ အဆီနည်း ပရိုတင်း၊ အခွံချွတ်မထားတဲ့ ကောက်နှံစာနဲ့ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက် စတာတွေကို ရွေးချယ်စားသုံးမှသာ မျှတတဲ့ စားသောက်မှု စနစ်ကို တည်ဆောက်နိုင်မှာပါ။ အသက် ၆၀ ကျော်ချိန်မှာ အရိုးပါးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ဖို့အတွက် ကယ်လ်စီယမ် အလုံအလောက် လိုအပ်ပါတယ်။
၆၀ ကျော်ချိန် သန်စွမ်း ကျန်းမာစေရန် နေထိုင်နည်း
အသက်အရွယ် ကြီးလာလေလေ၊ ပြတ်ရှရာ၊ ပွန်းပဲ့ရာတို့လို အသေးအမွှား အနာဒဏ်ရာတွေတောင် အနာကျက်ဖို့ အချိန်ယူရ လေလေပါ။ လမ်းလျှောက်တာ၊ ထိုက်ချိကစားတာနဲ့ ရေကူးတာတွေဟာ အသက် ၆၀ကျော် အမျိုးသမီးတွေ ပြုလုပ်သင့်တဲ့၊ သက်ရောက်မှု နည်းပါးတဲ့ လေ့ကျင့်ခန်းတွေ ဖြစ်ကြပြီး နှလုံးကို ကျန်းမာစေပါတယ်၊ြွကက်သားတွေကို သန်စွမ်းစေပါတယ်၊ အဆစ်တွေကို ပျော့ပျောင်းစေပါတယ်။
အသက် ၆၀ကျော် အရွယ်မှာ လေ့ကျင့်ခန်း လုပ်တာကြောင့် ခန္ဓာကိုယ်ကို ဟန်ချက်ညီမျှစေပြီး လဲမကျအောင် ကာကွယ်ပေးနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်ချိန်မှာ ဖြည်းဖြည်းနဲ့ မှန်မှန်လုပ်ဆောင်ရင်း ထိခိုက်ဒဏ်ရာ မရအောင် ကာကွယ်ပါ။
၆၀ ကျော်ချိန် နုပျိုစေရန် နေထိုင်နည်း
ငယ်ရွယ်နုပျိုတဲ့ ခံစားချက်ကို ထိန်းသိမ်းထားနိုင်ဖို့နဲ့ ဦးနှောက်က တက်ြွက လန်းဆန်းနေစေဖို့ စာဖတ်တာ၊ ပဟေဠိ အဖြေညှိတာ၊ စာရေးတာ စတဲ့ နည်းတွေကို လိုက်နာသင့်ပါတယ်။ ဦးနှောက်ကို လေ့ကျင့်ခန်း လုပ်နိုင်စေဖို့ အတွက် လူမှုရေး အလုပ်တွေကို လုပ်ဆောင်သင့်ပြီး လူမှုရေးအလုပ်တွေမှာ ပါဝင်ကူညီတဲ့ အသက်ကြီးသူ အများစုဟာ ပါဝင်ကူညီမှု မရှိသူတွေထက် ပိုမို ပျော်ရွှင်မှု ရှိတာကို တွေ့ရပါတယ်။
၆၀ ကျော်ချိန် ပျော်ရွှင်အောင် နေထိုင်နည်း
အသက် ၆၀ ကျော်ချိန်မှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်တယ် ဆိုရင် သက်ရှည်ကျန်းမာတဲ့ ဘ၀မျိုးကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ ပျော်ရွှင်စေဖို့ရာ အတွက် လုပ်ဆောင်နိုင်တဲ့ နည်းတွေ အများကြီး ရှိပါတယ်။ လေ့ကျင့်ခန်း လုပ်တာ၊ လူမှုရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်တာ၊ အများအကျိုး သယ်ပိုးတာ၊ တရားထိုင်တာ၊ ခရီးသွားတာတွေ အားလုံးဟာ စိတ်ပျော်ရွှင်မှု ရရှိစေတဲ့ အချက်တွေ ဖြစ်ကြပါတယ်။

0 comments:

Post a Comment

 
Twitter Bird Gadget